
၂၁. ၅. ၂၀၂၅
Written by MMAK
မြန်မာစံတော်ချိန် မေလ ၂၂ ရက် မနက် ၁ နာရီခွဲမှာ မန်ယူအသင်းနဲ့ စပါးအသင်းတို့ရဲ့ ယူရိုပါလိဂ် ဖိုင်နယ် ဗိုလ်လုပွဲကြီးကို စပိန်နိုင်ငံ၊ ဘီဘာအိုမြို့မှာ ယှဥ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။
နောက်နှစ်မှာ ချန်ပီယံလိဂ်ဝင်ခွင့်ရမှာ ဖြစ်တဲ့အတွက် ယူရိုပါလိဂ်ဖလားဟာ ဇယားအောက်ခြေက ခြေမလှတဲ့ နှစ်သင်းလုံးအတွက် အရေးကြီးပါတယ်။ စပါးအသင်းဟာ ဒီဖလားကို ဟိုးအရင်တုန်းက နှစ်ကြိမ်ရဖူးခဲ့ပေမဲ့ ယူရိူပါလိဂ်ဖလားလို့ ပြောင်းလဲပြီးနောက်ပိုင်းမှာ ဖလားမရတာ နှစ်ပေါင်းလေးဆယ်ကျော်ခဲ့ပြီးဖြစ်ပါတယ်။ မန်ယူအသင်းကတော့ မော်ရင်ဟိုလက်ထက် ၂၀၁၆ – ၂၀၁၇ ရာသီမှာ တစ်ကြိမ်ရရှိထားပါတယ်။
ဒီပွဲရှုံးခဲ့ရင် စပါးနည်းပြ အန်ဂျီက အထုတ်ခံရဖို့များနေပြီး စီးပွားရေး၊ ဘဏ္ဍာရေးနဲ့ ကစားသမားခေါ်ယူမှုတွေမှာလည်း နှစ်သင်းလုံးအပေါ် အများကြီး သက်ရောက်နေပါတယ်။

မန်ယူအသင်းက ပွဲစဥ်တစ်လျောက်မှာ ရှုံးပွဲလုံးဝမရှိဘဲ ဖိုင်နယ်ကို တက်ရောက်လာတာ ဖြစ်ပေမဲ့ စပါးအသင်းနဲ့ ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံးခြောက်ပွဲမှာတော့ နိုင်ပွဲမရထားဘဲ လေးပွဲရှုံးကာ နှစ်ပွဲသရေကျခဲ့ပါတယ်။ ဒီရာသီမှာဆိုရင် သုံးကြမ်အထိ တွေ့ဆုံထားပြီး သုံးပွဲလုံးကို စပါးအသင်းက အနိုင်ရထားတာကို တွေ့ရပါတယ်။ ဒဏ်ရာရ ကစားသမားစာရင်းမှာတော့ မန်ယူအသင်းမှာ လူစုံနီးပါး ပါဝင်နိုင်ပေမဲ့ စပါးအသင်းမှာတော့ အဓိက ကစားသမားတွေဖြစ်တဲ့ မက်ဒီဆင်နဲ့ ကူလီဆက်စကီးတို့ မပါနိုင်ပါဘူး။
ဒီပွဲစဥ်မှာ မန်ယူအသင်းက ဖလားရနိုင်ခြေ ပိုများတယ်လို့ သုံးသပ်ထားကြပြီး ပေါက်ကြေးမှာဆိုရင်လည်း မန်ယူအသင်းက ဘော်ဒီကြေး ပြားသုံးဆယ်အရှုံးနဲ့ ဂိုးပေါင်းကြေး နှစ်လုံးအပြည့်ရှုံးဆိုပြီး ကြေးဖွင့်ထားတာကို တွေ့ရပါတယ်။
