၈. ၅. ၂၀၂၄
Written by KL

ရေနစ်နေသော သားကို ဆယ်ယူရာမှ ဖခင်ဖြစ်သူ ရေနစ်သေဆုံးမှု မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး (၉)၊ ပွေးတောင်ကော်ဖီခြံဝင်းရှိ ခဲကြီးကုန်းရေကန်တွင် မေလ ၇ ရက် မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့သည်။

“ကလေးရေနစ်နေလို့ အဖေက ဆင်းဆယ်တာ။ ကလေးကတော့ ကုန်းပေါ်ရောက်ပြီးမှ အဖေက ရေနစ်ပြီးပျောက်သွားတာ”ဟု ကယ်ဆယ်ရေးဆောင်ရွက်ခဲ့သည့် သန္တိသုခ အခမဲ့လူမှုကူညီရေးအသင်းမှ အသင်းဝင်တစ်ဦးက ပြောသည်။

ရေနစ်သေဆုံးသူမှာ အသက် ၄၀ ကျော်အရွယ်ရှိပြီး ရေနစ်ပျောက်ဆုံးနေသဖြင့် ပြင်ဦးလွင်မြို့နယ် မီးသတ်တပ်ဖွဲ့မှ မီးသတ်တပ်ဖွဲ့ဝင်များနှင့် သန္တိသုခ အခမဲ့ လူမှုကူညီရေးအသင်းမှ အသင်းဝင် ၅ ဦးက ပူးပေါင်းရှာဖွေခဲ့ရာ ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့သည်။

ရေနစ်သေဆုံးသူကို ပြင်ဦးလွင်မြို့နယ် ပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံသို့ သန္တိသုခ အခမဲ့ လူမှုကူညီရေးအသင်းကပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *