MT News

အရင် ကမ္ဘာ့ဖလားတွေနဲ့မတူ အငြင်းပွားမှုနည်းခဲ့တဲ့ ဒီနှစ်ကမ္ဘာ့ဖလားဟာ ထိုက်တန်သူတွေ အဆင့်လိုက်နေရာယူခဲ့တယ်လို့ပဲ ပြောရမှာပါ။

ဒီနှစ်ရဲ့ ကမ္ဘာ့ဖလားဟာ ပေါ်တူဂီတစ်သင်းလောက်ကလွဲရင် ဝေဖန်သံနည်းပါးခဲ့ပြီး အသင်းတိုင်းဟာ အနိုင်နဲ့အရှုံးကို ကျေနပ်စွာလက်ခံသွားကြသလို ခရိုအေးရှားနဲ့ မော်ရိုကိုတို့ရဲ့ တတိယလုပွဲမှာလည်း တတိယနေရာနဲ့ ပိုထိုက်တန်တဲ့ ခရိုအေးရှားအသင်းကပဲ ၂- ၁ ရလဒ်နဲ့ အနိုင်ရရှိသွားပါတယ်။

ဒီနေ့ပွဲမှာ ခရိုအေးရှားဟာ ၄.၂.၃.၁ နဲ့ ပွဲထွက်ခဲ့သလို မော်ရိုကိုကလည်း ၄.၃.၃ နဲ့ သူတို့ရဲ့ အကောင်းဆုံးပုံစံအတိုင်း ပွဲထွက်ခဲ့တာပါ။ ဒါပေမဲ့ ၂၀၂၂ ရဲ့ ကော်ကောင် မော်ရိုကိုဟာ ၂၀၁၈ ဗိုလ်လုပွဲမှာ ဒုတိယ ရလာတဲ့ ခရိုအေးရှားရဲ့ သမ္ဘာနဲ့ဝါကို မလှန်နိုင်ခဲ့ပါဘူး။

ဒါပေမဲ့လည်း ဒီနေ့ပွဲမှာ ခရိုအေးရှား အကောင်းဆုံးကစားနိုင်ခဲ့သလို မော်ရိုကိုကလည်း မညံ့ဘဲ ပွဲအစ ၇ မိနစ်မှာ လှလှပပ ဦးဆောင်ဂိုးသွင်းတဲ့ ဂဗာဒီယိုလ်ရဲ့ခေါင်းတိုက်ဂိုးကို ဒါယီက ၉ မိနစ်မှာ ပြန်ချေပသွားတာပါ။ ဒါပေမဲ့ ၄၂ မိနစ်မှာတော့ အော်ဆစ်က လှလှပပဂိုးသွင်းယူပြီး မော်ရိုကို ဝမ်းနည်းစေမဲ့ အနိုင်ဂိုးသွင်းယူခဲ့ပါတယ်။

ဒီနေ့ပွဲမှာ ခရိုအေးရှားဟာ သမ္ဘာနဲ့ဝါ ထိုက်ထိုက်တန်တန်ခြေစွမ်းပြပြီး အစစအရာရာအသာစီးနဲ့ မော်ရိုကိုအသင်းကို ဘောလုံးပိုင်ဆိုင်မှုအသာစီး၊ ဂိုးကန်သွင်းမှုအသာစီး၊ ဂိုးပေါက်တည့်မှုအသာစီး အစီးအသာနဲ့ ထိုက်ထိုက်တန်တန်တတိယနေရာ ရသွားခဲ့တာပါ။

ဒါပေမဲ့လည်း အာဖရိကအသင်းတွေထဲမှာ ပထမဆုံး ဆီမီးဖိုင်နယ်တက်တဲ့ ​မော်ရိုကိုဟာလည်း စတုတ္တနေရာပဲရပေမဲ့ သိက္ခာရော ရပ်တည်မှုအရရော အသင်းလိုက်သိက္ခာရှိမှုတွေရော ဘာတစ်ခုမှ ဂုဏ်ငယ်စရာမရှိတဲ့ အခြေအနေပါလို့ တင်ပြရင်းနဲ့ပဲ လာမဲ့ တနင်္ဂနွေညမှာကစားမဲ့ ပြင်သစ်နဲ့ အာဂျင်တီးနားရဲ့ ဗိုလ်လုပွဲမှာ ဘယ်အသင်းက ပိုထိုက်တန်တဲ့ ကမ္ဘာ့ဖလားဆုရှင်ဖြစ်မလဲဆိုတာ စောင့်ကြည့် သုံးသပ်ကြပါစို့လား။

Leave a Reply

Your email address will not be published. Required fields are marked *