၂၅.၈.၂၀၂၅
Written By Thandar
“ချစ်နေပြီ”တေးသီချင်းတွေနဲ့ ပရိသတ်အားပေးမှု အခိုင်အမာရရှိထားတဲ့ အဆိုတော်အုပ်စိုးခန့်က မကြာခင် ဒုတိယ Album သစ်ကို ပရိသတ်တွေ နားဆင်ဖို့အတွက် ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။
“လောလောဆယ်မှာ ကျွန်တော့်ရဲ့ ဒုတိယ Album လေး လုပ်နေပါတယ်။ မကြာခင်တော့ ပရိသတ်တွေဆီကို ရောက်တော့မယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော် ယုံလည်း ယုံကြည်ပါတယ်။ အရင်ကဆိုရင် ကျွန်တော်က သရုပ်ဆောင်ပိုင်းလည်း လုပ်လိုက်၊ သီချင်းလည်းဆိုတယ်။ ကိုယ့်ကိုယ်ကိုယ် ပြန်တွေးလိုက်ချိန်မှာ အာရုံစူးစိုက်မှုက တသတ်မှတ်ထဲဖြစ်မနေဘူးပေါ့။ ခုက ကျွန်တော် ဂီတဘက်ကို ပိုပြီး အာရုံစူးစိုက်မယ်။ ကျွန်တော့် ပရိသတ်ကလည်း သီချင်းနဲ့ ပိုပြီး သိလာတယ်။ အားပေးလာတာမို့လေ။ ပရိသတ်တွေ မေးကြတော့ ဂီတဘက်ကို ပိုအာရုံစိုက်နေတယ်။ မကြာခင် ပရိသတ်တွေ နားဆင်ရတော့မှာပါ”လို့ အဆိုတော် အုပ်စိုးခန့်က ပြောပါတယ်။
သူ့ရဲ့ ဒုတိယ Album မှာ တေးသီချင်း ၁၀ ပုဒ် ပါဝင်မှာဖြစ်ပြီးတော့ Online Platform တွေကပဲ သွားမလားဆိုတာ တိုင်ပင်နေတယ်လို့ သိရပါတယ်။ Music Video ကို အကောင်းဆုံး မြန်မာပြည်တွင်းမှာ သေချာရိုက်ကူးပုံဖော်ပေးသွားမယ်လို့ ဆိုပါတယ်။
“သီချင်းတွေကိုတော့ ပရိသတ်ဆီက အများကြီးတော့ မျှော်လင့်မထားပါဘူး။ ဘုရားပေးသလောက်ပါပဲ။ အရမ်းစိတ်ထဲမှာ တောင်းတရင် ပိုပင်ပန်းရလို့ပါ။ အကောင်းဆုံးတော့ တေးသီချင်းတွေကို ကြိုးစားထားပါတယ်။ ထွက်လာရင်အားပေးကြပါဦးလို့ ပြောချင်ပါတယ်”လို့ သူကဆက်ပြောပါတယ်။
#အုပ်စိုးခန့် #OakSoeKhant #MyanmarActor #MyanmarSinger
#MyanmarCele #MaharApplication




