၉.၁၀.၂၀၂၅
Written By Thandar
ရုပ်သံဇာတ်လမ်းတွဲတွေကတစ်ဆင့် ပရိသတ်ချစ်ခင်မှုများစွာ ရရှိခဲ့တဲ့ သရုပ်ဆောင်ပိုးကြာဖြူခင်ရဲ့ ဒုတိယရင်သွေးလေးကို ယနေ့ အောက်တိုဘာ ၉ ရက်နေ့ နံနက်ပိုင်းက မန္တလေးမြို့မှာ အောင်မြင်စွာ မွေးဖွားခဲ့ပါတယ်။
“၈ ပေါင် ၅ အောင်စ သားလေးကို မွေးပါပြီ ”လို့ သရုပ်ဆောင် ပိုးကြာဖြူခင်ရဲ့ မိခင် ဒေါ်အေးအေးမြင့်က ပြောပါတယ်။
သူမရဲ့ ဒုတိယမြောက် ရင်သွေးလေးကတော့ ကြာသပတေး သားလေးပဲဖြစ်ပါတယ်။ ဒုတိယမြောက်သားလေးကတော့ ပိုးကြာဖြူခင်နဲ့ ကိုထွန်းတို့ရဲ့ ပဥ္စမမြောက် ရင်သွေးလေးလည်းဖြစ်ပါတယ်။
ဒုတိယရင်သွေးလေးက ၉ ဂဏန်း ဘေဘီလေး မွေးဖွားတာမို့ အောက်တိုဘာ ၉ ရက်ကနေ အောက်တိုဘာ ၁၂ ရက်နေ့အထိ ၄ ရက်တိုင်တိုင် စိန်ထည် ကျောက်ထည်တွေ ဝယ်ယူသူတိုင်းကို Lucky Money ပေးမှာဖြစ်သလို အောက်တိုဘာလ မွေးနေ့ရှင်တွေအတွက် သီးသန့်လက်ဆောင်တွေ စားသောက်ဖွယ်ရာတွေ ဧည့်ခံပေးလျက်ရှိတယ်လို့ ဆိုပါတယ်။
“ကလေးမွေးဖို့ ကြားထဲမှာ အချိန် ၂ ရက်ပဲ လိုတယ်ဆိုပေမယ့် လူရဲ့လေးလံမှုနဲ့ စိတ်လှုပ်ရှားမှုကို ကိုယ်တိုင်အပြင် တခြားဘယ်သူကမှ ပိုမသိနိုင်ဘူး။ ပထမကလေး မွေးတုန်းက ကြုံခဲ့ရတဲ့ ကျန်းမာရေး အခြေအနေနဲ့ စိတ်ဒဏ်ရာတွေကြောင့် အခုတစ်ခါမှာ ပိုလို့တောင် စိတ်က လှုပ်ရှားပြီး အားငယ်နေသေးတယ်။ ခွဲခန်းဝင်ရတာ ပျော်စရာကိစ္စမဟုတ်ဘူး။ ဘယ်လောက်စိတ်မာတဲ့ သူဖြစ်ဖြစ် အဲ့အချိန်ကို တွေးပြီး ကြောက်ကိုကြောက်တယ်။ ကျွန်မလို ခံစားဖူးတဲ့ သူတွေ ရှိရင် အတွေ့အကြုံလေးတွေ ဝေမျှပေးခဲ့ပါဦးရှင်။ အဖော်ရှိတော့ အားရှိတာပေါ့ရှင်” လို့ သရုပ်ဆောင်ပိုးကြာဖြူခင်က ပရိသတ်ကို ရင်ဖွင့်ခဲ့ပါတယ်။
#ပိုးကြာဖြူခင် #PoeKyarPhyuKhin #PKTun #MyanmarActress #CeleBaby #MyanmarCele





