၃၀.၄.၂၀၂၄
Written By Thandar

ယနေ့ ဧပြီလ ၃၀ ရက် မွန်းလွဲ ၁ နာရီ ၁၀မိနစ်အချိန်မှာ မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး ဘဝနတ်ထံ ပျံလွန်တော်မူသွားခဲ့တယ်လို့ ဆရာတော်နဲ့ နီးစပ်သူများထံက သိရပါတယ်။

မဟာဗောဓိမြိုင် ဆရာတော်ကြီး ပျံလွန်တော်မူတဲ့ အချိန်ကတော့ သက်တော် ၈၃ နှစ်ရှိပြီဖြစ်တယ်လို့ သိရပါတယ်။ သာသနာမှာ နေလို လလို ထွန်းလင်းတော်မူတဲ့ မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးဟာ ဒီနေ့လယ်က ဘဝနတ်ထံ ပျံလွန်တော်မူခဲ့တာနဲ့ပတ်သက်ပြီး ဒီဇိုင်နာမျိုးမင်းစိုးက “မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး တစ်ဘဝချုပ်ငြိမ်းတော်မူလေပြီ။ ဝမ်းနည်းညှိုးငယ်စွာဖြင့် ဆရာတော်ဘုရား၏ ခြေတော်အစုံကို စိတ်ဝယ်ရည်မှန်း ဦးခိုက်လိုက်ပါသည် အရှင်ဘုရား”လို့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

မဟာဗောဓိမြိုင်ဆရာတော်ကြီး ပျံလွန်တော်မူတဲ့ အခြေအနေနဲ့ပတ်သက်ပြီး အသေးစိတ်ကိုတော့ တရားဝင်ထုတ်ပြန်ပြောဆိုထားခြင်း မရှိသေးသလို ဘာကြောင့်ပျံလွန်တယ်ဆိုတာကို MT News က ဆက်လက်စုံစမ်းနေပါတယ်။

“စိတ်မကောင်းစရာ တကယ့်သတင်းကြီးပါ။ ရွှေတောင်ကြီး ပြိုပါပြီ။ မဟာဗောဓိမြိုင် ဆရာတော်ကြီး နေ့လယ် ၁ နာရီ ၁၀ မိနစ်အချိန်မှာ ခန္ဓာဝန်ချသွားပါပြီ။ ကြည်ညိုလေးစားရတဲ့ ဆရာတော် အနည်းအကျဉ်းထဲက ဆရာတော်တစ်ပါး ဆုံးရှုံးရပြန်ပြီပေါ့။ အပြင်မှာ တော်တော်လေးကို ဖူးမြော်ပြီး တရားဓမ္မတွေကို မေးလျှောက်ခွင့် ဆန္ဒမပြည့်ဝတော့ဘူး။ ဆရာတော် ဘုရားကြီးအား လက်ငါးဖျာ ဦးထိပ်ပန်ဆင် ကန်တော့လိုက်ပါတယ်” လို့ ဆရာတော်ကြီးရဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *