၁.၁၂.၂၀၂၅
Written by Linn Eain
ထိုင်းနိုင်ငံတွင် ကျင်းပမည့် (၃၃) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲအတွက် မြန်မာအမျိုးသမီး ဘောလုံးလက်ရွေးစင်အသင်း၏ အပြီးသတ်လူစာရင်း ၂၃ ဦးကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ဒီဇင်ဘာ ၁ ရက်တွင် ထုတ်ပြန်လိုက်သည်။
ဆီးဂိမ်းပြိုင်ပွဲအတွက် ရွေးချယ်ထားသည့် ပဏာမလူစာရင်း ၂၆ ဦးထဲမှ အပြီးသတ်လူစာရင်း ၂၃ ဦးကို ထုတ်ပြန်ခဲ့ပြီး ခင်မျိုးသန္တာထွန်း၊ နန်းဖြူဖြူသွယ်နှင့် အိသက်ဖြိုးတို့ ကျန်ရစ်ခဲ့သည်။
အပြီးသတ်လူစာရင်း ၂၃ ဦးမှာ ရှေ့တန်းတွင် ဝင်းသိင်္ဂီထွန်း၊ မေထက်လူ၊ မြတ်နိုးခင်၊ ကွင်းလယ်တွင် ခင်မာလာထွန်း၊ နော်ထက်ထက်ဝေ၊ ဖြူဖြူဝင်း၊ သန်းသန်းနွယ်၊ လင်းမြင့်မိုရ်၊ ရွှေရည်ထွန်း၊ ရူပါခိုင်၊ စန်းသော်သော်၊ ယွန်းဝတီလှိုင်၊ ခင်မိုမိုထွန်း၊ ဝင်းဝင်း၊ ခံစစ်တွင် ဖြူဖွေး၊ ဇွန်ယုယဦး၊ လင်းလဲ့ဦး၊ နှင်းပွင့်အေး၊ ယုယုနိုင်၊ မေသက်မွန်မြင့်နှင့် ဂိုးတွင် မျိုးမြမြငြိမ်း၊ ဇူးလတ်နဒီ၊ အိစန္ဒာဇော်တို့ ပါဝင်ခဲ့သည်။
ဆီးဂိမ်းပြိုင်ပွဲအတွက် မြန်မာအမျိုးသမီး ဘောလုံးလက်ရွေးစင်အသင်းကို နည်းပြချုပ်အဖြစ် ဂျပန်လူမျိုး UKI TETSURO က ကိုင်တွယ်သွားမည်ဖြစ်ပြီး မန်နေဂျာအဖြစ် ဦးကြည်လွင်၊ လက်ထောက်နည်းပြများအဖြစ် ဒေါ်စန်းစန်းသိန်း၊ ဒေါ်သက်သက်ဝင်း၊ ဒေါ်သူဇာထွေးနှင့် ဂိုးနည်းပြအဖြစ် ဦးစန်းအေးတို့ ပါဝင်ကြောင်းသိရသည်။
ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာအမျိုးသမီးဘောလုံးလက်ရွေးစင်အသင်းသည် အမျိုးသမီးဘောလုံးပြိုင်ပွဲ၏ Group B တွင် ပါဝင်ပြီး ဆီးဂိမ်းပွဲဦးထွက်အဖြစ် Chonburi Stadium ၌ ဒီဇင်ဘာ ၅ ရက်၊ ညနေ ၃ နာရီခွဲတွင် ဖိလစ်ပိုင်အမျိုးသမီးအသင်းနှင့် စတင်ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
ထို့နောက် ဒီဇင်ဘာ ၈ ရက်၊ ညနေ ၃ နာရီခွဲတွင် မလေးရှားအမျိုးသမီးအသင်းနှင့်လည်းကောင်း၊ ဒီဇင်ဘာ ၁၁ ရက်၊ ညနေ ၃ နာရီခွဲတွင် ဗီယက်နမ်အမျိုးသမီးနှင့်လည်းကောင်း ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
ဆီးဂိမ်း အမျိုးသမီးဘောလုံးပြိုင်ပွဲ Group A တွင် ထိုင်း၊ စင်္ကာပူ၊ အင်ဒိုနီးရှားနှင့် ကမ္ဘောဒီးယား(နုတ်ထွက်) တို့ပါဝင်သည်။







