၁.၅.၂၀၂၄
Written by TZ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ အလယ်ကျွန်းဇရပ်ပေါ်တွင် မနေ့က နေ့လယ်အချိန် အိမ်ခြေမဲ့အမျိုးသားတစ်ဦး အရက်အလွန်အကျွံသောက်ပြီး သေဆုံးသွားကြောင်း သိရသည်။

ထိုဖြစ်စဥ်ကို ဧပြီ ၃၀ ရက် ညနေ ၃ နာရီခွဲ အချိန်တွင် အမျိုးသားတစ်ဦး သေဆုံးကြောင်း နန်းတော်ဦးလူမှုကူညီရေးအဖွဲ့သို့ ဖုန်းဆက်အကြောင်းကြားသောကြောင့် ဖြစ်စဥ်နေရာသို့ သွားရောက်ကာ ပိုင်ရှင်မဲ့အလောင်းအားသယ်ယူပြီး မီးသင်္ဂြိုဟ်ပေးလိုက်ကြောင်း သိရသည်။

“အရက်ကလည်း တော်တော်သောက်ထားတယ်။ နေကလည်း တအားပူတယ်။ အဲ့ဒီနှစ်ချက်ကြောင့် ရှော့ခ်ဖြစ်ပြီး သေတာလို့ထင်တယ်။ အသက်က (၄၀) ဝန်းကျင်လောက်တော့ ရှိနေပြီ”ဟု နန်းတော်ဦးလူမှုကူညီရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက MT News သို့ ဖြေကြားသည်။

အလားတူ ဧပြီလ ၂၈ ရက်နေ့ကလည်း မိတ္ထီလာမြို့၌ ကုန်တင်ကုန်ချအလုပ်လုပ်ပြီး အရက်သောက်လိုက်သည့် အမျိုးသားတစ်ဦးမှာ ရုတ်တရက်မူးလဲ၍ ဆေးရုံ၌ ဆေးကုသချိန် ဆုံးပါးသွားမှု ဖြစ်ပွားခဲ့သည်။

ဓာတ်ပုံ -နန်းတော်ဦးလူမှုကူညီရေးအဖွဲ့

Leave a Reply

Your email address will not be published. Required fields are marked *

Related News