၂. ၁၂. ၂၀၂၅
Translated by Thettant
ဆန်းသစ်တီထွင်သော အိမ်သုံးအီလက်ထရွန်းနစ်ပစ္စည်းများကို လျင်မြန်စွာ တိုးတက် ထောက်ပံ့ပေးနေသည့် TDS ထိုင်းကုမ္ပဏီသည် လာမည့်သုံးနှစ်အတွင်း ထိုင်းနိုင်ငံ၏ ထိပ်တန်း အိမ်သုံးပစ္စည်း အမှတ်တံဆိပ်များထဲမှ တစ်ခုဖြစ်လာစေရန် ရည်မှန်းထားသည့် ၂၀၂၆ ခုနှစ်အတွက် မဟာဗျူဟာမြောက် လမ်းပြမြေပုံကို ယနေ့တွင် ကြေညာခဲ့သည်။
ဤရည်မှန်းချက်ကို မြန်မာနှင့် ထိုင်းနိုင်ငံအကြား ခိုင်မာသော စီးပွားရေးပေါင်းကူးတံတားများ တည်ဆောက်ခြင်းအတွက် အသိအမှတ်ပြုခံရသော အမြင်ကျယ်သည့် လုပ်ငန်းရှင်နှင့် အမျိုးသမီးခေါင်းဆောင်ဖြစ်သည့် TDS Thailand တည်ထောင်သူနှင့် စီအီးအို ဒေါ်သန္တာစိုးက ဦးဆောင်လျက်ရှိသည်။ တစ်နှစ်တာအတွင်း ဒီဂျစ်တယ်တိုးတက်မှု အရှိန်အဟုန်ဖြင့် ကြီးထွားလာပြီးနောက် CEO Insights Asia Magazine က ၂၀၂၅ ခုနှစ်အတွက် “မြန်မာ့စီးပွားရေးထိပ်တန်းခေါင်းဆောင် ၁၀ ဦး” ထဲမှ တစ်ဦးအဖြစ် အသိအမှတ်ပြုထားသည့် ဒေါ်သန္တာစိုးသည် မစ်ရှင်နှစ်ခုပေါ် အခြေခံ၍ TDS ထိုင်းကုမ္ပဏီ၏ တိုးချဲ့မှုကို ဦးဆောင်နေသည်။ သူမ၏ မစ်ရှင်နှစ်ခုမှာ လက်လှမ်းမီနိုင်သော နည်းပညာများဖြင့် ထိုင်းအိမ်ထောင်စုများကို ခေတ်မီစေရန်နှင့် နယ်စပ်ဖြတ်ကျော် စီးပွားရေးဆက်သွယ်မှုများကို မြှင့်တင်ရန်တို့ဖြစ်သည်။
TDS ထိုင်းကုမ္ပဏီအတွက် ၂၀၂၆ မဟာဗျူဟာကို စျေးကွက်ဦးဆောင်မှုနှင့် ရေရှည်တိုးတက်မှုကို လုံခြုံစေရန် ဒီဇိုင်းထုတ်ထားသော အပြန်အလှန်မှီခိုနေသည့် ပင်မမဏ္ဍိုင်သုံးခုပေါ်တွင် တည်ဆောက်ထားသည်။ ၎င်းတို့မှာ ၂၀၂၅ ခုနှစ်တွင် အောင်မြင်ခဲ့သည့် ဒီဂျစ်တယ် အသွင်ကူးပြောင်းမှုကို TikTok၊ Shopee နှင့် Lazada ကဲ့သို့သော အဓိက အီး-ကောမတ်စ် ပလက်ဖောင်းများတစ်လျှောက် တိုးချဲ့ခြင်းဖြင့် အားကောင်းစွာ အရှိန်မြှင့်သွားမည်ဖြစ်သည်။ ထို့အပြင် ယုံကြည်စိတ်ချရမှုနှင့် ခေတ်မီနည်းပညာ၏ အမှတ်လက္ခဏာဖြစ်သည့် TDS ထိုင်းကို အသိအမှတ်ပြုခံရပြီး ယုံကြည်ရသော အိမ်သုံးအမှတ်တံဆိပ်အဖြစ် ထူထောင်သွားမည့်အပြင် လက်လီနှင့် နည်းပညာကဏ္ဍများမှ နောင်မျိုးဆက် ပညာရှင်များကို ပြုစုပျိုးထောင်ရန် ရည်ရွယ်သည့် ကျွမ်းကျင်မှု-ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကော်ပိုရိတ်လူမှုရေးတာဝန် (CSR) အစီအစဉ်များကို စတင်ခြင်းဖြင့် ရေရှည်တည်တံ့ခိုင်မြဲမှုကို သေချာစေမည်ဖြစ်သည်။

