၂၁. ၁၀.၂၀၂၅
Written by MMAK

◾ ဘာစီလိုနာ Vs အိုလံပီယာကော့စ်
ဘာစီလိုနာက တစ်ပွဲနိုင်တစ်ပွဲသရေနဲ့ သုံးမှတ်ရထားပြီး အိုလံပီယာကော့စ်ကတော့ တစ်ပွဲရှုံးတစ်ပွဲသရေနဲ့ တစ်မှတ်သာ ရထားပြီး သွင်းဂိုးလုံးဝ မရသေးပါဘူး။ ဘာစီလိုနာတိုက်စစ်မှာ ရာဖင်ညာနဲ့ လီဝမ်ဒေါစကီးတို့ မပါနိုင်သလို နောက်ထပ်ငါးပွဲကစားရဖို့ ရှိနေပေမဲ့ ပွဲကြပ်မနေပါဘူး။ နောက်တစ်ချက်က ဒီပွဲပြီးရင် လာလီဂါမှာ ရီးရဲအသင်းနဲ့ အယ်ကလက်စီကို ဒါဘီပွဲ ကစားရဖို့ ရှိနေပါတယ်။ ဒီပွဲစဥ်မှာ ဘာစီလိုနာအသင်းက ဘော်ဒီကြေး နှစ်လုံးသုံးဆယ်စား ပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးခြောက်ဆယ်အရှုံး ပေါက်ပါတယ်။ ဘာစီလိုနာကွင်းမှာ အိုလံပီယာကော့စ်က ခံစစ်ပိတ်ကစားရုံကလွဲပြီး တခြားမရှိသလို တိုက်စစ်ကလည်း တစ်ဂိုးထက် ပိုရဖို့မရှိဘဲ ဂိုးမရသွားနိုင်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဘာစီလိုနာတစ်သင်းတည်းရဲ့ သွင်းဂိုးကိုပဲ မြင်တွေ့ရနိုင်ပြီး တိုက်စစ်လူမစုံတဲ့ ဘာစီလိုနာအသင်း ကပ်နိုင်သွားဖို့ များပါတယ်။ ဘော်ဒီကြေးနဲ့ ဂိုးပေါင်းကြေးနဲ့ မမျှတတဲ့ ဒီပွဲမှာ ဂိုးအောက်ကို အကြိုက်တွေ့ပါတယ်။

◾ကိုင်ရတ် Vs ပါဖို့စ်
ချန်ပီယံလိဂ်ရဲ့ အိမ်ဖြည့်နှစ်သင်း ထိပ်တိုက်တွေ့နေတာဖြစ်ပြီး နှစ်သင်းလုံး နောက်တစ်ဆင့်မတက်ဖို့ သေချာသလောက်ရှိပေမဲ့ ဂုဏ်သိက္ခာအရတော့ ယှဥ်ပြိုင်ကစားကြဦးမှာ ဖြစ်ပါတယ်။ ဒီပွဲမှာ ပါဖို့စ်ကနေ ပြားသုံးဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး နှစ်လုံးလေးဆယ်အရှုံးပေါက်ပါတယ်။ ကာဇက်စတန်လိဂ်ထက် ဆိုက်ပရပ်လိဂ်က ပိုအဆင့်မြင့်သလို ပါဖို့စ်အသင်းရဲ့ လူစာရင်းကလည်း ပိုသာပါတယ်။ ကွာခြားမှု အနည်းငယ်ရှိတယ်ဆိုပေမဲ့ အိမ်ရှင်ကိုင်ရတ်အသင်းအနေနဲ့ အထက်ကြေးပြန်ပေးရမယ်လို့ ယူဆထားပြီး ဒီပွဲမှာ ပါဖို့စ်ကတောင် ကြေးပြန်ပေါက်နေပါတယ်။ ကစားပြီးခဲ့တဲ့ ပွဲစဥ်တွေအရ ပါဖို့စ်အသင်းရဲ့ ခြေစွမ်းက ပိုကောင်းတာမျိုး တွေ့ရတာကြောင့် အထက်ကြေးပြန်ပေးထားတယ်လို့ ထင်ပါတယ်။ ဒီပေါက်ကြေးအရဆို ပါဖို့စ်အသင်း မရှုံးနိုင်ဘူးလို့ ယူဆရမှာဖြစ်ပြီး သရေနဲ့အနိုင် တစ်ခုခုတော့ သေချာပေါက် ရသွားပါလိမ့်မယ်။ သရေကျရင် ပြားသုံးဆယ် ရှုံးမှာဖြစ်တာကြောင့် ပြားသုံးဆယ်အရှုံးနဲ့ အပြည့်စားနဲ့ရင်းရမယ်လို့ ယူဆထားတဲ့အတွက် ပါဖို့စ်ဘော်ဒီကို ကြိုက်ပါတယ်။



◾အာဆင်နယ် Vs အသလက်တီကို
