၂၆.၁၀.၂၀၂၅
Written by KL
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ကျွန်းကလေးကျေးရွာ၊ ထန်းပင်ချောင်းအပိုင်တွင် အောက်တိုဘာလ ၂၅ ရက် ညနေ ၅ နာရီခွဲက ဖြစ်ပွားခဲ့သော နေအိမ်ငါးလုံးမီးလောင်မှုမှာ ပလပ်ခုံတွင် အားသွင်းကြိုးချောင်ရာမှ မီးပွားထွက်ကာ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသူများထံမှ သိရသည်။
မိနစ်၂၀ကြာမီးလောင်မှုကြောင့် အလျား ၉ ပေ၊အနံ ၁၂ ပေရှိ သွပ်မိုး၊ ထရံကာ၊ ပျဥ်ခင်းတစ်ထပ်နေအိမ် လေးလုံး၊ အလျား ၁၂ ပေ၊ အနံ ၁၅ ပေ သွပ်မိုး၊ ထရံကာ ပျဥ်ခင်းတစ်ထပ်နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည် ။
မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၂ စီး၊ ရေသယ်ယာဥ် ၄ စီး၊ သန္ဓေအရန် မီးသတ်တပ်ဖွဲ့ဝင်များဖြင့်ငြှိမ်းသတ်ခဲ့ရာ ညနေ ၅ နာရီ ၅၀ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
နေအိမ်ငါးလုံးမီးလောင်မှုကြောင့် အိမ်ငှားဖြစ်သူ အသက် ၁၇ နှစ်အရွယ် အမျိုးသားကို ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် လှည်းကူးမြို့မရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