ဒေါ်သန္တာစိုး က “TDS ထိုင်းကုမ္ပဏီဟာ ကမ္ဘာ့အဆင့်မီ အိမ်သုံးပစ္စည်းနည်းပညာတွေကို ဒေသတွင်းလိုအပ်ချက်များနဲ့ ရေရှည်တည်တံ့ခိုင်မြဲမှုအပေါ် ကတိကဝတ်ပြုမှုတို့နဲ့ ပေါင်းစပ်ပြီး ထိုင်းအိမ်ထောင်စုတွေကို စွမ်းဆောင်ရည်မြှင့်တင်ပေးဖို့ ရည်စူးထားပါတယ်” ဟု မှတ်ချက်ပေးခဲ့သလို“ကျွန်မတို့ရဲ့ ရည်မှန်းချက်က ဆန်းသစ်တီထွင်မှုတွေကို ထိုင်းအိမ်တွေထဲကို လက်လှမ်းမီလွယ်ကူပြီး ထိရောက်စွာ ပေါင်းစပ်ထည့်သွင်းဖို့ပါ။ ထိုင်းနိုင်ငံမှာ ကျွန်မတို့ရဲ့ လုပ်ငန်းကို ချဲ့ထွင်တဲ့အခါ ဒေသခံ အရည်အချင်းရှိသူတွေအတွက် ရင်းနှီးမြှုပ်နှံမှု၊ အပြန်အလှန် အကျိုးရှိမယ့် ပူးပေါင်းဆောင်ရွက်မှုတွေကို ဖော်ဆောင်မှုနဲ့ ထိုင်းစီးပွားရေးရဲ့ ဆက်လက်တိုးတက်မှုကို တက်ကြွစွာ ပံ့ပိုးကူညီမှုတွေကို ဦးစားပေး ဆောင်ရွက်နေပါတယ်” ဟု ပြောကြားခဲ့သည်။
TDS ထိုင်းကုမ္ပဏီ၏ အရှိန်အဟုန်ဖြင့် တိုးတက်မှုနှင့် ထိုင်းစျေးကွက်သို့ မဟာဗျူဟာမြောက် လုပ်ငန်းချဲ့ထွင်မှုများအား သယ်ယူပို့ဆောင်ရေး၊ ဆောက်လုပ်ရေးနှင့် ကုန်ထုတ်လုပ်ငန်းများတွင် အဓိက စွမ်းဆောင်ရည်ရှိသော ခိုင်မာသည့် လုပ်ငန်းစုကြီးဖြစ်သည့် Myanma Pivot Group ၏ လုပ်ငန်းလည်ပတ်မှု စွမ်းအားက ထိရောက်စွာ ပံ့ပိုးပေးထားသည်။ လူနေမှုဘဝ အရည်အသွေးကို မြှင့်တင်ရန် ကတိပြုထားသည့် ၎င်း၏ ဆောင်ပုဒ်ဖြစ်သော ‘Make Your Home Perfect’သည် ဝယ်ယူမှုများတွင် ရိုးရှင်းမှု၊ အဆင်ပြေမှုနှင့် အချိန်ကုန်သက်သာသည့် အင်္ဂါရပ်များကို ဦးစားပေးသည့် ထိုင်းစားသုံးသူတို့၏ ခေတ်ရေစီးကြောင်းကို တိုက်ရိုက်ကိုင်တွယ်ဖြေရှင်းပေးထားနိုင်သည်။

ထို့အတူ TDS ထိုင်းကုမ္ပဏီသည် အီလက်ထရွန်းနစ် အိမ်သုံးပစ္စည်းများနှင့် ခေတ်မီ လူနေမှုဘဝ ဖြေရှင်းချက်များကို အဓိက ထောက်ပံ့သူဖြစ်လာနေသည်။ ယင်းအပြင် မြန်မာနိုင်ငံဆိုင်ရာ စီးပွားရေးကျွမ်းကျင်မှုနှင့် ထိုင်းနိုင်ငံ၏ ပြောင်းလဲနေသော စားသုံးသူစျေးကွက်ကို ပေါင်းကူးပေးကာ အရည်အသွေး၊ ဆန်းသစ်တီထွင်မှုနှင့် ဝန်ဆောင်မှုတို့ကို ဒေသတွင်းရှိ အိမ်များသို့ ပေးအပ်ရန် TDS က ရည်စူးထားသည်။
Ref : The Nation Thailand
