March 28, 2024

Written by Tha Doe

ဝေးလံဒေသများရှိ ကျောင်းသား၊ ကျောင်းသူများနှင့် အကြောင်းအမျိုးမျိုးကြောင့် အချိန်မီ တက္ကသိုလ်ဝင်စာမေးပွဲ လျှောက်လွှာ မတင်သွင်းနိုင်သေးသော ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စေရန်အတွက် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲလျှောက်လွှာလက်ခံခြင်းကို အောက်တိုဘာလ (၃၁) ရက်နေ့အထိ ရက်တိုးမြှင့်သတ်မှတ်လိုက်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲလျှောက်လွှာများကို မူလက စက်တင်ဘာ ၃၀ ရက်အထိသာ သတ်မှတ်ထားရာမှ လက်ရှိတွင် တစ်လထပ်မံ တိုးမြှင့်ပေးခဲ့ခြင်းဖြစ်သည်။ ၂၀၂၁ ဖေဖော်ဝါရီအာဏာထိန်းသိမ်းမှုဖြစ်ရပ်များကြောင့် တက္ကသိုလ်ဝင်တန်းဖြေဆိုမည့်အရေအတွက် နည်းပါးခဲ့သလို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ၁၀ တန်းစာမေးပွဲကို မြန်မာနိုင်ငံရှိ ကျောင်းသား ၂၈၁,၇၅၁ ယောက် ဝင်ရောက်ဖြေဆိုရာ ၁၃၂,၀၇၇ ယောက် အောင်မြင်ခဲ့ပြီးထက်ဝက်ခန့်ကျရှုံးခဲ့ကြောင်း သိရသည်။

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ကျရှုံးသူများနှင့် အကြောင်းအမျိုးမျိုးကြောင့် စာမေးပွဲ ဝင်ရောက်ဖြေဆိုခြင်း မရှိသော ကျောင်းသား၊ ကျောင်းသူများအတွက် ၂၀၂၃ ခုနှစ်တွင် နောက်ဆုံးတစ်ကြိမ် တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ ထုတ်ပြန်ထားသဖြင့် အဆိုပါ စာမေးပွဲသည် စနစ်ဟောင်းသမားများအတွက် နောက်ဆုံးအခွင့်အရေးလည်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *