၃၁.၁၀.၂၀၂၅
Written By Thandar
သံယောဇဉ်တွေ၊ မေတ္တာတရားတွေကို လှလှပပလေးနဲ့ ဟာသလေးနှောပြီး ပုံဖော်ထားတဲ့ “ယောက်ျားတွေကို စိတ်ကုန်တယ်”ရုပ်ရှင်ဇာတ်ကားကြီး Premiere Show ပွဲအခမ်းအနားကို အောက်တိုဘာ ၃၀ ရက် ညနေပိုင်းက ရန်ကုန်မြို သမ္မတအဆင့်မြင့်ရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။
“လင်းကတော့ ဒီဇာတ်ကားကြီးထဲမှာ အတိုးပေးစားတဲ့ အရမ်းလှတဲ့ အမျိုးသမီးကြီးနေရာက ပါဝင်ထားပါတယ်။ ဒီကားမှာက သရုပ်ဆောင်တွေကတော့ ကိုနေတိုး၊ ချောရတနာတို့၊ မိုးပြည့်ပြည့်မောင်တို့လည်း ပါပါတယ်။ လင်းကတော့ ရုပ်ရှင်လောက သိပ်တော့မစိမ်းပါဘူး။ မိတ်ကပ်လောက နှစ် ၂၀ ကျော်လိုက်ရှိပြီဆိုတော့လေ။ ယောက်ျားတွေကို စိတ်ကုန်တယ်ဆိုပေမယ့် လင်းက စိတ်မကုန်ပါဘူး။ ကိုနေတိုးနဲ့ တွဲဖက်ရိုက်ကူးခွင့်ရလိုလည်း ပျော်ရပါတယ်။ ဒီဇာတ်လေးကတော့ ကောင်းပါတယ်။ သံယောဇဉ်တွေ၊ မေတ္တာတရားတွေကို လှလှပပလေးနဲ့ ဟာသလေးနှောပြီး ပုံဖော်ထားတဲ့ဇာတ်လေးဆိုတော့ ပရိသတ်တွေ အားပေးကြပါဦး”လို လင်းလင်း (Makeup Artist) က ပြောပါတယ်။
အဆိုပါ ဇာတ်ကားကို ဇာတ်လမ်း ညာလက်တော်၊ ဇာတ်ညွှန်း ရာဇဝင်ကို၊ ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး)က သရုပ်ဆောင်တွေအနေနဲ့ နေတိုး၊ ချောရတနာ၊ နော်ဖောအယ်ထား၊ မိုးပြည့်ပြည့်မောင်၊ လင်းလင်းနဲ့ ဧည့်သည်သရုပ်ဆောင်အနေနဲ့ ညီနန္ဒ၊ ဘုန်းလျှံ၊ ခွန်းည၊ ချယ်ချယ်တို့အပြင် တခြားအနုပညာရှင်တွေ ပါဝင်ထားကြပါတယ်။
“ယောက်ျားတွေကို စိတ်ကုန်တယ်”ရုပ်ရှင်ဇာတ်ကားကြီးကို ယနေ့ အောက်တိုဘာ ၃၁ ရက်နေ့မှာ မြန်မာတစ်ပြည်လုံးရှိ ရုပ်ရှင်ရုံတွေမှာ ပြသမှာဖြစ်ပါတယ်။
#နေတိုး #ချောရတနာ #လင်းလင်း #နော်ဖောအယ်ထား #မိုးပြည့်ပြည့်မောင် #NayToe #ChawYadaNar #NawPhawEhHtar #MoePyaePyaeMaung
#ယောက်ျားတွေကိုစိတ်ကုန်တယ်ရုပ်ရှင်ဇာတ်ကား








