

၁၃.၃.၂၀၂၅
Written by KL
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ ၁/အနော်မာရပ်ကွက်၊ လမ်းသစ်(၁) လမ်းတွင် မတ်လ ၁၃ ရက် ညနေ ၄ နာရီ ၄၀ မိနစ်ခန့်က အိပ်ခန်းအတွင်း အောက်ခံခွက်မပါဘဲ ခြင်ဆေးခွေထွန်းထားခဲ့ပြီး အပြင်သို့ထွက်သွားရာမှ ခြင်ဆေးခွေလဲကျကာ အနီးရှိ မွေ့ယာသို့ မီးကူးစက်လောင်ကျွမ်းခဲ့၍ နေအိမ်နှစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း မီးငြှိမ်းသတ်သူများထံမှသိရသည်။
မီးလောင်မှုမှာ အလျား ပေ ၂၀၊ အနံ ပေ ၄၀ရှိ သွပ်မိုး၊ပျဥ်ထောင်၊ ပျဥ်ခင်းနှစ်ထပ်နေအိမ်တွင် စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး နှစ်ထပ်နေအိမ် နှစ်လုံးနှင့်အတွင်းပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၁၀ စီး၊ ရေသယ်ယာဥ် ၅ စီး၊ ကွပ်ကဲမှုယာဥ် ၁ စီး၊ အထောက်အကူပြုယာဥ် ၁ စီးနှင့် သန္ဓေအရန် မီးသတ်တပ်ဖွဲ့ဝင် ၁၀၀ ခန့်ဖြင့် မီးငြှိမ်းသတ်ခဲ့ရာ ညနေ ၅ နာရီ ၅ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
နေအိမ်၂လုံးမီးလောင်မှုကြောင့် အသက် ၆၈ နှစ်အရွယ် အဘိုးအိုကို သာကေတမြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
အလားတူ မတ်လ ၁၃ ရက် နံနက် ၅ နာရီ ၅၀ မိနစ်ခန့်က မှော်ဘီမြို့နယ်၊ တပ်ကြီးကုန်းကျေးရွာ၊ သီရိမင်္ဂလာလမ်းရှိ အုတ်ကြွပ်မိုး၊ အုတ်ကာ အုတ်ခင်း တစ်ထပ် ၊လူနေအိမ်တွင် ဟောင်းနွမ်းဆွေးမြေ့သော ဝါယာကြိုးအပူလွန်ကဲပြီး အောက်ရှိစာအုပ်များပေါ်သို့ မီးပွားကျရာမှ နေအိမ်နှင့် အတွင်းပစ္စည်းများမီးလောင်ဆုံးရှုံးခဲ့သည်။