All English Final ပွဲဖြစ်သလို နှစ်သင်းလုံးမှာ အခွင့်အရေးရှိနေပြီး ငါးဆယ်ရာခိုင်းနှုန်ဆီလို့ သတ်မှတ်လို့ရပေမဲ့ မန်ယူအသင်းက ရာခိုင်နှုန်းအနည်းငယ် ပိုသာတယ်လို့ သုံးသပ်ရမှာ ဖြစ်ပါတယ်။ ဖိုင်နယ်ပွဲအတွေ့အကြုံနဲ့ ပရိသတ်အင်အားမှာလည်း မန်ယူဖန်တွေက ပိုများတာကို တွေ့ရမှာ ဖြစ်ပါတယ်။ အကြောင်းသိနေတဲ့ အသင်းတွေ ဖြစ်တာကြောင့် ဒီပွဲစဥ်မှာ မိနစ်ကိုးဆယ်အတွင်းမှာ အဖြေပေါ်သွားနိုင်ပြီး အချိန်ပိုနဲ့ ပင်နယ်တီအထိ ရောက်မယ်လို့ မထင်ပါဘူး။

ဆွန်ဟောင်မင်၊ ဆိုလန်ကီနဲ့ ဂျွန်ဆင်တို့ ပါဝင်လာနိုင်တဲ့ စပါးအသင်းရဲ့တိုက်စစ်ပိုင်းက ပိုကောင်းပေမဲ့ ဖာနန်ဒက်၊ ကတ်ဆီမီရိုနဲ့ အူဂါတေးတို့ ပါဝင်လာနိုင်တဲ့ ကွင်းလယ်ပိုင်းမှာတော့ မန်ယူအသင်းက ပိုကောင်းပါတယ်။ နောက်တန်းကတော့ ခြေရည်တူတယ်လို့ ပြောရမှာ ဖြစ်ပေမဲ့ ဂိုးသမားနေရာမှာတော့ အိုနာနာထက် စပါးဂိုးသမား ဗီကာရီရိုက ပိုကောင်းတယ်လို့ ထင်ပါတယ်။ ဘောလုံးအသင်းတစ်သင်းမှာ ကွင်းလယ်ပိုင်းက ပိုအဓိကကျတယ်လို့ ယူဆထားတာကြောင့် ကွင်းလယ်ပိုင်းပိုကောင်းတဲ့ မန်ယူအသင်းက အသာရနိုင်ခြေ များပါတယ်။
ဒီပွဲစဥ်ကို မိနစ်ကိုးဆယ်အတွင်းမှာ အဖြေပေါ်မယ်လို့ သုံးသပ်ထားတာကြောင့် နှစ်သင်းစလုံး ဂိုးရနိုင်တယ်လို့ ယူဆထားပြီး အဆုံးသတ်သေချာတဲ့အသင်းက အနိုင်ရသွားမယ်လို့ ထင်ပါတယ်။ ပထမပိုင်းမှာ တစ်ဂိုးလောက်ရခဲ့ရင် ပွဲပြီးဆုံးချိန်မှာ သုံးဂိုးလောက်မြင်ရဖို့ မခက်ပါဘူး။ ရွေးချယ်မှု အနေနဲ့ကတော့ ဂိုးပေါ်ကစားဖို့ ရွေးချယ်ပေးချင်ပြီး ဘော်ဒီအနေနဲ့ဆိုရင်တော့ မန်ယူအသင်းကိုပဲ ရွေးချယ်ရမှာ ဖြစ်ပါတယ်။ မန်ယူအသင်း ချန်ပီယံလိဂ် ကစားခွင့်ရမှ ဘောလုံးစျေးကွက် စီးပွားရေးအရ အဆင်ပြေနိုင်တာကြောင့် မန်ယူအသင်းသာ ဖလားရနိုင်ခြေ ပိုများမယ်လို့ သုံးသပ်ရမှာ ဖြစ်ပြီး ဒီဖလားနောက်မှာ ချန်ပီယံလိဂ်ဝင်ခွင့်ကလည်း ကပ်ပါနေတာကြောင့် မန်ယူအသင်းသားတွေရဲ့ အားထုတ်မှု အပြည့်အဝကိုလည်း မြင်ရဖွယ်ရှိနေပါတယ်။
