၇. ၅. ၂၀၂၄
Written by Shwe Phyo

မြန်မာ့နိုင်ငံရေး အခက်အခဲပြဿနာများကို ဖြေရှင်းနိုင်ရန်အတွက် ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်က မြန်မာနိုင်ငံရှိတိုင်းရင်းသားလက်နက်ကိုင်အုပ်စုများနှင့် ဆွေးနွေးနေခြင်း ရှိ မရှိဆိုသောအချက်ကို မသိသေးကြောင်း ထိုင်းဝန်ကြီးချုပ် ဆာရက်သာတာဗီဆင်က ယနေ့ မေလ ၇ ရက်တွင် ကျင်းပခဲ့သော ထိုင်းအစိုးရအဖွဲ့အစည်းအဝေးအပြီး အင်တာဗျူးအစီအစဉ်တွင် ထည့်သွင်းပြောဆိုလိုက်သည်။

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝါထရာသည် မြန်မာ့နိုင်ငံရေးအခက်အခဲများ ဖြေရှင်းနိုင်ရန် တိုင်းရင်းသားအုပ်စုများနှင့် စေ့စပ်ဆွေးနွေးနေကြောင်း ပြီးခဲ့သောရက်ပိုင်းတွင် သတင်းများထွက်ပေါ်ခဲ့မှုအပေါ် ထိုင်းဝန်ကြီးချုပ်က” ဝန်ကြီးချုပ်ဟောင်းသက်ဆင်ဟာ မြန်မာတိုင်းရင်းသားအုပ်စုတွေနဲ့ စေ့စပ်ဆွေးနွေးနေတာ ရှိ မရှိဆိုတာကို မသိသေးပါဘူး။ ဒါပေမယ့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနအပြင် ထိုင်းလုံခြုံရေးအဖွဲ့အစည်းတွေဟာ မြန်မာနိုင်ငံရှိ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးနဲ့ ဆွေးနွေးတာတွေရှိခဲ့တယ်။ ဒီဆွေးနွေးမှုတွေကတော့ လျှို့ဝှက် လုပ်ဆောင်တာမျိုးဖြစ်တယ်။ ကျွန်တော့်အနေနဲ့ ထိုင်းအစိုးရတာဝန်ရှိသူတွေနဲ့ မြန်မာလက်နက်ကိုင်အဖွဲ့တွေကြား တွေ့ဆုံဆွေးနွေးမှုအခြေအနေတွေကို ထုတ်ဖော်ပြောဆိုဖို့ မလိုလားဘူး’ ဟု ပြောသည်။

ထို့အပြင် ထိုင်းဝန်ကြီးချုပ်က” ထိုင်းနိုင်ငံဟာ မြန်မာ့နိုင်ငံရေးကိစ္စတွေကို စေ့စပ်ဆွေးနွေးရာမှာ ရိုးသားဖြောင့်မတ်စွာနဲ့ ဦးဆောင်မှာပါ။ မြန်မာနိုင်ငံဟာ ထိုင်းနိုင်ငံနဲ့ နယ်စပ်ချင်းထိစပ်နေတဲ့ နေရာ။ ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံကို လူသားချင်းဆိုင်ရာစာနာမှုအကူအညီတွေပေးနိုင်ဖို့ အာဆီယံအဖွဲ့ကိုလည်း တိုက်တွန်းတောင်းဆိုနေတယ်။ လက်ရှိအချိန်မှာ မြန်မာ့နိုင်ငံရေးအငြင်းပွားမှုတွေနဲ့ လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးရေးကိစ္စတွေကို ဂရုစိုက်လုပ်ဆောင်ရမယ်”ဟုဆက်လက်ပြောသည်။

REF, mgronline

Leave a Reply

Your email address will not be published. Required fields are marked *

Related News