




၂၄. ၈. ၂၀၂၅
Written by MMAK
◾ခရစ္စတယ်ပဲလေ့စ် Vs နော်တင်ဟန်ဖောရက်
ပထမပွဲစဥ်မှာ ချဲလ်ဆီးလို တိုက်စစ်ကောင်းတဲ့ အသင်းကို ဂိုးမပေးခဲ့ရတဲ့ ပဲလေ့စ်အသင်းရဲ့ ခံစစ်က တော်တော်လေး မာကျောမှုရှိပေမဲ့ အဓိက ကစားသမား အဇီကို အာဆင်နယ်အသင်းဆီ ပြောင်းရွှေ့ခွင့်ပေးခဲ့တာကြောင့် တိုက်စစ်ပိုင်းမှာအားနည်းချက်တွေ ရှိလာနိုင်ပါတယ်။ ဒီနှစ်သင်းလုံးရဲ့ အကောင်းဆုံးအချက်ကတော့ ကစားပုံမာကျောတဲ့ အသင်းတွေဖြစ်ပြီး ခံစစ်ကောင်းတဲ့ အသင်းတွေဖြစ်နေတာပါ။ နောက်ဆုံးတွေ့ဆုံမှု ခုနစ်ကြိမ်အထိ ဂိုးအောက်ဖြစ်ထားပြီး သုံးဂိုးရောက်တဲ့ပွဲ တစ်ပွဲမှ မရှိထားပါဘူး။ ဒီပွဲစဥ်မှာ အိမ်ရှင်ပဲလေ့စ်အသင်းက ဘော်ဒီကြေး ပြားနှစ်ဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး နှစ်လုံးခြောက်ဆယ်အရှုံး ပေါက်ပါတယ်။ ဘော်ဒီကြေးဟာ သရေဖြစ်သွားနိုင်တယ်ဆိုတဲ့ ပေါက်ကြေးမျိုးဖြစ်ပြီး ဂိုးပေါင်းကြေးကလည်း အပြန်အလှန်သွင်းဂိုးတွေ မြင်ရဖို့ ခက်ခဲနိုင်တဲ့ ပေါက်ကြေးမျိုး ဖြစ်ပါတယ်။ ပထမပိုင်းမှာ နှစ်သင်းလုံး ဂိုးရမယ်လို့ မထင်ဘဲ ဒုတိယပိုင်းမှသာ တစ်သင်းသင်း ကပ်နိုင်ရင်နိုင် မနိုင်ရင် တစ်ဖက်တစ်ဂိုးစီလောက်သာ မြင်ရနိုင်ပြီး သုံးဂိုးရောက်ဖို့ ခက်ခဲမယ်လို့ ထင်တာကြောင့် ဂိုးအောက်တစ်ကွက်တည်းကို ကြိုက်ပါတယ်။
◾အဲဗာတန် Vs ဘရိုက်တန်
ပထမပွဲမှာ တန်းတက်လာတဲ့ လိဒ်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ အဲဗာတန်အသင်းရဲ့ အဝေးကွင်းခြေစွမ်းက လုံးဝအားရစရာ မရှိပါဘူး။ အဝေးကွင်း ညံ့တဲ့ အဲဗာတန်
အသင်းအနေနဲ့ အခုကစားမဲ့ ဘရိုက်တန်အသင်းနဲ့ အိမ်ကွင်းပွဲမှာ ဘယ်လိုခြေစွမ်းမျိုးနဲ့ ကန်သွားမလဲဆိုတာ စောင့်ကြည့်ချင်စရာ ကောင်းပါတယ်။ ဘရိုက်တန်ကတော့ ပထမပွဲစဥ်မှာ ဖူဟမ်ကို သရေကျခဲ့ပြီး ဘယ်နောက်ခံလူတစ်ယောက်နဲ့ နောက်တန်းကစားသမား နှစ်ယောက်တို့ကို ခေါ်ယူထားကာ အပြောင်းအလဲ ကြီးကြီးမားမား မလုပ်ထားပါဘူး။ ဒီပွဲစဥ်မှာ အဝေးကွင်းဘရိုက်တန်အသင်းက ဘော်ဒီကြေး ပြားသုံးဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး နှစ်လုံးခြောက်ဆယ်အရှုံး