
၆.၁၀.၂၀၂၅
Written By Thandar
Ye Yint Thit Sar Production က အလောင်ဒရာမာဇာတ်လမ်းပုံစံ “တိမ်ကကြိုး” Mini Series ကန်တော့ပွဲပေးပွဲ အခမ်းအနားကို ယနေ့ အောက်တိုဘာ ၆ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ ကျိုက္ကဆံဘုရားအောင်မြေမှာ ကျင်းပခဲ့ပါတယ်။

“ကျွန်တော်က ဒီဇာတ်ကားမှာ ပရိသတ်အကြိုက်တွေ့စေမယ့် အိမ်ထောင်သည် တစ်ယောက်အနေနဲ့ မြင်တွေ့ရမှာပါ။ အခုနောက်ပိုင်း ပရိသတ်တွေကလည်း အိမ်ထောင်ရေး ဇာတ်လေးကို ပိုသဘောကျလာတာတွေ့ရတယ်ဆိုတော့လေ။ မေမီနဲ့အတူ ဆုံရမှာတော့ ပရိသတ်တွေလည်း အမြင်ဆန်းမယ်လို့ မျှော်လင့်ပါတယ်”လို့ သရုပ်ဆောင် စိုင်းစည်တွမ်ခမ်းက ပြောပါတယ်။

အဆိုပါ ဇာတ်ကားကို ဇာတ်လမ်း ဇာတ်ညွှန်းပိုင်းကို အင်ကြင်းဟန်က ရေးသားပြီးတော့ ဒါရိုက်တာ ရဲရင့်သစ္စာက အလောင်ကြိုက်တဲ့ ပရိသတ်တွေအတွက် အောက်တိုဘာလအတွင်း ရန်ကုန်မြို့မှာရိုက်ကူးပုံဖော်မယ်လို့ သိရပါတယ်။

သရုပ်ဆောင်တွေအဖြစ် စိုင်းစည်တွမ်ခမ်း၊ မေမီကိုကို၊ ကြည်ဇေယျရှင်၊ ဒေါင်းဝေ၊ ဧဒင်၊ ယွန်းသဒ္ဒါဟန်အေဒီဦး၊ ရဲရင့်ဆူး စတဲ့အနုပညာရှင်များစွာ ပါဝင်ကြမှာဖြစ်ပါတယ်။

အပိုင်း ၆ ပိုင်းစာပါဝင်မယ့် တိမ်ကကြိုး ဇာတ်ကားကို မကြာခင် ပြသနိုင်ဖို့ အကောင်းဆုံးကြိုးစားရိုက်ကူးမယ်လို့ သိရပါတယ်။
