၁. ၅. ၂၀၂၄
Written by MMAK

အလိုင်းယန့်အရီနာကွင်းကြီးကို ချီတက်လာခဲ့တဲ့ ချန်ပီယံလိဂ်ဘုရင်တို့ဟာ ပေါက်ကြေးသာ အိမ်ရှင်ကို ရင်ဆိုင်ဖို့ ၄-၄-၂ နဲ့ ပွဲထွက်ခဲ့ပြီး ဂိုးက လူနင်၊ နောက်တန်းမှာ မန်ဒီ၊ နာချို၊ ရူဒီဂါ၊ ဗက်စ်ကွက်ဇ်တို့အထိုင်မှာ ရိုဒရီဂို၊ ခရူးဇ်၊ ချုအာမန်နီ၊ ဗယ်လ်ဗာဒီတို့ကွင်းလယ်ကို ဗီနီစီးယပ်၊ ဘယ်လင်ဟမ်တို့နဲ့ပွဲထွက်လာပြီး တစ်ချိန်လုံးလိုလို တန်ပြန်တိုက်စစ်နဲ့အေးအေးသက်သာ ကစားသွားတာပါ။

ချန်ပီယံလိဂ်ဘုရင်ကို အိမ်ကွင်းမှာအလဲမထိုးနိုင်ရင် ဖလားလက်လွှတ်နှစ်ကို ရင်ဆိုင်ရတော့မဲ့ ဘိုင်ယန်က အပိုင်ကန်ဖို့ ၄-၂-၃-၁ နဲ့ ပွဲထွက်ခဲ့တာဖြစ်ပြီး ဂိုးနျူအာ၊ နောက်တန်းကင်မစ်ချ်၊ ကင်မင်ဂျေး၊ ဒီယာ၊ မာဇယာဝီတို့အထိုင်ကို လိုင်မာ၊ ဂေါ်ရက်စကာတို့ကွင်းလယ်ခံစစ်နှစ်ယောက်ရံပြီး မူစီယာလာ၊ မူလာ၊ ဆာနေးတို့ ကွင်းလယ်တိုက်စစ်က ဟယ်ရီကိန်းကိုပံ့ပိုးရင်းပွဲထွက်ခဲ့တာပါ။

ပွဲစတာနဲ့ အိမ်ကွင်းမှာ ဘိုင်ယန်တို့တိုက်စစ်ဆင်နေပေမဲ့ လူနင်နဲ့နောက်တန်းတွေကိုမကျော်နိုင်ခဲ့ဘဲ ဂိုးရသွားခဲ့တာက ရီးရဲဖြစ်နေပြီး ပွဲကစားချိန် ၂၄ မိနစ်မှာ တိုနီခရူးက Sniper Pass တစ်ခုကို ဗီနီစီးယပ်ဆီလှလှပပပေးပို့ပြီး ခန္ဓာကိုယ်အကြီးကြီးနဲ့ အသေဖိထားတဲ့ ကင်မင်ဂျေးပြေးလိုက်မမှီအောင် ဖန်တီးပေးခဲ့တာပါ။ ဒီအလုံးမှာ ပေးပို့တဲ့ခရူးစ်ရဲ့ Sniper Pass က အရမ်းလှသလို အတင်းလူကပ်ကစားနေတဲ့ ကင်မင်ဂျေးလည်း ဘာမှမတတ်နိုင်ဘဲ ဂိုးပေးလိုက်ရတာပါ။

ဂိုးပေးအပြီးမှာ ချေပဂိုးရဖို့ ပိုတင်ဆော့လာတဲ့ဘိုင်ယန်တို့ ပွဲကစားချိန် ၅၃ မိနစ်မှာဂိုးရခဲ့ပြီး လိုင်မာဆီက ရလာတဲ့ဘောလုံးကို ဆာနေးက တစ်ကိုယ်တော်အစွမ်းလိမ်ဆွဲဝင်လာပြီး ရှုပ်ရှက်ခတ်နေတဲ့အနေအထားကနေ လူနင်ရဲ့ထောင့်ကျဥ်းထဲကို လှလှပပ ကန်သွင်းယူသွားခဲ့တာပါ။ ချေပဂိုးရပြီးလို့ ၄ မိနစ်အကြာ မူစီယာလာပင်နယ်လ်တီဧရိယာထဲဘောလုံးဆွဲဝင်လာတာကို ခြေထောက်နဲ့ဖြတ်တားခဲ့တဲ့ ဗယ်လ်ဗာဒီကြောင့် ပင်နယ်လ်တီပေးခဲ့ရပြီး ဒီဂိုးကို ဟယ်ရီကိန်းကအမှားအယွင်းမရှိသွင်းယူသွားခဲ့ပါတယ်။

ဦးဆောင်ဂိုးရအပြီးမှာ ဘိုင်ယန်တို့ဂိုးပြတ်နိုင်ဖို့ဖိတိုက်နေခဲ့ပေမဲ့ ချေပဂိုးပြန်ပေးလိုက်ရတာက ဒီနေ့ပွဲမှာ ဗီလိန်ဖြစ်ခဲ့တဲ့ကင်မင်ဂျေးက ပွဲကစားချိန် ၈၂ မိနစ်မှာ ပင်နယ်လ်တီစည်းထဲပြေးဝင်လာတဲ့ရိုဒရီဂိုကို ဖိဆွဲတွန်းလှဲခဲ့တာပါ။ ဒီပင်နယ်လ်တီကို ဒီနေ့ပွဲရဲ့ Man of the Match ဗီနီစီးယက်က ဂိုးသမားတည့်တည့်ကန်ပြီး အိမ်ကွင်းမှာ အခွင့်အရေးသာစေမဲ့ ချေပဂိုးသွင်းယူသွားခဲ့တာပါ။ ဒီဂိုးဟာ ဘိုင်ယန်သမားတွေငိုခဲ့ရသလို MT Entertainment ခန့်မှန်းမှုကိုလည်း မှန်ကန်စေခဲ့ပါတယ်။

“ဒီညရလဒ်အတွက် ကျွန်တော်တို့အရမ်းပျော်ပါတယ်။ ဒါပေမဲ့ ပွဲကစားချိန် နောက်ထပ်မိနစ် ၉၀ ကျန်ပါသေးတယ်။ ဒီပွဲကစားချိန်တွေကို အားလုံးရဲ့အားပေးမှုနဲ့ကျော်ဖြတ်ကြမယ်။ မကြာခင် ပြန်လည်ဆုံတွေ့ကြပါစို့”လို့ ဗီနီက ပွဲအပြီးမှာ အိမ်ကွင်းကန်ချိန် ပရိသတ်အားပေးမှုကို တောင်းဆိုခဲ့ပါတယ်။

ဖလားတွေနဲ့ကျိန်စာသင့်နေတဲ့ ဟယ်ရီကိန်းအဖို့ အလိုင်းယန့်အရီနာမှာ ပင်နယ်လ်တီကနေ ဂိုးရခဲ့ပေမဲ့ ဘာနေဗျူးမှာဂိုးရပါ့မလား။ မသေချာပါဘူး။ အရာရာအားလုံးဟာ ဘာနေးဗျူးက ဆုံးဖြတ်မှာပါ။

Leave a Reply

Your email address will not be published. Required fields are marked *