အာဆင်နယ်က နှစ်ပွဲကစားပြီးချိန်မှာ နှစ်ပွဲလုံး အနိုင်ရထားသလို ခံစစ်ကလည်း တစ်ဂိုးမှ ပေးမထားရဘဲ ပြိုင်ပွဲစုံနောက်ဆုံးကိုးပွဲဆက် မရှုံးထားပါဘူး။ တီကိုကတော့ တစ်ပွဲနိုင်တစ်ပွဲရှုံးနဲ့ သုံးမှတ်ရထားသလို နောက်ဆုံးခြောက်ပွဲဆက် မရှုံးထားတာ တွေ့ရပါတယ်။ ဒီပွဲစဥ်မှာ အာဆင်နယ်က ဘော်ဒီကြေး တစ်လုံးတစ်ဆယ်စား ပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးကိုးဆယ်စား ပေါက်ပါတယ်။ တီကိုအနေနဲ့ အာဆင်နယ်ကွင်းမှာ အပြန်အလှန်တိုက်စစ်ဆင် ကစားလာမှာ မဟုတ်သလို အာဆင်နယ်ကလည်း တီကိုအသင်းကို ကစားကွက်အသာနဲ့ ဖိအားပေးဖို့ ပြင်ဆင်လာနိုင်ပါတယ်။ အာဆင်နယ်အသင်းရဲ့ ရလဒ်ကောင်းနေတဲ့ အဓိကအချက်က ခံစစ်ပိုင်းဖြစ်ပြီး နောက်ဆုံးခုနစ်ပွဲမှာ တစ်ပွဲသာ ဂိုးပေါ်ထားသလို ခံစစ်ကလည်း နောက်ဆုံးသုံးပွဲဆက် ဂိုးမပေးထားရပါဘူး။ ပေါက်ကြေးအရ အာဆင်နယ်အသင်း ကပ်နိုင်သွားနိုင်ပေမဲ့ တစ်ဖက်တစ်ဂိုးစီသရေကျသွားမျိုး ဖြစ်နိုင်သလို ဂိုးမရှိသရေလည်း ဖြစ်သွားနိုင်ပါတယ်။ ဒီပွဲက အပြန်အလှန်ဂိုးတွေနဲ့ ဂိုးပေါ်ဖို့ မဖြစ်နိုင်ဘဲ အများဆုံးမြင်တွေ့ရရင် နှစ်ဂိုးလောက်ပဲ ဖြစ်နိုင်တာကြောင့် ဂိုးအောက်တစ်မျိုးတည်းကို ရွေးချယ်ပေးချင်ပါတယ် ။
◾နယူးကာဆယ် Vs ဘင်ဖီကာ
နယူးက တစ်ပွဲနိုင်တစ်ပွဲရှုံးထားပြီး ခြေစွမ်းအနည်းငယ် ကောင်းလာတာကို တွေ့ရပေမဲ့ မော်ရင်ညိုရဲ့ ဘင်ဖီကာအသင်းကတော့ နှစ်ပွဲလုံး ရှုံးထားပြီး တစ်မှတ်မှ မရသေးပါဘူး။ ဒီပွဲစဥ်မှာ နယူးကာဆယ်အသင်းက ဘော်ဒီကြေး တစ်လုံးနှစ်ဆယ်စား ပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးငါးဆယ်စား ပေါက်ပါတယ်။ ဘင်ဖီကာအနေနဲ့ ထိပ်ဆုံးရှစ်သင်း မဝင်ရင်တောင် Play- off ကစားခွင့်ရချင်တယ်ဆိုရင် ဒီပွဲမှာ သရေတစ်မှတ်တော့ ရထားသင့်ပါတယ်။ နောက်တစ်ချက်က ဘင်ဖီကာနည်းပြ မော်ရင်ညို အနေနဲ့ သူ့ရဲ့ပုံစံအတိုင်း တစ်ပွဲထိုးပွဲတွေမှာ အစွမ်းပြဖို့အတွက် တစ်ခုခု လုပ်ပြနိုင်မယ်လို့ ထင်ပါတယ်။ ဒီပွဲစဥ်မှာ နယူးကာဆယ်အနေနဲ့ နိုင်ခဲ့ရင်တောင် ဂိုးမပြတ်ဘူးလို့ ယူဆထားပြီး တစ်ဂိုးထက်ပိုပြီး အနိုင်ရဖို့ မလွယ်ပေမဲ့ သရေကျနိုင်ခြေ များနေပါတယ်။ ဒီပွဲစဥ်မှာ အမှတ်လုံးဝမရသေးတဲ့ ဘင်ဖီကာအသင်း သရေတစ်မှတ်လောက် ရသွားနိုင်သလို ပေါက်ကြေးအရလည်း ဂိုးပြတ်နိုင်ဖို့ ခက်ခဲတဲ့ ပေါက်ကြေးမျိုး ဖြစ်နေပါတယ်။ မတော်လို့ ရှုံးခဲ့ရင်တောင် ပြားနှစ်ဆယ်ထက်ပိုပြီး မရှုံးနိုင်ဘူးလို့ ယူဆထားတာကြောင့် ဘင်ဖီကာဘော်ဒီကို ရွေးချယ်ပေးချင်ပါတယ်။
◾ဗီလာရီးရဲ Vs မန်စီးတီး
