၆. ၁၀. ၂၀၂၅
Written by Nay Moe
မြင်းမူမြို့နယ်တွင် လင်းသစ်ခရီးသည်တင်ယာဥ်ကို PDF များ မိုင်းခွဲ၍ ဒရိုင်ဘာဖြစ်သူ၏ နားထင်ကို မိုင်းစထိမှန် သေဆုံးခဲ့ရရှာသည်။
ဖြစ်စဥ်မှာ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၄ ရက် ညနေ ၄ နာရီ ၂၀ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ နန္ဒဝန်ရပ်ကွက်နေ ဦးညွန့်လှိုင်ဝင်း(၅၈)နှစ် မောင်းနှင်ပြီး ခရီးသည်သုံးဦးတို့ လိုက်ပါလာသည့် “လင်းသစ်” ခရီးသည်တင်မော်တော်ယာဉ်အား မြင်းမူမြို့နယ်၊ ကန်ပြားကျေးရွာလမ်းဆုံအနီးအရောက် PDF အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့မှုကြောင့် ဦးညွန့်လှိုင်ဝင်းတွင် ဝဲဘက်နားထင် မိုင်းပေါက်ကွဲစဖောက်ဝင်ဒဏ်ရာရရှိကာ သေဆုံးသွားပြီး ယာဉ်ပေါ်ပါ ခရီးသည်သုံးဦးတို့တွင် ထိခိုက်ဒဏ်ရာရရှိခဲ့မှုမရှိကြောင်းနှင့် အဆိုပါ နေရာအနီးမှ လက်လုပ်မိုင်းခြောက်လုံး၊ ဆိုင်ကယ်ဘက်ထရီအိုးသုံးလုံး၊ ဆော့ကတ်တစ်ခု၊ ဓာတ်ခဲနှစ်လုံး၊ အရှည် ၅၀ မီတာခန့်ရှိ ဝိုင်ယာကြိုးတစ်ချောင်းနှင့် နိုင်လွန်ကြိုးတစ်ချောင်းတို့အား ထပ်မံတွေ့ရှိသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက ဖျက်ဆီးရှင်းလင်းခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်မှုကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်းနှင့် နွေဦးတော်လှန်ရေးစတင်ချိန်မှ ယခုနှစ် ဩဂုတ်လ ၁၄ ရက်နေ့အထိ အကြမ်းဖက်အဖွဲ့များ၏လုပ်ရပ်ကြောင့် သံဃာတော်အပါး ၁၀၀ ကျော်၊ ကျောင်းသားကျောင်းသူများအပါအဝင် ကလေးသူငယ် ၃၅၇ ဦး၊ အုပ်ချုပ်ရေးဝန်ထမ်း ၁,၂၅၃ ဦး၊ ဆရာ/ဆရာမ ၁၂၀ ဦးနှင့် ကျန်းမာရေးဝန်ထမ်း ၂၄ ဦး အပါအဝင် အပြစ်မဲ့ပြည်သူ ၉,၆၁၆ ဦးမှာ “ဒလန်၊ သူလျှို၊ သတင်းပေး၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များနှင့် NLD, CRPH, NUG, PDF, EAOs တို့၏ သတ်ဖြတ်မှုကို ခံထားရကြောင်း သိရသည်။
