၂၇. ၈. ၂၀၂၅
Written by Nay Moe
တစ်ဦးတည်းအပြင်သွားသည့် လက်နက်မဲ့ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးကို PDF အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားမှု မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ သန်းကုန်းကျေးရွာအနီးတွင် ဖြစ်ပွားခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၅ ရက် နံနက် ၈ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ သန်းကုန်းကျေးရွာအနီး နွားထိုးကြီး-မလှိုင်ကားလမ်းဘေး၌ ကျည်ထိမှန် ဒဏ်ရာများဖြင့် အမျိုးသားတစ်ဦး သေဆုံးနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူမှာ မလှိုင်မြို့နယ်၊ ဆုံတွင်းကျေးရွာနေ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးချစ်သဲ(၅၂)နှစ်ဖြစ်ကြောင်း သိရှိရသဖြင့် ဖြစ်စဉ်အား စိစစ်ခဲ့ရာ ဩဂုတ် ၂၃ ရက် ည ၈ နာရီတွင် ဦးချစ်သဲသည် သရက်ကန်ကျေးရွာဘက်သို့ တစ်ဦးတည်းခြေလျင်ထွက်ခွာခဲ့ရာမှ နေအိမ်သို့ ပြန်လည်ရောက်ရှိလာခြင်းမရှိသဖြင့် လိုက်လံရှာဖွေခဲ့ရာ သန်းကုန်းကျေးရွာအနီး ကားလမ်းဘေးအရောက်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ထားခဲ့သဖြင့် ဦးချစ်သဲအား သေဆုံးနေသည်ကို တွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။
နွေဦးတော်လှန်ရေးစတင်ချိန်မှ ယခုအချိန်အထိ ကျောင်းသားကျောင်းသူများအပါအဝင် ကလေးသူငယ် ၂၃၀ ကျော်၊ သံဃာတော် အပါး ၉၀ ကျော်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင် ဆရာဆရာမ၊ နိုင်ငံ့ဝန်ထမ်း ၁၂၀၀ ခန့်အပါအဝင် ပြည်သူ ၁၀၀၀၀ ခန့်မှာ “ဒလန်၊ သူလျှို၊ သတင်းပေး၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်အောင် ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များနှင့် NLD,CRPH, NUG, PDF, EAOs တို့၏ သတ်ဖြတ်မှုကို ခံထားရသည်။