ပေါက်ပါတယ်။ အဲဗာတန်အသင်းအနေနဲ့ အဝေးကွင်းပွဲတွေမှာ စွမ်းဆောင်ရည် သိပ်မကောင်းတဲ့အတွက် သူတို့အတွက် အိမ်ကွင်းပွဲတွေမှာ အမှတ်ရဖို့ အရေးကြီးပါတယ်။ ဘရိုက်တန်လို အလယ်အလတ်အသင်းမျိုးကိုတော့ အိမ်ကွင်းပွဲမှာ အနိမ့်ဆုံးအနေနဲ့ သရေတစ်မှတ်ရအောင် ကစားထားသင့်ပါတယ်။ ဘရိုက်တန်အသင်းရဲ့ ဘော်ဒီကြေးက အနိုင်ရဖို့ခက်တာကြောင့် အိမ်ကွင်းမှာ အားထည့်ကစားလာနိုင်တဲ့ အဲဗာတန်အသင်းကို ကြိုက်ပါတယ်။
◾ဖူဟမ် Vs မန်ယူ
ပထမပွဲစဥ်မှာ မန်ယူအသင်းက အာဆင်နယ်အသင်းကို ရှုံးနိမ့်ခဲ့ပြီး ဖူဟမ်အသင်းက သရေတစ်မှတ်ရခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်က ဖူဟမ်ကွင်းမှာတွေ့ဆုံစဥ်က အိမ်ရှင်ဖူဟမ်က ကြေးကြောပေးခဲ့တာ ဖြစ်ပေမဲ့ ဒီပွဲမှာ မန်ယူအသင်းက ဘော်ဒီကြေး ပြားခြောက်ဆယ် ပြန်ပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးရှစ်ဆယ်စား ပေါက်ပါတယ်။ မန်ယူအသင်းက တိုက်စစ်ပိုင်းမှာ ဆက်စ်ကို၊ အမ်ဘူမိုနဲ့ ကွန်ညာတို့ကို ခေါ်ယူထားပြီး အာဆင်နယ်နဲ့ပွဲမှာ ဂိုးပေါက်ကန်သွင်းခွင့်တွေ အများကြီးရခဲ့ပေမဲ့ အဆုံးသတ်အားနည်းမှုကြောင့် ဂိုးမရခဲ့ပါဘူး။ သို့ပေမဲ့ မန်ယူအသင်းရဲ့ တိုက်စစ်ပိုင်းကတော့ တော်တော်လေး အားရစရာ ကောင်းလာတာကို တွေ့ရပါတယ်။ ခံစစ်ကောင်းတဲ့ အာဆင်နယ်ကိုရှုံးခဲ့ပေမဲ့ မန်ယူအသင်းရဲ့ တိုက်စစ်ပိုင်းကို သဘောကျတဲ့အတွက် ဒီပွဲစဥ်မှာ မန်ယူအသင်း သေချာပေါက် ဂိုးရမယ်လို့ ထင်ပါတယ်။ ဘော်ဒီကြေး ပြားခြောက်ဆယ်ဆိုတာကလည်း မန်ယူအသင်း ကပ်နိုင်သွားလို့ရတဲ့ ကြေးတန်းတစ်ရပ်မှာ ရှိပါတယ်။ အိမ်ရှင်ဖူဟမ်အသင်းကလည်း ဂိုးရမယ်ဆိုရင် ဂိုးပေါ်နိုင်ချေရှိပြီး အထက်ကြေးနှစ်ခုမှာ တစ်ခုတော့ အောင်သွားမယ်လို့ ထင်ပါတယ်။ ဒီပွဲမှာတော့ မန်ယူအသင်းရဲ့ သွင်းဂိုးကို အနိမ့်ဆုံး တစ်ဂိုးကနေ နှစ်ဂိုးလောက်ထိ မျှော်လင့်လို့ရတာကြောင့် မန်ယူဘော်ဒီနဲ့ ဂိုးပေါ် နှစ်ခုလုံးကို ကြိုက်ပါတယ်။
◾ဗီလာရီးရဲVs ဂျီရိုနာ
