




၂၄.၈.၂၀၂၅
Written By Thandar
မကြာခင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာကျင်းပမယ့် ၃၃ ကြိမ်မြောက် SEA Game ပြိုင်ပွဲကြီးမှာ ပါဝင်ယှဥ်ပြိုင်မယ့် မြန်မာနိုင်ငံကိုယ်စားပြု E-Sports အသင်းတွေကို ရွေးချယ်မယ့် “National Esports Championship 2025 Grand Final ပြိုင်ပွဲကြီးကို ယနေ့ ဩဂုတ် ၂၄ ရက် နံနက်က ရန်ကုန်မြို့ Thuwanna National Indoor Stadium (1)မှာခြိမ့်ခြိမ့်သဲသဲ ကျင်းပနေပါတယ်။
ဒီနေ့ယှဥ်ပြိုင်ကြတဲ့ NEC 2025 MLBB Main Event Day ကို 1 နဲ့ 2 ဆိုပြီး နှစ်ရက်ဆက်တိုက်ကျင်းပခဲ့ရာ
ပွဲစဥ်တွေကတော့ MLBB Women ပြိုင်ပွဲအဖြစ် Terror Queens Vs Falcon Daisies၊ MLBB အမျိုးသားပြိုင်ပွဲအဖြစ်Ai Esports Vs Falcon Esports တို့ ပါဝင် ယှဥ်ပြိုင်သွားခဲ့ကြပါတယ်။
အဆိုပါ SEA Game ပြိုင်ပွဲကြီးမှာ မြန်မာနိုင်ငံကိုယ်စားပြု MLBB အမျိုးသမီးအသင်းအဖြစ် ဆုံးဖြတ်ပေးတဲ့ NEC25 ပြိုင်ပွဲကြီးရဲ့ Grand Final Best of 5 ယှဥ်ပြိုင်မှုမှာ Terror Queens ကို သုံးပွဲနှစ်ပွဲနဲ့အနိုင်ယူခဲ့တဲ့ Falcon Daisies က Champion ဆုကို ရရှိခဲ့ပါတယ်။
ဒီပြိုင်ပွဲကြီးကို ကမ္ဘာ့ချန်ပီယံ Yangon Galacticos အသင်းလည်း လာရောက် အားပေးခဲ့ကြပါတယ်။
SEA Game ပြိုင်ပွဲကြီးမှာ ပါဝင်ယှဥ်ပြိုင်ဖို့အတွက် MLBB အမျိုးသားပြိုင်ပွဲအဖြစ် Ai Esports Vs Falcon Esports တို့ အကြိတ်အနယ်ဆက်လက်ယှဉ်ပါဝင်ယှဥ်ပြိုင်နေလျက်ရှိပါတယ်။
