April 29, 2024

၁၅. ၄. ၂၀၂၄
Writer & Photo Tha Doe

လူငယ်တို့ ပျော်စံရာ ကျောက်မြောင်း မဟာသင်္ကြန်ကာလမှာလည်း သူ့နည်းသူ့ဟန် စည်ကားပြီး လူသားဆန်မှုပြယုဂ်နဲ့ မြန်မာ့ရိုးရာမဟာသင်္ကြန်ကို အမှန်အကန်ပါဝင်ဆင်နွှဲနေကြပါတယ်။

ပေါင်တံဖွေးဖွေး ရင်ဖွေးဖွေး ရွှေရင်အစုံမလုံ့တလုံ မိန်းမငယ်လေးတွေက ကလူ၏သို့ မြူ၏သို့နဲ့ ရေပက်ခံထွက်ကြသလို ကိုလူပျိုနဲ့ ပုရိသတွေကလည်း စိမ့်နေအောင်စိမ်ထားတဲ့ရေခဲရေနဲ့ပက်သူပက်၊ ရွှေပါးပြင်နုညက်ထက်မှာ သနပ်ခါးတင်သူကတင်၊ ခေတ်အလိုအရ ရေပက်နည်းအသစ်ဖြစ်လာတဲ့ Body Spray နဲ့ ဖျန်းသူဖျန်းနဲ့ လန်းဆန်းစည်ကားနေတာဟာ ပုံဖျက် ဖျက်ဆီးခံထားရတဲ့ သင်္ကြန်ရော ဟုတ်ရဲ့လား တွေးချင်စရာပါ။

မိတ်ဆွေ။ သင်္ကြန်မှာ မပျော်ရလို့ စိတ်ညစ်နေလား။ ကျောက်မြောင်းထဲကိုသွားပါ။ နုနုငယ်ငယ်လှလှ စွဲမက်ချင်စရာ မဒီကညာလေးတွေရဲ့ ပါးပြင်နုညက်ကို ညာတာပါတေးကိုင်ချင်ရင်တော့ သနပ်ခါးတစ်ဘူးပါ အပိုဆောင်သွားပေါ့။ သာမန်အချိန်မှာတော့ ထိတွေ့ဖို့မလွယ်တဲ့ ပါးပြင်နုညက်ကို ရိုးရာသင်္ကြန်ဆိုတာလေးအသုံးချ ယဥ်ကျေးသိမ်မွေ့လှပစကားနဲ့ သနပ်ခါးချယ်၏ မချယ်၏နဲ့ကိုင်ခွင့်ရမှာ အသေအချာ။

သေချာသထက်သေချာတာက သိမ်မွေ့စွာစည်ကားနေတဲ့ကျောက်မြောင်းရဲ့လမ်းမထက်မှာ ခရီးသွားဟန်လွဲရေကစား၊ အဓမ္မသမားတွေ ဗုံးခွဲဖျက်ဆီးရာ အကြောင်းပြချက်များစွာနဲ့ ဝေးရာမို့လို့လည်း ကျောက်မြောင်းထဲက သင်္ကြန်ပွဲမှာ သင် ကြည်နူးရွှင်လန်းစွာကို ပျော်ရမှာပါ။

Leave a Reply

Your email address will not be published. Required fields are marked *