MT News
၃၀.၁၁.၂၀၂၄
အာဆီယံ ဘောလုံးအဖွဲ့ချုပ် ကောင်စီဝင်အဖြစ် မြန်မာ နိုင်ငံ ဘောလုံးအဖွဲ့ချုပ် အကြီးတန်း ဒုတိယဥက္ကဋ္ဌ ဦးပြည့်ဖြိုးတေဇ ရွေးချယ်ခန့်အပ်ခံရကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က သိရသည်။
လာအိုနိုင်ငံက ဗီယန်ကျင်းမြို့တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ၃၁ ကြိမ်မြောက် အာဆီယံ ဘောလုံး အဖွဲ့ချုပ် ကွန်ဂရက် 31st Ordinary Congress of the ASEAN Football Federation (AFF) အခမ်းအနားတွင် ခန့်အပ်ခံရခြင်းဖြစ်သည်။
ဦးပြည့်ဖြိုးတေဇ အနေဖြင့် လာမည့် ၂၀၂၆ ခုနှစ်ထိ အာဆီယံ ဘောလုံးအဖွဲ့ချုပ် AFF Council Member အဖြစ် တာဝန်ယူ ဆောင်ရွက်ရမည် ဖြစ်သည်။
၃၁ ကြိမ်မြောက် အာဆီယံ ဘောလုံးအဖွဲ့ချုပ် ကွန်ဂရက် 31st Ordinary Congress of the ASEAN Football Federation (AFF) အခမ်းအနားသို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် MFF ကိုယ်စားလှယ်အဖွဲ့တွင် ဥက္ကဋ္ဌ ဦးဇော်ဇော်၊ အကြီးတန်းဒုတိယ ဥက္ကဋ္ဌ ဦးပြည့်ဖြိုးတေဇ၊ အထွေထွေ အတွင်းအရေးမှူး ဦးထွန်းထွန်းအောင်တို့ တက်ရောက်ခဲ့ကြပြီး အာဆီယံ ဘောလုံးအဖွဲ့ချုပ် ကောင်စီအဖွဲ့ဝင် မဲပေးရွေးချယ်ခြင်း၊ ၂၀၂၃ AFF ဘက်ဂျတ်ကိုအတည်ပြုခြင်း၊ အာဆီယံဒေသတွင်း ဘောလုံးဖွံ့ဖြိုးရေး လုပ်ငန်းများ၊ ပြိုင်ပွဲများနှင့် အထွေထွေ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်းသိရသည်။
Photo-MFF