၂၉.၃.၂၀၂၄
Writer & Photo Thin Zar

နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်မှာ ရဟန်းခံရှင်ပြု၊ နားသအလှူမင်္ဂလာပွဲကို ဆင်ရတနာ၊ မြင်းရတနာတွေနဲ့ လှည့်လည်တဲ့ မြင်ကွင်းတွေပါ။

မတ်လ ၂၉ ရက် ညနေ ၄ နာရီခွဲအချိန်မှာ ဆင်ရတနာ၊ မြင်းရတနာတွေအပြင် ကွမ်းတောင်ကိုင်၊ ပန်းတောင်ကိုင်အဖွဲ့တွေနဲ့ စည်ကားသိုက်မြိုက်စွာ လှည့်လည်လာခဲ့သလို အပျို၊ လူပျိုတွေကလည်း “စနောက်ကျီစယ်” လှည့်လည်လာခဲ့ပြီး ပုဗ္ဗသီရိမြို့နယ်၊ ရွာတော်( တောင်) ရွာ၊ “နန်းတော်ရာတပ်ဦးကျောင်းတိုက်” မှာ သားလှရတနာ၊ သမီးလှရတနာတို့ကို သာသနာဘောင် သွတ်သွင်းခဲ့တဲ့ အလှူမင်္ဂလာပွဲတော်လည်းဖြစ်ပါတယ်။

ရှင်ပြုခြင်းဟာ ထေရဝါဒဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတိုင်းက ရင်ဝယ်ဖြစ်တဲ့ သားလှရတနာကို သင်္ကန်းစည်းပြီး မြင့်မြတ်လှတဲ့သာသနာဘောင်မှာ အလုံးစုံသောသံသရာဝဋ်ဆင်းရဲက လွတ်ကင်းစေအောင်၊ သာသနာ့ဒါယကာဖြစ်အောင် လုပ်ဆောင်ကြတာဖြစ်သလို နားသခြင်းဟာလည်း သမီးအလှရတာန ကျက်သရေအဖြာဖြာတိုးအောင် သာသနာ့ဘောင် ပို့ဆောင်ကြတာဖြစ်သလို ဒီလိုရှင်ပြုနားသထုံးတမ်းမင်္ဂလာဟာ ရှေးယခင်ကတည်းက ရှိခဲ့သလို ဗုဒ္ဓဘာသာ မြန်မာ လူမျိုးတွေရဲ့ ထုံးတမ်းစဉ်လာ မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ်တစ်ခုလည်းဖြစ်တာကြောင့် ယနေ့ထိတိုင် ကြည်နူးပီတိဖြစ်စွာ ဆင်နွှဲနေကြတဲ့ ရှင်ပြုအလှူမင်္ဂလာပွဲတော်တွေကို မကြာခဏ မျက်မြင်ထင်ရှားတွေ့မြင်နေရတာလည်း အမှန်ပါပဲ။

Leave a Reply

Your email address will not be published. Required fields are marked *