
၇. ၄. ၂၀၂၅
Weitten by Nay Moe
မြန်မာနိုင်ငံမှာ မတ်လ ၂၈ ရက်က ပြင်းထန်စွာလှုပ်ခတ်ခဲ့တဲ့ မန္တလေးငလျင်ကြီးကို လာကြည့်သွားတဲ့
Kiran Verma ဆိုသူ အိန္ဒိယနိုင်ငံသား Yotuber တစ်ဖြစ်လဲ Simply Blood ဆိုတဲ့ သွေးလှူဒါန်းမှုအဖွဲ့အစည်းလေး ထူထောင်သူရဲ့ ရေးသားချက်ကို Exile Media က ပုံကြီးချဲ့ရေးသားလာတဲ့အပြင် အင်္ဂလိပ်စာ၊ ဂျပန်စာတွေနဲ့ပါ လူမှုကွန်ရက်မျိုးစုံက ဖြန့်ဝေနေတာကြောင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက Kiran Verma ရဲ့ ရေးသားချက်ဟာ အိန္ဒိယအစိုးရနဲ့ မသက်ဆိုင်ဘဲ တစ်သီးပုဂ္ဂလအမြင်သာဖြစ်ကြောင်းနဲ့ အိန္ဒိယနိုင်ငံသားတွေ မြန်မာ့မီဒီယာတွေကို ရှောင်ရှားဖို့ အကြံပြုချက်ကို ဒီညမှာ ဖော်ပြလာတာပါ။

“ဤလူမှုကွန်ရက်မီဒီယာပို့စ်ကို တစ်ဦးတစ်ယောက်အား ရည်ညွှန်းပါသည်။ ၎င်းပို့စ်သည် အဆိုပါပုဂ္ဂိုလ်၏ ပုဂ္ဂလိကထင်မြင်ယူဆချက်ကို ဖော်ပြသည့် ပို့စ်သာဖြစ်နိုင်ပြီး အိန္ဒိယအစိုးရ၏ ရပ်တည်ချက်နှင့် မသက်ဆိုင်ပါ။ ထို့အပြင် သက်ဆိုင်ရာမြန်မာအာဏာပိုင်များ၏ ကြိုတင်ခွင့်ပြုချက်မရှိဘဲ မြန်မာနိုင်ငံရှိ သတင်းမီဒီယာများတွင် သတင်းပေးပို့ခြင်းကိုရှောင်ကျင်ရန် အိန္ဒိယနိုင်ငံသားများအား အကြံပြုတိုက်တွန်းအပ်ပါသည်။”လို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက Kiran Verma ရဲ့ ပို့စ်ကို အင်္ဂလိပ်လိုရော ဂျပန်လိုပါ X မှာ ဖြန့်ဝေနေတာနဲ့တွဲပြီး မျှဝေထားတဲ့ Screenshot နဲ့ သတိပေး ဖော်ပြခဲ့ပါတယ်။

မအောင်မြင်တဲ့ Youtuber တစ်ဖြစ်လဲ Kiran Verma ဟာ သူ့ရဲ့ ငွေမရတဲ့ Facebook Page ကနေ ‘သေနတ်ပြောင်းတွေရှေ့ ကယ်ဆယ်ရေးမလုပ်နိုင်ကြောင်း’၊ ‘စစ်တပ်အနေနဲ့ နိုင်ငံရဲ့ အဆိုးဆုံးအချိန်မှာ ကိုယ်ချင်းစာနာစိတ်မရှိရင်တောင် လူစိတ်နည်းနည်းလောက်ရှိသေးတယ်ဆိုတာ ပြသဖို့မျှော်လင့်ကြောင်း’၊ ပြိုကျနေတဲ့ အဆောက်အအုံတွေနဲ့ အပြစ်မဲ့ရုပ်အလောင်းတွေက ထွက်ရှိတဲ့ သေဆုံးဒီမိုကရေစီရဲ့ အနံ့အသက်ကို သည်းမခံနိုင်ကြောင်း’၊ အာရှရဲ့ စပါးကျီဖြစ်တဲ့ နိုင်ငံဟာ သေနတ်ထောက် ချုပ်ကိုင်ခံနေရပြီး ငွေမည်းတွေနဲ့ လွှမ်းခြုံထားကြောင်း’ စသလို ရေးခဲ့ပြီး ဒီရေးသားချက်တွေဟာ အိန္ဒိယနဲ့ မြန်မာနိုင်ငံအကြား ချစ်ကြည်မှု၊ အိန္ဒိယနိုင်ငံက မြန်မာ့ငလျင်ဘေးအတွက် ဗြဟ္မာစီမံချက်နဲ့ အင်တိုက် အားတိုက်ကူညီနေတဲ့ ပုံရိပ်ကို မှေးမှိန်စေမှုကြောင့် အရေးယူပေးဖို့ မြန်မာနိုင်ငံသားတစ်ဦးကလည်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးနဲ့ အိန္ဒိယပြည်ပရေးရာဝန်ကြီးဆီကို ဧပြီ ၅ ရက်က စာပို့တိုင်ကြားခဲ့ပါတယ်။
အထူးသဖြင့် EAO, NLD, CRPH, NUG နဲ့ PDF တွေက ရဟန်းသံဃာတွေ၊ နိုင်ငံဝန်ထမ်းတွေ၊ အရပ်သားတွေနဲ့ ကျောင်းသားကျောင်းသူပါမချန် သတ်ဖြတ်နေချိန်မှာ လုံခြုံရေးတိုးမြှင့်ထားရတာကိုလည်း Kiran Verma သဘောမပေါက်ခဲ့ဘူးလို့လည်း သုံးသပ်ကြပါတယ်။