ဗီလာရီးရဲက တစ်ပွဲရှုံးတစ်ပွဲသရေနဲ့ တစ်မှတ်ရထားပြီး မန်စီးတီးကတော့ တစ်ပွဲနိုင် တစ်ပွဲသရေနဲ့ လေးမှတ်ရထားပါတယ်။ ဒီပွဲစဥ်မှာ မန်စီးတီးအသင်းက ဘော်ဒီကြေး တစ်လုံးသုံးဆယ်စား ပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးသရေ ပေါက်ပါတယ်။ ဗီလာရီးရဲက တိုက်စစ်အသားပေး ကစားတတ်တာကြောင့် နောက်ဆုံးခုနစ်ပွဲဆက် ဂိုးရထားသလို ခြောက်ပွဲက ဂိုးပြန်ပေးထားရပါတယ်။ ဗီလာရီးရဲက အိမ်ကွင်းဖြစ်နေသလို အမှတ်ရဖို့ ကြိုးစားလာနိုင်တာကြောင့် မန်စီးတီးကို ရှိန်နေမှာမဟုတ်ဘဲ တိုက်စစ်အသားပေး ကစားလာမယ်လို့ ထင်ပါတယ်။ ကြေးကြောပေးထားတဲ့ မန်စီးတီးလည်း ခံစစ်ညံ့တဲ့ ဗီလာရီးရဲကို သေချာပေါက် ဂိုးပြန်ပေးရပါလိမ့်မယ်။ ဒီအတွက်ကြောင့် တစ်ဖက်တစ်ဂိုးရဖို့ သေချာသလောက်ရှိနေပြီး ဂိုးပေါင်းကြေးကလည်း သုံးလုံးသရေတောင် ပေါက်နေတာကြောင့် သုံးဂိုးလောက်ထိ မြင်ရဖို့ မခက်ပါဘူး။ အပြန်အလှန်ဂိုးတွေနဲ့ ဂိုးပေါ်သွားမယ်လို့ ယူဆတာကြောင့် ဂိုးပေါ်တစ်မျိုးတည်းကို ရွေးချယ်ပေးချင်ပါတယ်။
◾လေဗာကူဆင် Vs PSG
လေဗာကူဆင်က နှစ်ပွဲလုံး သရေကျထားပြီး လက်ရှိချန်ပီယံ PSG ကတော့ နှစ်ပွဲလုံး အနိုင်ရထားပါတယ်။ ဒီပွဲမှာ PSG က ဘော်ဒီကြေးတစ်လုံးသုံးဆယ်စား ပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးတစ်ဆယ်အရှုံးပေါက်ပါတယ်။ လေဗာကူဆင်က နည်းပြအပြောင်းအလဲ လုပ်ထားပြီးနောက်ပိုင်း နောက်ဆုံးရှစ်ပွဲဆက် မရှုံးထားဘူးဆိုပေမဲ့ ချန်ပီယံလိဂ်မှာ ကစားတဲ့ ခြေစွမ်းကိုတော့ အားမရပါဘူး။ ပထမပွဲမှာ ကိုဗင်ဟေဂင်ကို နာကျင်အချိန်ပိုဂိုးနဲ့ သရေရခဲ့သလို အိမ်ကွင်းပွဲမှာ PSV ကိုလည်း ခြေစွမ်းအသာနဲ့ မကစားနိုင်ခဲ့ဘဲ တစ်ဖက်တစ်ဂိုးစီနဲ့ သရေသာ ရခဲ့ပါတယ်။ PSG ကတော့ ပြည်တွင်းမှာသာ လူငယ်ကစားသမားတွေကို နေရာပေးတာတွေကြောင့် အတက်အကျရှိပေမဲ့ ချန်ပီယံလိဂ်မှာကစားတဲ့ ခြေစွမ်းကတော့ အရမ်းကောင်းပါတယ်။ PSG က ဒီပွဲကစားဖို့အတွက် အဓိက ကစားသမားတွေကို အနားပေးထားခဲ့သလို လေဗာကူဆင်ထက် အကုန်သာပါတယ်။ လေဗာကူဆင်က အိမ်ကွင်းပရိသတ်အားသာတာ တစ်ချက်ပဲရှိပြီး PSG ကို ယှဥ်ကစားနိုင်တဲ့ ခြေစွမ်းမျိုး မရှိပါဘူး။ ရှစ်ပွဲဆက်မရှုံးတဲ့ လေဗာကူဆင်အသင်း ရှုံးပွဲတွေ့ဖို့ အချိန်တန်နေသလို ပေါက်ကြေးကလည်း PSG အသင်း အနိမ့်ဆုံး တစ်ဂိုးအသာနဲ့ အနိုင်ရမယ်ဆိုတဲ့ ပေါက်ကြေးမျိုး ဖြစ်နေပါတယ်။ ဒီအတွက်ကြောင့် PSG ဘော်ဒီဟာ အင်္ဂါညအတွက် သုံးသပ်သူရဲ့ အကြိုက်ဆုံးလို့ ပြောချင်ပါတယ်။
