MT News
၂၅. ၄. ၂၀၂၄

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဂုဏ်ထူးဆောင်နာယက ဦးအောင်ကိုဝင်း၊ ဥက္ကဋ္ဌဦးဇော်ဇော်၊ ဖူဆယ်နှင့်သဲသောင်ပြင် အလုပ် အမှုဆောင် ကိုယ်စားလှယ် ဦးဝင်းသော်တို့က အာရှဖလား ဖူဆယ်ပွဲမှာ တရုတ်ကိုနိုင်၊ ဗီယက်နမ်ကို သရေကစားနိုင်ခဲ့တဲ့ မြန်မာဖူဆယ်လက်ရွေးစင်အသင်းအတွက် ဂုဏ်ပြုငွေ ကျပ် သိန်း ၁၀၀၀ ချီးမြှင့်ပေးခဲ့တယ်လို့ သိရပါတယ်။

AFC Futsal Asian Cup ပြိုင်ပွဲမှာ မြန်မာအသင်းဟာ အာရှထိပ်သီးအသင်းကြီးတွေဖြစ်တဲ့ အိမ်ရှင် ထိုင်း၊ ဗီယက်နမ်၊ တရုတ်တို့နဲ့ အုပ်စု(က)မှာ တွေ့ဆုံခဲ့ရတာပါ။

အုပ်စုအဆင့်မှာ ထိုင်းအသင်းက ပြိုင်ဘက်အားလုံးကို အနိုင်ယူပြီး အုပ်စုပထမနဲ့ ကွာတားဖိုင်နယ်ကိုတက်သွားချိန်မှာ မြန်မာအသင်းကတော့ ထိုင်းကို ၅ ဂိုးပြတ်နဲ့ရှုံးခဲ့လို့ ဗီယက်နမ်ကို တစ်ဂိုးစီသရေ၊ တရုတ်ကို ၃ ဂိုး ၁ ဂိုးနဲ့နိုင်ခဲ့ပေမဲ့လည်း ဗီယက်နမ်က ရမှတ် ၄ မှတ်၊ ဂိုးကွာခြားချက်အသာနဲ့ ကွာတားကိုတက်သွားပြီး မြန်မာကတော့ အုပ်စုအဆင့်နဲ့ကျေနပ်လိုက်ရတာပါ။

ဒါပေမဲ့လည်း ဗီယက်နမ်ကို သရေကန်နိုင်ပြီး တရုတ်ကိုဂိုးပြတ်နိုင်ခဲ့တဲ့အားထုတ်မှုတွေကြောင့် ရလဒ်ကောင်းခဲ့လို့ အခုလိုမျိုး ကျပ်သိန်း ၁၀၀၀ ဆုချီးမြှင့်ခံရတာပါ။ (Photo – Zaw Htike)

Leave a Reply

Your email address will not be published. Required fields are marked *