ဗီလာရီးရဲအသင်းက ပထမဆုံးအိမ်ကွင်းပွဲမှာ တန်းတက်လာတဲ့ အိုဗီဒိုအသင်းကို နှစ်ဂိုးပြတ်အနိုင်ရခဲ့ပေမဲ့ ဂျီရိုနာအသင်းကတော့ အိမ်ကွင်းမှာတင် အလာဗက်အသင်းကို ရှုံးခဲ့ပါတယ်။ ဒီပွဲမှာ ဗီလာရီးရဲအသင်းက ဒုတိယမြောက်အိမ်ကွင်းပွဲ ထပ်ကစားရတာ ဖြစ်ပြီး ဘော်ဒီကြေး တစ်လုံးသရေနဲ့ ဂိုးပေါင်းကြေး သုံးလုံးသုံးဆယ်စား ပေးထားပါတယ်။ ဗီလာရီးရဲအသင်းရဲ့ ဘော်ဒီကြေးက အနည်းငယ်ပြင်းရှနေတာ တွေ့ရပြီး ဂိုးပေါင်းကြေးကလည်း ဒီညကစားမဲ့ လာလီဂါပွဲစဥ်တွေထဲမှာ အပြင်းဆုံး ဖြစ်နေပါတယ်။ ဗီလာရီးရဲအသင်းရဲ့ ဘော်ဒီပေါက်ကြေးအရဆို နှစ်ဂိုးလောက်ထိ မျှော်လင့်လို့ရနေတာကြောင့် ဗီလာရီးရဲ ဘော်ဒီရွေးမလား ဂိုးပေါ်ရွေးမလား စဥ်းစားရမှာ ဖြစ်ပါတယ်။ တစ်ဖက်က ဂျီရိုနာအသင်းကလည်း တိုက်စစ်အသားပေး ကစားတတ်တာကြောင့် တစ်ဂိုးလောက် ရသွားနိုင်တဲ့ အနေအထားမှာ ဂိုးပေါင်းအပေါ် ရွေးချယ်ခြင်းက ပိုပြီးစိတ်ချရမယ် ထင်ပါတယ်။ တစ်ဖက်တစ်ဂိုးစီလောက် ရသွားနိုင်ပြီး အနိမ့်ဆုံးအနေနဲ့ သုံးဂိုးလောက်ထိ မြင်ရနိုင်တာကြောင့် ဂိုးပေါ်တစ်မျိုးတည်းကို ရွေးချယ်ပေးချင်ပါတယ်။
◾မိုချန်ဂလာဘတ် Vs ဟမ်းဘတ်
ခုနစ်နှစ်အကြာမှာ တန်းပြန်တက်လာတဲ့ ဟမ်းဘတ်အသင်းရဲ့ တစ်ကျော့ပြန်ဘွန်ဒက်လီဂါပွဲဖြစ်ပြီး ကစားသမားသစ်များစွာကို ခေါ်ယူထားတဲ့ ဟမ်းဘတ်အသင်းအနေနဲ့ ဘယ်လောက်ထိ လုပ်ပြနိုင်မလဲ စောင့်ကြည့်ချင်ပါတယ်။ ဒီပွဲစဥ်မှာ ဂလာဘတ်အသင်းက ဘော်ဒီကြေး တစ်လုံးရှစ်ဆယ်စား ပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးနှစ်ဆယ်အရှုံး ပေါက်နေပါတယ်။ ဒီလိုဘော်ဒီကြေးနဲ့ ဂိုးပေါင်းကြေးမှာဆိုရင် အမြဲလိိုလို အောက်အသင်းက ဂိုးရတတ်ပါတယ်။ နောက်တစ်ချက်က ဒီပေါက်ကြေးမှာ အောက်အသင်းတွေ ကြေးအောင်တာများပြီး အိမ်ရှင်ဂလာဘတ်အသင်းအတွက် ဒီပေါက်ကြေးကတော့ နိုင်ကြေး မဟုတ်ပါဘူး။ အလယ်အလတ်အသင်းဖြစ်တဲ့ ဂလာဘတ်အနေနဲ့ ပြီးခဲ့တဲ့ရာသီမှာ ရုန်းကန်ခဲ့ရသလို ဥရောပဝင်ခွင့်လည်း မကစားရတာကြောင့် အမှတ်ပေးပွဲ တစ်ခုတည်းကို အားစိုက်ကစားရမဲ့အချိန်မှာ ဒီကြေးနဲ့တော့ မနိုင်လောက်ဘူး ထင်ပါတယ်။ အဝေးကွင်း ဟမ်းဘတ်အသင်းက သေချာပေါက် ဂိုးရသွားမယ်လို့ ယူဆထားတာကြောင့် အောက်ကြေးဖြစ်တဲ့ ဟမ်းဘတ်ဘော်ဒီကို ကြိုက်ပါတယ်။
