




၂၀.၉. ၂၀၂၅
Written by MMAK
◾လီဗာပူး Vs အဲဗာတန်
လီဗာပူးအသင်းနဲ့ အဲဗာတန်အသင်းတို့ရဲ့ မာဆေးစိုက်ဒါဘီဟာ အမြဲလိုလို ပွဲကောင်းတစ်ပွဲ ဖြစ်နေတတ်ပြီး အောက်အသင်းဖြစ်တဲ့ အဲဗာတန်ရဲ့ ရုန်းအားကို မြင်ရတတ်ပါတယ်။ အဲဗာတန်အသင်း ခြေစွမ်းကျဆင်းနေချိန်မှာတောင် လီဗာပူးနဲ့တွေ့ရင် အားထည့်ကစားတတ်ပြီး ခုချိန်လိုများ ခြေစွမ်းအကောင်းဘက် ရောက်နေတဲ့ အဲဗာတန်အသင်းကြောင့် ပြိုင်ဆိုင်မှု ပြင်းထန်ဦးမယ့် ဒါဘီပွဲ ဖြစ်လာပါလိမ့်မယ်။ ဒီပွဲမှာ လီဗာပူးအသင်းက ဘော်ဒီကြေး တစ်လုံးသုံးဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးသရေ ပေါက်ပါတယ်။ လေးပွဲဆက်အနိုင်ရထားပြီး အီဆတ် အပါအဝင် ကစားသမားတွေ အားလုံးနီးပါး ဒဏ်ရာကင်းစင်နေတဲ့ လီဗာပူးအသင််းအနေနဲ့ ဘော်ဒီကြေးကို အနိမ့်ဆုံးအနေနဲ့ တစ်လုံးငါးဆယ်အရှုံးတော့ ပေးသင့်ပါတယ်။ လီဗာပူးအသင်းက ကြားရက်မှာ ချန်ပီယံလိဂ် ကစားခဲ့ရသလို ပေါက်ကြေးအနည်းငယ် ပျော့နေတဲ့ အချက်ကြောင့် နိုင်ရင်တောင် ဂိုးပြတ်မယ် မထင်ပါဘူး။ လီဗာပူးခံစစ်ကလည်း စိတ်မချရတဲ့ အနေအထားကြောင့် အဲဗာတန်အသင်း ဂိုးရသွားနိုင်သလို သရေကျသွားမယ်ဆိုရင်လည်း အံ့သြစရာတော့ မရှိပါဘူး။
◾မန်ယူ Vs ချဲလ်ဆီး
ချဲလ်ဆီးအသင်းက ကြားရက်မှာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ဂျာမနီအထိသွားပြီး ချန်ပီယံလိဂ်ကစားခဲ့ရပေမဲ့ မန်ယူအသင်းကတော့ အနားရထားပါတယ်။
လက်ရှိခြေစွမ်းအရဆိုရင်တော့ ချဲလ်ဆီးအသင်းက အနည်းငယ် အသာရနေပြီး မန်ယူအသင်းက အိမ်ကွင်းအားနဲ့ ကစားလာမဲ့ ပွဲစဥ်ဖြစ်ပါတယ်။ ဒီပွဲစဥ်မှာ ဘော်ဒီကြေး ဒဲ့ပေါက်နေပြီး ဂိုးပေါင်းကြေး သုံးလုံးသရေဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းက ကြားပွဲကစားခဲ့ရတာတောင် အိမ်ရှင်မန်ယူအနေနဲ့ ပြားနှစ်ဆယ်လောက်တောင် ကြေးကြောမပေးနိုင်တာ တွေ့ရပါတယ်။ ချဲလ်ဆီးအသင်းက ကွင်းလယ်နဲ့ တိုက်စစ်ပိုင်းမှာ အရမ်းကောင်းနေပေမဲ့ ခံစစ်အတွင်းလူတွေက စိတ်မချရပါဘူး။ မန်ယူခံစစ်ကလည်း ပွဲတိုင်းဂိုးပေးနေရတာကြောင့် ဒီပွဲမှာလည်း