၆. ၁၀. ၂၀၂၅
Photo – Tha Doe






ဗုဒ္ဓရဲ့အဆုံးအမနဲ့အညီ အေးမြငြိမ်းချမ်းစွာ နေထိုင်လိုသူ ဗုဒ္ဓဘာသာဝင် မြန်မာနိုင်ငံသားတွေဟာ အခါကြီးရက်ကြီးလည်းဖြစ်၊ အလုပ်ပိတ်ရက်လည်းဖြစ်၊ သီတင်းကျွတ်လပြည့်နေ့နဲ့ မြတ်စွာဘုရားရှင် တာဝတိံသာနတ်ပြည်ကနေ သင်္ကဿနဂိုရ်ပြည်ကို ကြွမြန်းဆင်းသက်တော်မူလာတဲ့နေ့ ဖြစ်လို့ ထူးမြတ်တဲ့ ဒီနေ့မှာ ဘုရားရှင်ကို ရည်မှန်းပူဇော်ကုသိုလ်ယူဖို့ သိင်္ဂုတ္တရကုန်းတော်တစ်ခုလုံး ပြည့်လျှံအောင် လာရောက် ပူဇော်နေတာ တွေ့မြင်ရပါတယ်။






