၂၆. ၁၀. ၂၀၂၅
Written by MMAK
◾အာဆင်နယ် Vs ခရစ္စတယ်ပဲလေ့စ်
လန်ဒန်ဒါဘီမှာ အာဆင်နယ်အသင်းကို ရပ်တန့်ဖို့ မဖြစ်နိုင်သေးတဲ့ ပဲလေ့စ်အသင်းလို့ပဲ ပြောရဦးမှာပါ။ ခြေစွမ်းအရမ်းကောင်းခဲ့တဲ့ ပဲလေ့စ်က နောက်ဆုံးသုံးပွဲမှာ နှစ်ပွဲရှုံးပြီး တစ်ပွဲသရေကျခဲ့သလို ခံစစ်က ခြောက်ဂိုးတောင် ပေးခဲ့ရတာကြောင့် ခြေစွမ်းအနည်းငယ် ကျဆင်းသွားတယ်လို့ ထင်ပါတယ်။ ဒီအချိန်မှာ အာဆင်နယ်အသင်းရဲ့ ခြေစွမ်းက ကောင်းသထက်ကောင်းလာနေတာကြောင့် အမ်းမရိတ်ကွင်းမှာ ပဲလေ့စ်အသင်းကို အမှတ်ဗလာနဲ့ အိမ်ပြန်ခိုင်းပါလိမ့်မယ်။ ဒီပွဲစဥ်မှာ အာဆင်နယ်အသင်းက ဘော်ဒီကြေး တစ်လုံးငါးဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးရှစ်ဆယ်စား ပေါက်ပါတယ်။ အာဆင်နယ်အသင်း တစ်ဂိုးနဲ့နိုင်ဖို့ ရှိနေပေမဲ့ နှစ်ဂိုးပြတ်ပါ့မလားဆိုတာတော့ စဥ်းစားစရာ ဖြစ်ပါတယ်။ ပဲလေ့စ်အသင်းသာ အရင်လိုခြေစွမ်းဆိုရင်တော့ ပဲလေ့စ်ကိုရွေးဖို့ မကြောက်ပေမဲ့ ခြေစွမ်းအကျဘက် ရောက်နေတဲ့ ပဲလေ့စ်ကို အိမ်ရှင်အာဆင်နယ်အသင်း နှစ်ဂိုးပြတ်သွားမယ်လို့ ယူဆထားတာကြောင့် အာဆင်နယ်ဘော်ဒီကို ရွေးချယ်ပေးချင်ပါတယ်။
◾အက်စတွန်ဗီလာ Vs မန်စီးတီး
မန်စီးတီးက နောက်ဆုံးကိုးပွဲဆက် မရှုံးခဲ့သလို နောက်တန်းကလည်း မာကျောမှု ပိုကောင်းလာပြီး တိုက်စစ်မှူးဟာလန်းက ငါးပွဲဆက် ဂိုးသွင်းထားပါတယ်။ ဗီလာကလည်း ငါးပွဲဆက်အနိုင်ရထားခဲ့ပေမဲ့ နောက်ဆုံးကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲမှာတော့ နယ်သာလန်ကလပ် အီးဂဲလ်အသင်းကို ရှုံးနိမ့်ထားခဲ့ပါတယ်။ ဒီပွဲစဥ်မှာ မန်စီးတီးအသင်းက ဘော်ဒီကြေး တစ်လုံးငါးဆယ်စား ပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးလေးဆယ်စား ပေါက်ပါတယ်။ မန်စီးတီးအသင်းရဲ့ ဘော်ဒီကြေးက မှန်ကန်မှုရှိတယ်လို့ သုံးသပ်ရမှာ ဖြစ်သလို တစ်ဂိုးအသာလောက်နဲ့ ကပ်နိုင်သွားနိုင်ပေမဲ့ နှစ်ဂိုးပြတ်ပါ့မလားဆိုတာတော့ စဥ်းစားချင်စရာ ကောင်းပါတယ်။ ဗီလာကွင်းမှာ နောက်ဆုံးတွေ့ဆုံမှု သုံးကြိမ်မှာ မန်စီးတီးအသင်း နှစ်ပွဲရှုံးပြီး တစ်ပွဲသာ သရေရထားပါတယ်။ မန်စီးတီးအသင်း နှစ်ဂိုးပြတ်ဖို့ မလွယ်ဘူးလို့ ယူဆထားပြီး ရှုံးခဲ့ရင်တောင် ပြားငါးဆယ်အရှုံးနဲ့ အပြည့်စားနဲ့ ရင်းရမယ်လို့ ထင်တာကြောင့် ဗီလာအသင်းကို ကြိုက်ပါတယ်။ မန်စီးတီးအသင်း နိုင်ခဲ့ရင်တောင် ဂိုးမပြတ်ဘူးလို့ ယူဆထားပြီး သရေတစ်ပေါက် ရှိနေတဲ့ ဒီပွဲမှာ အိမ်ရှင်အောက်ကြေးနေရမဲ့ ဗီလာဘော်ဒီကို ကြိုက်ပါတယ်။

◾ဘုန်းမောက် Vs နော်တင်ဟန်ဖောရက်
ဘုန်းမောက်အသင်းက နောက်ဆုံးခုနစ်ပွဲဆက် မရှုံးထားဘဲ အဆင့်ငါးမှာ ရပ်တည်နေပါတယ်။ ဖောရက်ကတော့ သုံးယောက်မြောက်နည်းပြသစ်အဖြစ် ပရီးမီးယားလိဂ်မှာ ဝါရင့်နည်းပြတစ်ယောက်ဖြစ်တဲ့ ရှောင်ဒိုက်ကို ခန့်အပ်ခဲ့ပြီး ပထမပွဲမှာ ပေါ်တိုအသင်းကို နှစ်ဂိုးပြတ်အနိုင်ရခဲ့ပါတယ်။ ဒီပွဲစဥ်မှာ ဘုန်းမောက်အသင်းက ဘော်ဒီကြေး တစ်လုံးကိုးဆယ်စား ပေးထားပြီး ဂိုးပေါင်းကြေး နှစ်လုံးအရှုံးပေါက်ပါတယ်။ ဖောရက်က ရှုံးပွဲတွေများနေပြီး တန်းဆင်းဇုန်နေရာဖြစ်တဲ့ အဆင့် ၁၈ မှာ ရပ်တည်နေတဲ့အသင်းကို အဆင့်ငါးမှာရောက်နေတဲ့ အိမ်ရှင်ဘုန်းမောက်က ဒီကြေးပေးတာဟာ လုံးဝမဖြစ်သင့်ပါဘူး။ ဘုန်းမောက်အသင်း အနိုင်ရမယ်ဆိုရင် နိုင်ကြေးက တစ်လုံးလေးဆယ်စားလောက်ထိ ပေးကိုပေးရမှာ ဖြစ်ပါတယ်။ ဒီပေါက်ကြေးမှာတော့ အနိုင်ရသွားဖို့မလွယ်ဘဲ ဖောရက်အသင်း သရေရသွားနိုင်တဲ့ ပေါက်ကြေးမျိုး ဖြစ်ပါတယ်။ နည်းပြရှောင်ဒိုက်က ဖောရက်အသင်းကို ရလဒ်ကောင်းစေခဲ့တဲ့ နည်းပြနူနိုဆန်တိုရဲ့ ကစားပုံနဲ့ ဆင်တူတယ်လို့ ပြောလို့ရသလို ပွဲချဥ်းကပ်ပုံလည်း ကောင်းပါတယ်။ ဒီပေါက်ကြေးမှာတော့ လူတိုင်းဘုန်းမောက်ဖြစ်နေနိုင်ပြီး အောက်အသင်းဖောရက်ကို လူကြိုက်နည်းလာနိုင်တာကြောင့် ဘွတ်ကီဘက်က နေရမယ်ဆို ဖောရက်ဘော်ဒီကို ရွေးချယ်ရမှာပါ။