သေချာပေါက် ဂိုးပေးရမှာပါ။ ကွင်းလယ်ပိုင်းကို ယှဥ်ကြည့်မယ်ဆိုရင် ချဲလ်ဆီးကွင်းလယ်က အသာရနေသလို တိုက်စစ်ပိုင်းမှာလည်း အသာရနေပါတယ်။ ဂိုးပေါင်းကြေး သုံးလုံးသရေဆိုတဲ့ အနေအထားမှာ လေးဂိုးသွင်းမှ အပြည့်စားရမှာ ဖြစ်တာကြောင့် သွင်းဂိုးတွေ မြင်ရဖို့ဆိုရင် မန်ယူအသင်းထက် ချဲလ်ဆီးအသင်းဆီက ပိုမျှော်လင့်လို့ရမယ် ထင်ပါတယ်။ ကွင်းလယ်ပိုင်းနဲ့ တိုက်စစ်ပိုင်းအပြင် ခြေစွမ်းပိုင်းမှာပါ အသာရနေတဲ့ ချဲလ်ဆီးအသင်း မရှုံးနိုင်ဘူးလို့ ထင်တာကြောင့် ချဲလ်ဆီးဘော်ဒီ ကြိုက်ပါတယ်။
◾ဘရိုက်တန် Vs စပါး
အရင်ရာသီမှာ စပါးအသင်းက ဘရိုက်တန်ကို နှစ်ကျော့စလုံးကို ရှုံးခဲ့သလို ဒီပွဲမှာလည်း ဘရိုက်တန်အသင်းက ဘော်ဒီကြေး ပြားသုံးဆယ်အရှုံးနဲ့ ဂိုးပေါင်းကြေး သုံးလုံးလေးဆယ်စား ပေါက်နေပါတယ်။ စပါးအသင်းက ပိုစတီဂလူ လက်ထပ်ကလို ခံစစ်မညံ့တော့ဘဲ လေးပွဲကစားပြီးချိန်မှာ တစ်ဂိုးသာ ပေးထားရသလို ကြားရက်မှာ ချန်ပီယံလိဂ် ကစားခဲ့ရပေမဲ့ အိမ်ကွင်းပွဲ ကစားခဲ့ရတာ ဖြစ်တာကြောင့် ခရီးပန်းမှုတော့ မရှိပါဘူး။ စပါးခံစစ်အရမ်းကောင်းနေတာကို ဂိုးပေါင်းကြေးအနည်းငယ် ပြင်းရှနေတာကြောင့် အိမ်ကွင်းတိုက်စစ်ကောင်းတဲ့ဘရိုက်တန်အသင်း ဂိုးရဖို့များပါတယ်။ အရင်ရာသီမှာ နှစ်ကြိမ်လုံးရှုံးနိမ့်ခဲ့တဲ့ စပါးအသင်းကလည်း ဒီပွဲမှာ သရေနဲ့အနိုင်တစ်ခုခုရဖို့အတွက်ဆို ဂိုးရဖို့များနေတာကြောင့် ဂိုးပေါ်ကြိုက်ပါတယ်။ တွေ့ဆုံမှုတိုင်း ဂိုးပေါ်လေ့ရှိသလို နှစ်သင်းလုံး ဂိုးရဖို့များနေပြီး အပြန်အလှန်သွင်းဂိုးတွေ မြင်နိုင်တာကြောင့် သုံးဂိုးရောက်ဖို့ မခက်ပါဘူး။
◾ဘန်လေ Vs နော်တင်ဟန်ဖောရက်
နော်တင်ဟန်က နည်းပြပိုစတီဂလူကို ခန့်အပ်ခဲ့ပြီးနောက် ပထမဆုံးပွဲမှာ အာဆင်နယ်ကို ဂိုးပြတ်ရှုံးခဲ့သလို ကြားရက်မှာ ကစားခဲ့တဲ့ ဆွမ်ဆီးအသင်းနဲ့ ဖလားပွဲမှာလည်း ရှုံးခဲ့ပါတယ် ။ ဒီပွဲမှာ နော်တင်ဟန်အသင်းက ဘော်ဒီကြေး ပြားငါးဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး နှစ်လုံးရှစ်ဆယ်အရှုံး