၁.၁၂.၂၀၂၅
Written By Thandar
၂၀၂၅ ခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲအတွက် အကယ်ဒမီဆန်ခါတင်ရွေးချယ်ဖို့ ဇာတ်ကားတွေ စတင်ကြည့်ရှုနေတယ်လို့ အကယ်ဒမီထူးချွန်ဆု အကဲဖြတ်စိစစ်ရေး ဥက္ကဋ္ဌ အကယ်ဒမီ ဒါရိုက်တာ ဇော်မြင့်ဦးက MT Entertainment ကိုပြောပါတယ်။
“ကျွန်တော်တို့ ၂၀၂၅ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် အကယ်ဒမီထူးချွန်ဆုပေးပွဲ ရွှေကြိုတွေကို လက်ခံနေပြီဆိုတော့လေ။ အကယ်ဒမီ စာရင်းဝင်ဇာတ်ကားတွေကိုတော့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၈ ရက်နေ့ သောကြာနေ့က စတင်ပြီး ဇာတ်ကားတွေကို ကြည့်ရှုနေ့ပါပြီ။ ကျွန်တော်တို့ ဇာတ်ကားတွေကိုတော့ တစ်ရက်ကို နှစ်ကားနှုန်းနဲ့ စတင်ကြည့်ရှုနေတာလည်းဖြစ်ပါတယ်။ အကယ်ဒမီ အကဲဖြတ်ဘုတ်အဖွဲ့ဆိုပြီးတော့ သတ်မှတ်ပြီး သေချာလေးတော့ လုပ်ဆောင်မှာပါ။ လောလောဆယ်တော့ အကယ်ဒမီရရှိပြီးသူတိုင်း အကယ်ဒမီစာရင်းဝင် ဇာတ်ကားတွေကို စတင်ကြည့်ရှုနေတာလည်းဖြစ်ပါတယ်”လို့ အကယ်ဒမီ ထူးချွန်ဆုစိစစ်ရေး အကဲဖြတ် ဥက္ကဋ္ဌ ဒါရိုက်တာ ဇော်မြင့်ဦးက MT Entertainment ကို ပြောပါတယ်။
မြန်မာ့ရုပ်ရှင်အကယ်ဒမီ ထူးချွန်ဆုပေးပွဲအတွက် ၂၀၂၅ ခုနှစ်အတွင်း ရုံတင်ပြသခဲ့တဲ့ ရုပ်ရှင်ဇာတ်ကား ပေါင်း ၇၀ နီးပါးရှိနေတာလည်းဖြစ်ပြီး အဆိုပါ ဇာတ်ကားတွေကို နိုဝင်ဘာ ၂၈ ရက်နေ့က စတင်ပြီး တစ်ရက်ကိုနှစ်ကားနှုန်းနဲ့ ကြည့်ရှုစစ်ဆေးတာလည်းဖြစ်ပါတယ်။
၂၀၂၅ ခုနှစ်အတွင်း ရုံတင်ပြသတဲ့ ဇာတ်ကားတွေအနေနဲ့ အချစ်ဇာတ်လမ်း၊ ဒရာမာဇာတ်လမ်း၊ အက်ရှင်ဇာတ်လမ်း၊ ထိတ်လန့်ခြောက်ခြားစရာဇာတ်လမ်း၊ ဟာသဇာတ်လမ်းနဲ့ ပညာပေးဇာတ်လမ်းတွေဆိုပြီး ရသမျိုးစုံပြသခဲ့တာလည်း ဖြစ်ပါတယ်။
အကယ်ဒမီထူးချွန်ဆုပေးပွဲကိုတော့ လာမယ့် ၂၀၂၆ ခုနှစ် လဆန်းပိုင်းလောက်မှာ နေပြည်တော်မှာ ကျင်းပဖို့ လျာထားတယ်လို့လည်း သိရပါတယ်။ မြန်မာ့ရုပ်ရှင်အကယ်ဒမီ ထူးချွန်ဆုပေးပွဲကျင်းပဖို့အတွက် အနည်း ဆုံး ၂ လကျော်၊ ၃ လနီးပါး ပြင်ဆင်မှုတွေ ဆောင်ရွက်ရတာလည်းဖြစ်တယ်လို့ သိရပါတယ်။
#ZawMyintOo #ဇော်မြင့်ဦး #MyanmarAcademy #Academy #၂၀၂၅ခုနှစ်မြန်မာ့ရုပ်ရှင်အကယ်ဒမီ
မြန်မာ့ရုပ်ရှင်အကယ်ဒမီထူးချွန်ဆုပေးပွဲ #MMPA #MyanmarCele















