၁၈. ၉. ၂၀၂၅
Written by Mmak
◾ မန်စီးတီး Vs နာပိုလီ
နာပိုလီအသင်းကို ပြောင်းရွှေ့သွားတဲ့ ဒီဘရိုင်းနဲ့ မန်စီးတီးအသင်းတို့ရဲ့ ပြန်လည်တွေ့ဆုံမှုက ပရိတ်သတ်တွေ စိတ်ကျေနပ်မှု ရှိစေမှာပါ။ ဂန္တဝင်တစ်ဦးရဲ့ အိမ်ပြန်ခရီးလို့ ပြောရင်လည်း မမှားပါဘူး။ နာပိုလီကို ကွန်တီကိုင်တွယ်နေပြီး စီးရီးအေမှာ သုံးပွဲဆက် အနိုင်ရထားကာ ကစားသမားကောင်းများစွာကိုလည်း ခေါ်ယူအားဖြည့်ထားတာ တွေ့ရတယ်။ မန်စီးတီးအသင်းကတော့ ခြေစွမ်းအရမ်းကောင်းနေတာမျိုး မဟုတ်ဘဲ အနည်းငယ်ရုန်းကန်နေရတဲ့ အနေအထားမျိုး ဖြစ်တယ်လို့ ယူဆထားပါတယ်။ ဒီပွဲစဥ်မှာ မန်စီးတီးအသင်းက ဘော်ဒီကြေး တစ်လုံးသုံးဆယ်စား ပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးငါးဆယ်စား ပေါက်နေပါတယ်။ မန်စီးတီးအသင်းရဲ့ ဘော်ဒီကြေးက တစ်ဂိုးလောက်နဲ့တော့ ကပ်နိုင်သွားနိုင်ပေမဲ့ နှစ်ဂိုးပြတ်ဖို့ ခက်မယ်လို့ ယူဆရမှာ ဖြစ်ပြီး သရေနဲ့လည်း ပွဲပြီးသွားနိုင်ပါတယ်။ နာပိုလီနည်းပြ ကွန်တီဆိုတာကလည်း ပွဲကြီးတွေမှာ တအားအလုပ်လုပ်တတ်တဲ့ နည်းပြမျိုးဖြစ်ပြီး လက်ရှိခြေစွမ်းအရ မန်စီးတီးအသင်း နိုင်ခဲ့ရင်တောင် တစ်ဂိုးပဲလို့ ယူဆထားပြီး ဂိုးပြတ်သွားမယ် မထင်ပါဘူး။ ဒီအတွက်ကြောင့် ပြားသုံးဆယ်ရင်းပြီး အောက်အသင်း နာပိုလီကို ရွေးပါမယ်။

◾နယူးကာဆယ် Vs ဘာစီလိုနာ
မနေ့ကအချိန်ထိ ဘာစီလိုနာက ဘော်ဒီကြေး ပြားသုံးဆယ် ပေးထားပေမဲ့ လက်ရှိအချိန်မှာ ဒဲ့ဖြစ်နေပါတယ်။ နယူးကာဆယ်ကို ကြည့်မယ်ဆိုရင် နောက်ဆုံးလေးပွဲမှာ တစ်ပွဲပဲ ကပ်နိုင်ထားပြီး ရုန်းကန်နေရဆဲ အခြေအနေမှာပဲ ရှိပါသေးတယ်။ ဘာစီလိုနာက နောက်ဆုံးလေးပွဲမှာ သုံးပွဲနိုင် တစ်ပွဲသရေကျခဲ့ပြီး နောက်ဆုံးပွဲမှာဆို ဗလင်စီယာကို ခြောက်ဂိုးပြတ် အနိုင်ရခဲ့တာပါ။ လက်ရှိခြေစွမ်းအရဆို ဘာစီလိုနာအနေနဲ့ မနိုင်ဘူးဆိုရင်တောင် ဘော်ဒီကြေး ပြားငါးဆယ်လောက် ပေးပြီး သရေကျသွားလို့ရပါတယ်။ ခုလိုမျိုး ဘော်ဒီကြေး ဒဲ့ပေါက်နေတာလိုလို နယူးကာဆယ်ကတောင် ကြေးကြောပြန်ပေးချင်တဲ့ ပုံစံမျိုးနဲ့ဆို နယူးကာဆယ် နိုင်ရင်တောင် နိုင်သွားမယ် ထင်ပါတယ်။ ဘာစီလိုနာဟာ အရင်တုန်းကလည်း ချန်ပီယံလိဂ် အဝေးကွင်းပွဲတွေမှာ သရေကျတာနဲ့ ရှုံးနိမ့်ခဲ့တာမျိုးတွေ မြင်တွေ့ခဲ့ရဖူးပါတယ်။ ဒီပွဲစဥ်မှာ အိမ်ကွင်းအားကို အသုံးချပြီး အင်တိုက်အားတိုက် အသေအကြေ ကစားမယ်လို့ ယူဆထားတာကြောင့် နယူးကာဆယ်ကို ကြိုက်ပါတယ်။
◾ကလပ်ဘရုဂ် Vs မိုနာကို
ချန်ပီယံလိဂ် အုပ်စုအဆင့်တွေမှာ တစ်သင်းကို ရှစ်ပွဲ ကစားရမှာဖြစ်ပြီး ပြင်သစ်ကလပ် မိုနာကိုက နောက်ပွဲတွေမှာ အသင်းကြီးတွေနဲ့ ပွဲကြပ်ကစားရဖို့ များနေတဲ့အတွက် အမှတ်ရသင့်တဲ့ပွဲစဥ်တွေမှာ အမှတ်ရအောင် ကစားထားဖို့လိုပါတယ်။ ကလပ်ဘရုဂ်ဆိုတာကလည်း ချန်ပီယံလိဂ်မှာ နှစ်တိုင်းလိုလို ကစားခွင့်ရနေပြီး အသင်းကြီးတွေကိုတောင် ဒုက္ခအမျိုးမျိုး လိုက်ပေးတတ်တဲ့ အသင်းမျိုး ဖြစ်ပါတယ်။ ဒီပွဲစဥ်မှာ ဘော်ဒီကြေး ဒဲ့ပေါက်နေပေမဲ့ ဂိုးပေါင်းကြေး သုံးလုံးသရေအထိ ကြေးပေါက်နေပါတယ်။ မိုနာကိုအသင်းက တိုက်စစ်အသားပေး ကစားတတ်တဲ့အတွက် အိမ်ရှင်ကလပ်ဘရုဂ်ကလည်း ရှိန်နေမှာမဟုတ်ဘဲ အိမ်ကွင်းပွဲမှာ အနိုင်ရအောင် ကြိုးစားလာပါလိမ့်မယ်။ နှစ်သင်းစလုံးရဲ့ ကစားပုံအရ အပြန်အလှန်ဂိုးတွေ ရမယ်လို့ မျှော်လင့်ထားတဲ့ အတွက် ဘော်ဒီကြေး ဒဲ့ ဖြစ်နေပေမဲ့ ဂိုးပေါင်းကြေး ပြင်းရှနေခြင်း ဖြစ်ပါတယ်။ ဒီကြေးမျိုးက ဖော်မြူလာပေါက်ကြေးလို့ ပြောရမှာဖြစ်ပြီး အနိမ့်ဆုံးအနေနဲ့ သုံးဂိုးမြင်ရမှာ ဖြစ်တာကြောင့် ဂိုးပေါ်ရွေးပါမယ်။

◾ကိုပင်ဟေဂင် Vs လေဗာကူဆင်
ကိုပင်ဟေဂင်က ခြေစစ်ပွဲအဆင့်မှာ အသင်းသုံးသင်းလောက်ကို ကျော်ဖြတ်လာတာ တွေ့ရပြီး အဝေးကွင်းပွဲတွေမှာ ရလဒ်သိပ်မကောင်းပေမဲ့ အိမ်ကွင်းသုံးပွဲလုံးကို အနိုင်ရထားခဲ့ပါတယ်။ လေဗာကူဆင်ကတော့ နည်ပြသစ်နဲ့ ပထမဆုံးပွဲမှာ နိုင်ပွဲရရှိခဲ့ပေမဲ့ ပြီးခဲ့တဲ့နှစ်က ကစားသမားတွေ ထွက်ခွာသွားခဲ့တာကြောင့် တည်ငြမ်မှုရဖို့ ရုန်းကန်နေတာ တွေ့ရပါတယ်။ ဒီပွဲစဥ်မှာ လေဗာကူဆင်အသင်းက ဘော်ဒီကြေး ပြားသုံးဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး နှစ်လုံးအရှုံး ပေါက်ပါတယ်။ လေဗာကူဆင်မှာ ဒဏ်ရာရ ပွဲပယ်ကစားသမားတွေ များနေတဲ့အတွက် ပွဲထွက်ကစားသမား ၁၁ ယောက်ပြီးသွားရင် လူစားလဲဖို့ ကစားသမားကောင်းတွေ မကျန်တော့ပါဘူး။ ဒိန်းမတ်မြေမှာ ကိုပင်ဟေဂင်ကလည်း လျှော့တွက်လို့မရတဲ့ အသင်းမျိုး ဖြစ်တာကြောင့် ဒီပွဲစဥ်မှာ သရေလောက်နဲ့ ပွဲပြီးသွားမယ်လို့ ထင်ပါတယ်။ လေဗာကူဆင်ရဲ့ ဘော်ဒီကြေးက အနည်းငယ်ကျဆင်းလာတဲ့အပြင် ဂိုးပေါင်းကြေးကလည်း လေဗာကူဆင်အသင်း ဂိုးများများရနိုင်တဲ့ ပေါက်ကြေးဖြစ်မနေပါဘူး။ ဒီအတွက်ကြောင့် အိမ်ရှင်အောက်ကြေး လက်မနှေးဆိုတဲ့အတိုင်း ကိုပင်ဟေဂင်ကိုပဲ ကြိုက်ပါတယ်။
◾ဖရန့်ဖတ် Vs ဂါလာတာစာရေး
