၁.၁၂.၂၀၂၅
Written By Thandar
ခုနစ်ကြိမ်မြောက် တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှာ ကျင်းပတဲ့ The Lancang Mekon International Film Week နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ကြီး Golden Elephant Honor ဆုပေးပွဲကြီးမှာ မြန်မာနိုင်ငံက “သဘင်သည် မြနှင်းဆီ” ရုပ်ရှင်ဇာတ်ကားက Outstanding Film Award (ထူးချွန်ပြောင်မြောက်သော ရုပ်ရှင်ဇာတ်ကားဆု) ရရှိခဲ့ပါတယ်။
“ကျွန်တော်တို့တွေ သဘင်သည် မြနှင်းဆီ တစ်ဖွဲ့လုံးကြိုးစား အားထုတ်မှုကြောင့် ကားကောင်းတစ်ကားဖြစ်ခဲ့ကြတာပါ။ ဒါ့ပြင် ချစ်ရတဲ့ပရိသတ်တွေ အားပေးမှုလည်း ပါပါတယ်။ သဘင်သည်မြနှင်းဆီ ရုပ်ရှင်ဇာတ်ကားကြီးကို တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှာ ကျင်းပတဲ့ The Lancang Mekon ရဲ့ Golden Elephant Honor ဆုပေးပွဲကြီးမှာ မြန်မာနိုင်ငံက Outstanding Film Award (ထူးချွန်ပြောင်မြောက်သော ရုပ်ရှင်ဇာတ်ကားဆု)ဆုကို ရရှိတဲ့အတွက်လည်း အတိုင်းမသိဝမ်းသာမိပါတယ်”လို့ ဒါရိုက်တာ မင်းဆက်သစ်က ရင်ဖွင့်လာပါတယ်။
အဆိုပါ အခမ်းအနားကို နိုဝင်ဘာ ၂၇ ရက်ကနေ ဒီဇင်ဘာ ၁ ရက်အထိ တရုတ်နိုင်ငံ ယူနန်မြို့မှာကျင်းပနေလျက်ရှိတဲ့ နိုင်ငံပေါင်း ၆ နိုင်ငံပေါင်းဆုံတဲ့ “The LANCANG – MEKONG” နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ မြန်မာနိုင်ငံကိုယ်စားပြု ရုပ်ရှင်ဇာတ်ကားကြီးအနေနဲ့ ပြသဖို့ရွေးချယ်ခြင်းခံခဲ့ရတာလည်းဖြစ်ပါတယ်။
ဒီရုပ်ရှင်ပွဲတော်ကိုတော့ မြစမ်းကြည်ကာရိုက်တာ ပါဝင်ထားတဲ့ မင်းသမီး မေမီကိုကိုနဲ့ ဒါရိုက်တာ မင်းဆက်သစ်တို့က “သဘင်သည်မြနှင်းဆီ” အဖွဲ့သားတွေ အားလုံးကိုယ်စား တက်ရောက်နေကြတာဖြစ်ပါတယ်။
#MinSettThit #MayMiKoKo #သဘင်သည်မြနှင်းဆီ #OutstandingFilmAward #သဘင်သည်မြနှင်းဆီ #THEBEGINNING #ရုပ်ရှင်ဇာတ်ကား #TheLancangMekong #နိုင်ငံတကာရုပ်ရှင်ပွဲတော် #LancangMekongInternationalFilmWeek










