
MT News
၁၈. ၂. ၂၀၂၅
ရွှေရောင်းဝယ်ရာတွင် မရိုးဖြောင့်သောသဘောဖြင့် အခြေပစ္စည်းများ၊ ကံစမ်းမဲ များပေး၍ ဈေးနှုန်းတက်နိုင်သည့် အလားသဏ္ဍာန်ဆောင်သောနည်းလမ်းများဖြင့် ရောင်းဝယ်ခြင်း မပြုလုပ်ကြရန် မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းချုပ်(FMGEA) ရွှေလုပ်ငန်းရှင်များကို သတိပေးထားသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ (၂၅-၁၀-၂၀၂၄)ရက်နေ့စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၁၅၅/၂၀၂၄ ဖြင့် ဓာတ်သတ္တု(ရွှေ)ရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ခွင့်အမိန့်အား ထုတ်ပြန်ခဲ့ရာ အဆိုပါအမိန့်ကြော်ငြာစာ၏အခန်း(၅)၊ အပိုဒ် (၂၀)တွင် “လုပ်ငန်းလိုင်စင်ရရှိသည့်ပုဂ္ဂိုလ် သို့မဟုတ် ကုမ္ပဏီသည် ရွှေရောင်းဝယ်ရာတွင် မရိုးဖြောင့်သော သဘောဖြင့် အခြေပစ္စည်းများ၊ ကံစမ်းမဲများပေး၍ ဈေးနှုန်းတက်နိုင်သည့်အလားသဏ္ဍာန်ဆောင်သော နည်းလမ်းများဖြင့် ရောင်းဝယ် ခြင်းမပြုရ” ဟုပါရှိ၍ မလိုလားအပ်သည့်ကိစ္စရပ်များ မဖြစ်ပေါ်စေရန်အလို့ငှာ တိုင်းနှင့်ပြည်နယ်များရှိ ရွှေလုပ်ငန်းရှင်များအပါအဝင် တစ်နိုင်ငံလုံးရှိ ရွှေလုပ်ငန်းရှင်များအနေဖြင့် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ (၂၅-၁၀-၂၀၂၄) ရက်နေ့စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၀၅၅/၂၀၂၄ အား တိကျစွာလိုက်နာကျင့်သုံးဆောင်ရွက်ကြပါရန် အသိပေးအကြောင်းကြားအပ်ပါသည်”ဟု ဟု FMEGA က သတိပေးထားသည်။
ပြည်တွင်း ရွှေစျေးကွက်အတွင်း ဓာတ်သတ္တု(ရွှေ) ရည်ညွှန်းဈေး (Market Rate) ကို ယနေ့ ဖေဖော်ဝါရီ ၁၈ ရက်တွင် သိပ်သည်းဆ ၁၉ ဒသမ ၂၅ ဂရမ်/ကုဗစင်တီမီတာနှင့်အထက်ရှိ စံချိန်မီရွှေ ၁ ကျပ်သား (၁၆.၃၂၉၃၂၅ ဂရမ်)၏ ဈေးနှုန်းကို ၅,၄၉ဝ,ဝဝဝ ကျပ်အဖြစ် ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းဈေးသတ်မှတ်ရေးကော်မတီက သတ်မှတ်ပေးထားသော်လည်း ပြင်ပစျေးကွက်တွင် ၆,၆၂၀,၀၀၀ ဖြစ်ပေါ်နေသဖြင့် ပြင်ပစျေးက ရည်ညွှန်းစျေးထက် ကျပ် ၁၁ သိန်း ၃ သောင်း ပိုမိုများပြားနေသည်။