ပေါက်ပါတယ်။ ဖောရက်အသင်းကလည်း နှစ်ပွဲဆက် ရှုံးထားတာကြောင့် နည်းပြသစ်အနေနဲ့ ဖိအားတွေများနေပြီး နှစ်ပွဲဆက်ရှုံးထားတဲ့ ဘန်လေမှာလည်း နိုင်ပွဲရဖို့ လိုနေပါတယ်။ ကြေးကြောပြန်ပေးထားတဲ့ နော်တင်ဟန်အသင်း ဂိုးရဖို့များသလို အိမ်ရှင်ဘန်လေအသင်းလည်း ဂိုးရဖို့များပါတယ်။ နှစ်သင်းလုံး နိုင်ပွဲရဖို့လိုလိုအပ်နေပြီး ဖိအားတွေများနေတာကြောင့် အရှုံးအနိုင်အဖြေပေါ်အောင် ကစားလာနိုင်ပြီး အပြန်အလှန်သွင်းဂိုးတွေ မြင်ရနိုင်ပါတယ်။ တစ်ဖက်တစ်ဂိုးစီလောက်ကနေ စကြည့်ရနိုင်တာကြောင့် ဂိုးပေါ်တစ်မျိုးတည်းကိုရွေးချယ်ပေးချင်ပါတယ်။
◾ဝက်စ်ဟမ်း Vs ပဲလေ့စ်
လန်ဒန်ဒါဘီပွဲဖြစ်ပြီး အဝေးကွင်း ပဲလေ့စ်အသင်းက ဘော်ဒီကြေး ပြားငါးဆယ်ပေးထားသလို ဂိုးပေါင်းကြေး နှစ်လုံးရှစ်ဆယ်အရှုံး ပေါက်ပါတယ်။ ဝက်စ်ဟမ်းအသင်းက ခြေစွမ်းမမှန်ဘဲ တိုက်စစ်က ဂိုးရဖို့ ရုန်းကန်နေရသလို ခံစစ်ကလည်း လေးပွဲမှာ ဆယ့်တစ်ဂိုးတောင် ပေးထားရပါတယ်။ ပဲလေ့စ်အသင်းက အဇီထွက်ခွာပြီးနောက်ပိုင်းမှာ အစ်စမာလစ် ဆားကလည်း ဒဏ်ရာရနေတာကြောင့် အတွဲအဖက်သိပ်မမိတော့ဘဲ တိုက်စစ်ပိုင်း ရုန်းကန်နေရပါတယ်။ သို့ပေမဲ့ ခံစစ်ကတော့ အာဆင်နယ်နဲ့ စပါးတို့လိုအသင်းကို တစ်ဂိုးသာ ပေးထားရပြီး အကောင်းဆုံးခံစစ်ကို ပိုင်ဆိုင်ထားတယ်လို့ ပြောလို့ရပါတယ်။ ဒါဘီပွဲဖြစ်နေကြောင့် ပွဲကောင်းတစ်ပွဲဖြစ်လာနိုင်ပြီး တစ်ဂိုးရထားတဲ့အသင်းက ထိန်းကစားပြီး နောက်တစ်ဂိုးထပ်ရဖို့ ကြိုးစားမှာ မဟုတ်ပါဘူး။ ပဲလေ့စ်အသင်းသာ ဂိုးအရင်ရသွားရင် ဝက်စ်ဟမ်းတိုက်စစ်က နှစ်ဂိုးပြန်ရဖို့ မလွယ်တော့သလို ပဲလေ့စ်တိုက်စစ်ကလည်း အားနည်းချက်တွေ ရှိနေတာကြောင့် ဂိုးအများကြီးမြင်ရဖို့ မလွယ်ပါဘူး။ အများဆုံးအနေနဲ့ နှစ်ဂိုးလောက်သာ မြင်ရနိုင်တာကြောင့် ဂိုးအောက်ကြိုက်ပါတယ်။
◾ဝုဗ် Vs လိဒ်
