မြင်းမူမြို့နယ် ဂွေးပင်တောကျေးရွာအနီးတွင် အကြမ်းဖက်သမားများက မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိခဲ့သည့် ဆရာတော်တစ်ပါးကို တွေ့ရစဥ်

MT News

Written by Nay Moe

မကွေးတိုင်းဒေသကြီး စလင်းမြို့နယ် ချောင်းဆုံကျေးရွာမှ ရွာဦးဘုန်းတော်ကြီးကျောင်း ကျောင်းထိုင် ဆရာတော်အား PDF များက ဖမ်းဆီးသွားသည်ဟု SAC က သတင်းထုတ်ပြန်ထားသည်။

ဖြစ်စဥ်မှာ စက်တင်ဘာ ၃၀ ရက် နံနက် ၁ နာရီခွဲခန့်တွင် မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ တညောင်တင့်ကျေးရွာအုပ်စု၊ ချောင်းဆုံကျေးရွာရှိ “ ရွာဦး ” ဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော် ဥုးသုန္ဒရ သက်တော် ၆၀၊ ဝါတော် ၂၅ ဝါ သည် ဘုန်းကြီး ကျောင်းအတွင်း၌ အဆိုပါကျေးရွာနေသူများဖြစ်သည့် မောင်ဖိုးလွင် (၁၈)နှစ်၊ ဦးဖိုးလွယ် (၃၀)နှစ် တို့နှင့်အတူရှိနေစဉ် PDF ၁၅ ဦးခန့် ရောက်ရှိလာပြီး ဆရာတော်နှင့် ဦးဖိုးလွယ်တို့ ၃ ဦးအား ချောင်းဆုံကျေးရွာ၏ အရှေ့ဘက်တောအတွင်းသို့ ဖမ်းဆီးခေါ်ဆောင်ကာ တောစပ်အရောက်၌ ဦးဖိုးလွယ်နှင့် မောင်ဖိုးလွင်တို့အား ပြန်လည်စေလွှတ်ပေးပြီး ဆရာတော် ဉီးသုန္ဒရအား တောအတွင်းသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု သိရသည်။

ထိုနည်းတူ သတင်းပေး၊ ဒလန် ဟု စွပ်စွဲကာ ဝက်လက်နှင့် ကန့်ဘလူမှ ကျောင်းထိုင်ဆရာတော်နှစ်ပါးအား PDF က စက်တင်ဘာ ၂၃ ရက်တွင် ဖမ်းဆီးသွားသည်ဟုလည်း SAC က စက်တင်ဘာ ၂၄ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

ဝက်လက်နှင့် ကန့်ဘလူမှ ဆရာတော်နှစ်ပါးအား PDF ဖမ်းဆီးသွားသည့် ဖြစ်စဥ်များတွင် ဖော်ပြခဲ့သည့် ထုတ်ပြန်ချက်အရ စက်တင်ဘာ ၂၃ ရက် မွန်းတည့် ၁၂ နာရီ အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်၊ မောက်ကြိုးကျေးရွာရှိ ရင်းကျောင်းဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော် ဥူးပုညသီရိ (၃၇)နှစ် (၁၈)ဝါသည် ကျန်းမာရေးမကောင်းသဖြင့် မုံရွာမြို့သို့ ဆေးသွားရောက်ကုသရန်အတွက် အဆိုပါကျေးရွာနေ မောင်ထက်မြတ်နိုင် (၂၀)နှစ် (ဘ) ဦးမင်းစောထွေးနှင့်အတူ ဘုန်းကြီးကျောင်းပိုင် မော်တော်ယာဉ်ဖြင့် အရာတော်-မုံရွာကားလမ်း အတိုင်း ထွက်ခွာလာခဲ့ရာ ဝက်လက်မြို့နယ် ရွာသာကြီးကျေးရွာ သင်္ချိုင်းအနီးအရောက်၌ PDF ၃၀ ခန့်က ဆရာတော်စီးနင်းလာသည့် မော်တော်ယာဉ်အား တားဆီးကာ ဆရာတော်အား “ သတင်းပေး၊ ဒလန် ” ဟုစွပ်စွဲ၍ ဘုန်းကြီးကျောင်းပိုင် မော်တော်ယာဉ်နှင့်အတူ ဖမ်းဆီးခေါ်ဆောင် သွားပြီး မောင်ထက်မြတ်နိုင်အား ပြန်လည်စေလွှတ်ပေးခဲ့ကြောင်း သိရသည်။

အလားတူ ထိုနေ့ ညနေ ၄ နာရီခန့်တွင် ကန့်ဘလူမြို့နယ်၊ အင်္ဂါထောင့်ကျေးရွာ ရွှေအင်းဘုန်းကြီးကျောင်း ကျောင်းထိုင်ဆရာတော် ဥူးသောဘဏ (၅၃)နှစ် ဝါတော်(၃၃)ဝါ (ခမည်းတော်) ဦးဖိုးခွေးသည် ဘုန်းကြီးကျောင်းအတွင်း၌ ဆရာတော်၏အစ်ကို ဖြစ်သူ ဦးညိုမောင်(၇၈)နှစ် နှင့် ဆရာတော်၏ ယာဉ်မောင်း ဦးကျော်ထွန်းဦး(၄၀)နှစ် (ဘ)ဦးဖိုးချစ် တို့နှင့်အတူ ရှိနေစဉ် ဘုန်းကြီးကျောင်း အတွင်းသို့ သေနတ်များ၊ ဓားများကိုင်ဆောင်ထားသည့် PDF ၆၀ ခန့် ဝင်ရောက်လာပြီး ဆရာတော် ဦးသောဘဏ၊ ဦးညိုမောင်နှင့် ဦးကျော်ထွန်းဦးတို့ ၃ ဦးအား “ သတင်းပေး၊ ဒလန် ” ဟု စွပ်စွဲ၍ ဖမ်းဆီးပြီး ဘုန်းကြီးကျောင်းပိုင် ယာဉ်အမှတ်(စိစစ်ဆဲ) KLUGER အမျိုးအစား အနက်ရောင်မော်တော်ယာဉ်ပေါ် တင်ဆာင်၍ ခေါ်ဆောင်သွားကြောင်းသိရသည်။

အကြမ်းဖက်သမားများ၏ အကြောင်းမဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် နိုင်ငံတော်အတွင်း သံဃာတော် ၅၆ ပါးနှင့် သီလရှင်ဆရာကြီး ၁ ပါးတို့ ဘဝနတ်ထံပျံလွန်တော်မူခဲ့ပြီး အထက်ပါ ဖြစ်စဉ်များမှ အကြမ်းဖက်သမားများ ဖမ်းဆီးခေါ်ဆောင်သွားသည့် သာသနာ့အနွယ်ဝင် သံဃာတော်များအား ပြန်လည်ကယ်တင်နိုင်ရေး နယ်မြေလုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေး လုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News