




၁၇.၂.၂၀၂၅
Written by KL
မန္တလေးတိုင်းဒေသကြီး၊ မိတ္တီလာမြို့၊ ရန်မျိုးအောင်ရပ်ကွက်၊ ရန်နိုင်လမ်းရှိ နေအိမ်တစ်လုံးတွင် ဖေဖော်ဝါရီ ၁၇ ရက် နံနက် ၄ နာရီ ၂၀ မိနစ်ခန့်က အိပ်ယာဘေးတွင် ဖယောင်းတိုင်ထွန်းထားရာမှ လူနေအိမ် ၃ လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးငြှိမ်းသတ်သူများထံမှ သိရသည်။
မီးလောင်မှုမှာ ၂ ထပ်နေအိမ်၏ အောက်ထပ်ရှိ အိပ်ယာဘေးတွင် ဖယောင်းတိုင်မီးထွန်းထားရာမှ အနီးရှိ ခြင်ထောင်ကို မီးကူးစက်ကာ စတင်လောင်ကျွမ်းခဲ့ကြောင်း စစ်ဆေးသူများထံမှ သိရသည်။
မီးလောင်မှုမှာ ၁၀ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး မိတ္ထီလာမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၇ စီး၊ မီးသတ်ရေသယ်ယာဉ် ၃ စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ငြှိမ်းသတ်ခဲ့ရာ နံနက် ၄ နာရီခွဲတွင် မီးငြိမ်းခဲ့သည်။
နေအိမ်သုံးလုံးမီးလောင်မှုကြောင့် အသက် ၅၄ နှစ်အရွယ် ဦးခင်မောင်ဝင်းကို ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှတ်(၂)နယ်မြေရဲစခန်းက အမှုဖွင့်ထားကြောင်း သိရသည်။