၁၁.၁၁.၂၀၂၆
Written By Thandar
Single Mom တစ်ယောက်အနေနဲ့ ဘဝကို ကြိုးစားရုန်းကန်မှုကြောင့် ပရိသတ်အားပေးမှုရရှိလာတဲ့ မမကြီးဒွေးကေ (ခ) မြတ်မော်ဦးရဲ့ အသက် ၄၃ နှစ်ပြည့်မွေးနေ့ကို နိုဝင်ဘာ ၁၀ ရက် ညပိုင်းက ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ Sky Star Hotel မှာ ကျင်းပခဲ့ရာ အနုပညာရှင်တွေနဲ့အတူ ကြီးကျယ်ခမ်းနားစွာကျင်းပခဲ့ကြပါတယ်။
“မွေးနေ့ဆိုတော့ မွေးနေ့ပွဲလေး ကျင်းပတာပါ။ အသက် ၄၃ နှစ်ပြည့်တာမို့ နည်းနည်းတည်တည်ငြိမ်ငြိမ်လေးနဲ့ ပွဲထွက်မှာပါ။ First Round, Second Round ဆိုပြီးတော့ ဝတ်စုံလေး စီစဉ်ထားတယ်ပေါ့နော်။ အစ်မရဲ့ ဝတ်စုံတွေ တော်တော်များများကို ဒီဇိုင်နာကိုအာကာဟိန်းက ဖန်တီးပေးထားတာပါ။ လက်ဝတ်ရတနာကတော့ ကိုယ့်ဆိုင်ကပဲ ကိုယ့်ရဲ့လက်ဝတ်ရတနာကို ကိုယ့်ဆိုင်ကပဲဝတ်ထားတာပါ။ ဘဝမှာ ဒီလိုဘဝမှာ နေထိုင်ရလိမ့်မယ်လို့ တစ်ခါမှမတွေးထားတာမို့ ခုလိုမွေးနေ့ပွဲကို ကျင်းပနိုင်တာ အရမ်းပီတိဖြစ်ပြီ ပျော်ပါတယ်”လို့ မမကြီး ဒွေးကေက ပြောပါတယ်။
အဆိုပါ မွေးနေ့ပွဲကို မိသားစုဝင်တွေ၊ လုပ်ဖော်ကိုင်ဘက်တွေ၊ မိတ်ဆွေတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ အနုပညာရှင်တွေ တက်ရောက်ဂုဏ်ပြုခဲ့ပါတယ်။ ဒီပွဲမှာ ဖျော်ဖြေရေးအစီအစဉ်အနေနဲ့ နိုင်ငံကျော်အဆိုတော် မေဆွိ၊ မင်းစည်သူ၊ နိုရာ၊ MC အနေနဲ့ သရုပ်ဆောင်ဇေယျ၊ ကိုသာဂိအပြင် အခြားအဆိုရှင်တွေက သီဆိုဝန်းရံခဲ့ကြပြီး မွေးနေ့ကိတ်ခွဲကာ Dinner ဧည့်ခံကျွေးမွေးခဲ့ကြတာဖြစ်ပါတယ်။
အဲဒီနောက် ပွဲကိုဖိတ်ကြားထားတဲ့ ဧည့်သည်တော်တွေအတွက် ကံစမ်းမဲတွေ ဖောက်ပေးပြီး လက်ဆောင်တွေ အသီးသီးကိုလည်း ပေးအပ်ခဲ့တာဖြစ်ပါတယ်။
#မမကြီးဒွေးကေ #MaMaGyi #MaMaGyiDwayKay #Myanmar𝐂𝐞𝐥𝐞𝐛𝐫𝐢𝐭𝐲 #မမကြီးဒွေးကေ #MaMaGyi #CeleBirthday #MyanmarCele #MTEntertainment