◾ဝုဗ် Vs ဘန်လေ
ဝုဗ်က နိုင်ပွဲလုံးဝ မရသေးသလို ဘန်လေကလည်း အဝေးကွင်းလေးပွဲလုံး ရှုံးထားပါတယ်။ ဇယားအောက်ဆုံးမှာ ရောက်ရှိနေသလို နိုင်ပွဲလုံးဝမရသေးတဲ့ ဝုဗ်အသင်းအနေနဲ့ တန်းဆင်းဇုန်ပြိုင်ဘက် ဖြစ်လာနိုင်တဲ့ ဘန်လေအသင်းကို အနိုင်မရခဲ့ရင် ဖိအားတွေအောက်က ရုန်းမထွက်နိုင်ဘဲ ဖြစ်သွားပါလိမ့်မယ်။ ဒီပွဲစဥ်မှာ ဝုဗ်အသင်းက ဘော်ဒီကြေး သရေအရှုံးပေးထားပြီး ဂိုးပေါင်းကြေး နှစ်လုံးသုံးဆယ်အရှုံး ပေါက်ပါတယ်။ ဝုဗ်အသင်းမှာ လူစုံနေသလို ပေါက်ကြေးကလည်း နိုင်ကြေးလို့ ပြောလို့ရပါတယ်။ တန်းတက်ဘန်လေက အဝေးကွင်းညံ့တယ်ဆိုတာလည်း လုံးဝသိသာနေတာကြောင့် ဝုဗ်အသင်း သေချာပေါက် အနိုင်ရသွားမယ်လို့ ထင်ပါတယ်။ ဒီလိုပွဲမျိုးမှ မနိုင်ရင် တန်းဆင်းဇုန်ကနေ ရုန်းမထွက်နိုင်အောင် ဖြစ်သွားနိုင်ပြီး ဝုဗ်အသင်းရဲ့ အိမ်ကွင်းရုန်းအားကို သေချာပေါက် မြင်ရမယ်လို့ ယူဆထားတာကြောင့် စူပါးဆန်းဒေးညအတွက် အကြိုက်ဆုံး အသင်းကတော့ ဝုဗ်ဘော်ဒီကို ရွေးချယ်ပေးချင်ပါတယ်။

◾အဲဗာတန် Vs စပါး
စပါးအသင်းက နောက်ပိုင်းပွဲတွေမှာ ခြေစွမ်းအနည်းငယ် ကျဆင်းနေပြီး ကစားသမားအများစု ဒဏ်ရာပြဿနာရှိနေပါတယ်။ အဲဗာတန်အသင်းက နောက်ဆုံးငါးပွဲမှာ တစ်ပွဲသာနိုင်ထားပေမဲ့ အိမ်ကွင်းလေးပွဲမှာတော့ ရှုံးပွဲလုံးဝမရှိသေးပါဘူး။ ဒီပွဲစဥ်မှာ အိမ်ရှင်အဲဗာတန်က ဘော်ဒီကြေး ပြားလေးဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး နှစ်လုံးကိုးဆယ်အရှုံးပေါက်ပါတယ်။ စပါးကလည်း အဝေးကွင်းရလဒ်အကောင်းဆုံးအသင်း ဖြစ်နေတာကြောင့် အိမ်ကွင်းကောင်းတဲ့အသင်းနဲ့ အဝေးကွင်းကောင်းတဲ့ အသင်းတို့ ထိပ်တိုက်တွေ့ဆုံမှုက စိတ်ဝင်စားစရာ ကောင်းပါတယ်။ အဓိကအချက်ကတော့ စပါးအသင်းမှာ နောက်ခံလူရိုမဲရိုးနဲ့ နေရာစုံမှာ ကစားသမားတွေ ဒဏ်ရာပြဿနာရှိနေပေမဲ့ အဲဗာတန်ကတော့ ကစားသမားတွေ အားလုံးနီးပါး ကစားနိုင်တာကြောင့် အဲဗာတန်က