၁၂.၁၁.၂၀၂၆
Written By Thandar
မီးအိမ်ရှင်ရုပ်ရှင်ထုတ်လုပ်ရေးက မိသားစုဒရာမာ ဇာတ်လမ်းပုံစံ “ဝင်ကစွပ်” ရုပ်ရှင်ဇာတ်ကားကြီး Artist Show ပွဲအခမ်းအနားကို နိုဝင်ဘာ ၁၁ ရက် ညနေပိုင်းက ရန်ကုန်မြို့ နဝဒေးအဆင့်မြင့်ရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။
“ကိုယ်တိုင်က အဘိုးအဘွားနဲ့ အတူနေထိုင်သူမို့ အဘိုးအဘွားတွေ မေတ္တာဖော်ကျူးချင်တဲ့ ဇာတ်လေးပုံဖော်ချင်ခဲ့တယ်။ ပြီးတော့အော်တစ်ဇင်တို့က လူတွေရဲ့ သနားကဲ့ရဲ့တဲ့အကြည့်တွေ၊ မိခင်ရဲ့ စိမ်းကားမှုတွေရှိကြတယ်လေ။ ဒါလေးကိုမှ အော်တစ်ဇင်ကလေးတွေ ဘဝရပ်တည်ဖြတ်သန်းမှုတွေကို သေချာလေး အကောင်အထည်ဖော်ဖြစ်ခဲ့တာပါ” လို့ ဒါရိုက်တာ ပွင့်သိင်္ဂီဇော်က ပြောပါတယ်။
အဆိုပါ အခမ်းအနားကို အနုပညာရှင်တွေဖြစ်တဲ့ ကျော်ရဲအောင်၊ ထွန်းအိန္ဒြာဗိုလ်၊ ချောရတနာ၊ ရတနာဗို၊ ကျော်ထက်မိသားစု၊ အောင်ရေချမ်း၊ စည်သူဝင်း၊ ဝင့်ယမုံနိုင်၊ မြန်မာနိုင်ငံအော်တစ်ဇင်အသင်းက တာဝန်ရှိသူတွေ မိသားစုဝင်တွေ တက်ရောက်ခဲ့ကြပါတယ်။
ဒီဇာတ်ကားကို ဇာတ်လမ်း အေးကြည်သာဟန်၊ ဇာတ်ညွှန်း အင်ကြင်းဟန်တို့က ရေးသားပြီး D.O.P ကိုတိုးနဲ့ အာနိုး၊ ဒါရိုက်တာ အရုဏ်ဦး ပွင့်သီင်္ဂီဇော်က အဘိုးအဘွားတို့ရဲ့ မြေးအပေါ် ချစ်ခြင်းမေတ္တာတွေကို ဖော်ကျူးထားတဲ့ မိသားစုဒရာမာ ဇာတ်လမ်းပုံဖော်ထားတာဖြစ်ပါတယ်။
သရုပ်ဆောင်တွေဖြစ်တဲ့ ပိုင်တံခွန်၊ ထပ်ဆင့်အကယ်ဒမီ ကျော်ရဲအောင်၊ သုံးထပ်ကွမ်းအကယ်ဒမီ ထွန်းအိန္ဒြာဗို၊ အကယ်ဒမီ ချောရတနာ၊ အကယ်ဒမီ ရတနာဗိုလ်၊ အထူးဧည့်သည် သရုပ်ဆောင် ဘုဏ်းသိုက်၊ ရဲလွင်ဦး၊ ဇင်မျိုး၊ ဒေါင်းဝေ၊ ငြိမ်းချမ်း၊ ဘဂျမ်း၊ ဘသာ၊ ရွှေအိုး၊ ရဲမာန်၊ မောင်ကင်း၊ ရှိုင်းမာန်အောင်၊ ဇော်ဝင်းထွဋ်၊ သီဟ၊ မင်းခန့်ကျော်၊ နေဦးလွင်၊ ချစ်လင်းထက်၊ ကောင်းသက်ပိုင်ထူး၊ ယဉ်မင်းပိုက်၊ ဖြူနှင်းအဖွဲ့ နဲ့ အနုပညာရှင်များစွာ သရုပ်ဆောင်ထားကြပါတယ်။
“ဝင်ကစွပ်” ရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် နိုဝင်ဘာလ ၂၀ ရက်မှာ မြန်မာတစ်ပြည်လုံးရှိ ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသမှာဖြစ်ပါတယ်။
#ပိုင်တံခွန် #ကျော်ရဲအောင် #ထွန်းအိန္ဒြာဗို #ချောရတနာ #ရတနာဗိုလ် #PaingTaKhon #KyawYeAung #HtunEaindarBo #ChawYadanar #YadanarBo #ဝင်ကစွပ် #MTEntertainment