ဖရန့်ဖတ်အသင်းက တိုက်စစ်အသားပေး ကစားတတ်တာကြောင့် ဂိုးသွင်းကောင်းသလို ခံစစ်ကလည်း ပွဲတိုင်းဂိုးပေးထားရပါတယ်။ ဂါလာတာစာရေးက တူရကီလိဂ်မှာ ငါးပွဲလုံး ဂိုးပြတ်တွေနဲ့ အနိုင်ရထားပြီး တစ်ဂိုးသာ ပေးထားရပါတယ်။ နောက်တစ်ချက်က ဂါလာစာရေးအသင်းက အရင်ရာသီက ပွဲတွေရော ခြေစမ်းပွဲတွေနဲ့ ဒီရာသီကပွဲတွေမှာ ရှုံးပွဲလုံးဝမရှိတာ ငါးလကျော်နေပါပြီ။ ဒီပွဲစဥ်မှာ အိမ်ရှင်ဖရန့်ဖတ်က ဘော်ဒီကြေး ပြားသုံးဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးလေးဆယ်အရှုံး ပေါက်ပါတယ်။ မနေ့ကထိ ဖရန့်ဖတ်က ဘော်ဒီကြေး ပြားခြောက်ဆယ်လောက် ပေါက်နေပေမဲ့ လက်ရှိအချိန်မှာ ပြားသုံးဆယ်သာ ပေးထားနိုင်ပါတယ်။ ဂိုးပေါင်းကြေးကတော့ ပြင်းရှနေတယ်လို့ ပြောရမှာဖြစ်ပြီး ဒီဂိုးပေါင်းကြေးအရ ဂါလာတာစာရေးအသင်း သေချာပေါက် ဂိုးရမယ်လို့ ထင်ပါတယ်။ ဖရန့်ဖတ်အနေနဲ့ အိမ်ကွင်းမှာတော့ ဒီလိုကြေးပျော့ပျော့လေး ပေးထားတာဟာ နိုင်ကြေးဖြစ်မနေပါဘူး။ ဂါလာတာစာရေးအသင်း ဂိုးရမယ်လို့ ယူဆထားသလို သရေလောက် ရသွားနိုင်တာကြောင့် ဂါလာတာစာရေး ဘော်ဒီကြိုက်ပါတယ်။
◾စပို့တင်း Vs ကိုင်ရတ်
ကာဇက်စတန်ကလပ် ကိုင်ရတ်က ချန်ပီယံလိဂ်ဝင်ခွင့်ရတဲ့ ၃၆ သင်းမှာ အားအနည်းဆုံးနဲ့ အဆင့်အနိမ့်ဆုံးအသင်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း စပို့တင်းအသင်းက ဘော်ဒီကြေးကို သုံးလုံးခြောက်ဆယ်စားဆိုပြီး ပြင်းရှစွာ အကြောပေးထားပေမဲ့ ဂိုးပေါင်းကြေးကတော့ လေးလုံးခြောက်ဆယ်စား ဖြစ်နေပါတယ်။ ဘော်ဒီကြေးနဲ့ ဂိုးပေါင်းကြေး မမျှတဘဲ စပို့တင်းအသင်း နိုင်တော့နိုင်မယ် လေးဂိုးလောက်ထိတော့ မသွင်းနိုင်ဘူးလို့ ထင်ပါတယ်။ ကိုင်ရတ်က ခြေစစ်ပွဲအဆင့်တွေမှာ သုံးသင်းဖြတ်ကျော်ခဲ့ပြီး စလိုဗန်ကို အိမ်ကွင်းမှာတစ်ဂိုးနဲ့ ကပ်နိုင်ပြီး အဝေးကွင်းမှာ တစ်ဂိုးနဲ့ ကပ်ရှုံးကာ ပင်နယ်လ်တီနဲ့ နောက်တစ်ဆင့်တက်လာပါတယ်။ နောက်ဆုံးအဆင့်မှာလည်း အင်အားကြီးကလပ် ဆဲလ်တစ်အသင်းကို နှစ်ကျော့လုံး ဂိုးမရှိသရေ ကစားပြီး ပင်နယ်တီနဲ့အနိုင်ရသွားကာ ချန်ပီယံလိဂ် ကစားခွင့်ရခဲ့ပါတယ်။ ဒီအချက်တွေကို ကြည့်မယ်ဆိုရင် ကိုင်ရတ်အသင်းဟာ ခံစစ်ကောင်းတယ်ဆိုတာ သိသိသာသာ မြင်တွေ့ထားရသလို စပို့တင်းကွင်းမှာ ခံစစ်ပိတ်ကစားဖို့များပါတယ်။ ကိုင်ရတ်အသင်းသာ ခံစစ်ပိတ်ကစားရင် စပို့တင်းလည်း ဂိုးအများကြီးရဖို့မလွယ်သလို ကိုင်ရတ်အသင်းလည်း တစ်ဂိုးရဖို့တောင် ခက်ပါတယ်။ စပို့တင်းအသင်း ကပ်နိုင်သွားပြီး ဂိုးအောက်သွားမယ်လို့ ယူဆတာကြောင့် ဂိုးအောက်တစ်မျိုးတည်းကို ရွေးချယ်ပေးချင်ပါတယ်။