ဝုဗ်အသင်းက လေးပွဲကစားပြီး လေးပွဲလုံးရှုံးကာ သွင်းဂိုးနှစ်ဂိုးသာရထားပြီး ဇယားအောက်ဆုံး ရောက်နေပါတယ်။ လိဒ်ကတော့ တစ်ပွဲနိုင်တစ်ပွဲသရေနဲ့ နှစ်ပွဲရှုံးထားပြီး တိုက်စစ်က တစ်ဂိုးသာ ရထားပါတယ်။ ဒီပွဲမှာ ဘော်ဒီကြေး ဒဲ့ပေါက်နေပြီး ဂိုးပေါင်းကြေး နှစ်လုံးသုံးဆယ်အရှုံး ဖြစ်ပါတယ်။ နှစ်သင်းပေါင်း ရှစ်ပွဲကစားပြီးချိန်မှာ သုံးဂိုးပဲ ရထားတာကြောင့် ဂိုးပေါင်းကြေး နှစ်လုံးသုံးဆယ်အရှုံးပေါက်တာဟာ ဖြစ်သင့်ဖြစ်ထိုက်ပါတယ်။ နှစ်သင်းလုံးက ပြိုင်ဘက် ဂိုးနားရောက်ရင် တလွဲတွေလုပ်နေတတ်ပြီး သွင်းဂိုးရဖို့ ခက်နေတတ်ပါတယ်။ ဂိုးအောက်ကို အနည်းငယ်ကြိုက်နေပေမဲ့ လေးပွဲဆက်ရှုံးထားပြီး ဖိအားတွေအောက်ရောက်နေတဲ့ ဝုဗ်အသင်း ဒီပွဲမှာ တစ်ခုခုလုပ်ပြမယ်လို့ ထင်နေပါတယ်။ ဒီအိမ်ကွင်းပွဲမှာသာ ထပ်ရှုံးခဲ့ရင် ဝုဗ်နည်းပြက သေချာပေါက်အထုတ်ခံရဖို့ များနေပါတယ်။ ဒီအတွက်ကြောင့် အိမ်ရှင်ဝုဗ်အသင်းရဲ့ ရုန်းအားကို စောင့်ကြည့်အားပေးချင်တာကြောင့် ဝုဗ်ဘော်ဒီ ရွေးပါမယ်။
◾ဖူဟမ် Vs ဘရန့်ဖို့
ဖူဟမ်နဲ့ ဘရန့်ဖို့အသင်းတို့ကလည်း အနောက်လန်ဒန်ဒါဘီပွဲ ဖြစ်ပြီး ထိပ်တိုက်တွေ့ဆုံမှုတွေမှာ ပြိုင်ဆိုင်မှု ပြင်းထန်လေ့ရှိသလို အပြန်အလှန်ဂိုးတွေ မြင်ရလေ့ရှိပါတယ်။ ဒီပွဲစဥ်မှာ အိမ်ရှင်ဖူဟမ်အသင်းက ဘော်ဒီကြေး ပြားခုနစ်ဆယ်အရှုံး ပေးထားပြီး ဂိုးပေါင်းကြေး နှစ်လုံးခုနစ်ဆယ်အရှုံးပေါက်ပါတယ်။ ဘော်ဒီကြေးနဲ့ ဂိုးပေါင်းကြေးက ပြားအနည်းငယ်ဆီ လျော့ကျနေပြီး အပေါ်ကြေးနှစ်ခုမှာ တစ်ခုဘဲ အောင်သွားမယ်လို့ ထင်ပါတယ်။ ဘရန့်ဖို့က အဝေးကွင်းအနည်းငယ်ညံ့တာကြောင့် ဖူဟမ်အသင်းအနေနဲ့ သရေအရှုံးလောက်ထိ ပေးရင်တော့ နိုင်ကြေးလို့ ပြောရမှာ ဖြစ်ပါတယ်။ ဘော်ဒီကြေး ပြားခုနစ်ဆယ်လောက်ကနေ ထပ်ကျလာမယ်ဆိုရင် ဖူဟမ်အသင်း ကြေးအောင်ဖို့ ခက်သွားနိုင်ပါတယ်။ ဘရန့်ဖို့အသင်းက အဝေးကွင်းနှစ်ပွဲလုံး ရှုံးခဲ့ပြီး ဆန်းဒါးလန်းလို တန်းတက်အသင်းကိုတောင် ရှုံးခဲ့တာကြောင့် ဖူဟမ်အနေနဲ့ ဒီကြေးပေးတာ ပျော့ပါတယ်။ အဝေးကွင်းသုံးပွဲဆက် မရှုံးရအောင် ကြိုးစားလာနိုင်ပြီး ဒါဘီပွဲမှာ အားထည့်ကစားလာနိုင်တဲ ဘရန့်ဖို့အသင်း သရေလောက် ရသွားနိုင်ပါတယ်။ ဒီအတွက်ကြောင့် အောက်အသင်းဘရန့်ဖို့ကို ရွေးချယ်ပေးချင်ပါတယ်။