အထက်ကြေးပြန်ပေါက်နေတယ်လို့ ထင်ပါတယ်။ ကစားသမားတွေမစုံတဲ့ စပါးအသင်းကို အိမ်ရှင်အဲဗာတန်အသင်း မရှုံးနိုင်ဘူးလို့ ယူဆထားပြီး နိုင်စရာရှိရင် အဲဗာတန်ကဘဲ နိုင်သွားမယ်လို့ ထင်ပါတယ်။ ပြားလေးဆယ်အရှုံးနဲ့ အပြည့်စားနဲ့ရင်းရမယ်လို့ ယူဆထားတာကြောင့် အိမ်ရှင်အဲဗာတန်အသင်းကို ရွေးချယ်ပေးချင်ပါတယ်။
◾ရီးရဲမက်ဒရစ် Vs ဘာစီလိုနာ
စူပါဆန်းဒေးညအတွက် အယ်ကလက်စီကိုဒါဘီဟာလည်း ပရိတ်သတ်အကြိုက် ပွဲကောင်းတစ်ပွဲဖြစ်လာဦးမှာပါ။ ရီးရဲက ဘာစီနဲ့တွေ့ဆုံမှု နောက်ဆုံးငါးပွဲဆက် ရှုံးနိမ့်ထားပေမဲ့ နည်းပြအလွန်ဆိုလက်ထက်မှာ ဘာတွေလုပ်ပြနိုင်မလဲဆိုတာ စောင့်ကြည့်ချင်စရာ ကောင်းပါတယ်။ ဒီပွဲစဥ်မှာ ရီးရဲအသင်းက ဘော်ဒီကြေး တစ်လုံးကိုးဆယ်စား ပေးထားပြီး ဂိုးပေါင်းကြေး လေးလုံးသုံးဆယ်စား ပေါက်ပါတယ်။ ဂိုးပေါင်းကြေး အရမ်းမြင့်နေတာကို တွေ့ရမှာဖြစ်ပြီး အပြန်အလှန်တိုက်စစ်ဖွင့်ကစားမယ်ဆိုတဲ့ အခြေအနေမျိုး မြင်တွေ့ထားရပြီး ဂိုးသွင်းသေချာတဲ့အသင်းက အနိုင်ရသွားမယ်ဆိုတဲ့ ပုံစံမျိုး တွေ့ရပါတယ်။ နောက်ပိုင်းပွဲစဥ်တွေမှာ ဘာစီလိုနာခံစစ်က အမှားများနေပြီး လူကျွံထောင်ချောက် ဖမ်းကစားတဲ့ ကစားဟန်က အလုပ်သိပ်မဖြစ်ဘဲ နောက်ဆုံးခြောက်ပွဲဆက် ဂိုးပေးထားရပါတယ်။ ရီးရဲလို ကောင်တာတိုက်စစ်အရမ်းမြန်တဲ့ အသင်းကို ဘာစီလိုနာခံစစ် ပွဲချိန်ပြည့် ထိန်းနိုင်မယ်လို့ မထင်ဘဲ သေချာပေါက် ဂိုးပေးရပါလိမ့်မယ်။ နောက်တစ်ချက်က နည်းပြချုပ် ဟန်ဆီဖလစ် အနီကတ်ထိထားသလို လီဝန်ဒေါစကီးနဲ့ ရာဖင်ညာတို့လို စီနာယာကစားသမားတွေ မပါနိုင်တာကြောင့် လူငယ်ကစားမားတွေကိုဘဲ အသုံးပြုရမဲ့ ဘာစီလိုနာအတွက် ဖိအားတွေ ရှိလာနိုင်ပါတယ်။ ဒီပွဲမှာ အလွန်ဆိုရဲ့ ရီးရဲအသင်းကို ပိုကြိုက်နေပြီး အိမ်ကွင်းဘာနေဗျူးမှာ မဟာပြိုင်ဘက် ဘာစီလိုနာကို အနိုင်ရအောင် ကစားပြမယ်လို့ ယူဆထားတာကြောင့် ရီးရဲဘော်ဒီကို ကြိုက်ပါတယ်။
