၂၉.၃.၂၀၂၄
Writer & Photo TZ

နေပြည်တော်စစ်ရေးပြကွင်းရှိ တပ်မတော်ပန်းခြံကို အများပြည်သူတွေ လာရောက်လေ့လာကြည့်ရှုနေသလို သာသနာ့နွယ်ဝင် ကိုရင်နဲ့ ဆရာလေးတွေပါ လာရောက်လေ့လာကြည့်ရှုတာကို MT News က တွေ့ရှိခဲ့ပါတယ်။

တပ်မတော်ပန်းခြံကို မတ်လ ၂၈ ရက်ကနေ ဧပြီ ၁ ရက်နေ့အထိ နေ့စဥ် ညနေ ၅ နာရီခွဲကကနေ ည ၉ နာရီခွဲအထိ ဘယ်သူဆို အခမဲ့ဝင်ရောက်ကြည့်ရှု အပန်းဖြေလေ့လာနိုင်ဖို့ ဖွင့်လှစ်ထားတာဖြစ်ပါတယ်။

ဒါ့အပြင် မတ်လ ၂၇ ရက်နေ့က ကျရောက်ခဲ့တဲ့ (၇၉) နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုတဲ့အနေ​နဲ့ နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ ပင်လောင်းမီးပွိုင့်လမ်းဆုံရှိ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ဝန်းအတွင်း မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ပြီး ဇာတိသွေး၊ ဇာတိမာန်တက်ကြွစေမယ့် တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်သည်တွေရဲ့ လှုပ်ရှားမှုပုံရိပ်တွေကို ဖော်ကျူးထားတဲ့ ပိုစတာကြီးတွေလည် စိုက်ထူထားရှိပါတယ်။

၇၉ နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ တပ်မတော်ပန်းခြံမှာ ရေပန်းတွေ၊ မီးအလှတပ်ဆင်ထားရှိပြီး တပ်မတော်နေ့အထိမ်းအမှတ် မီးရှူးတိုင်၊ ပထမ၊ ဒုတိယ၊ တတိယမြန်မာနိုင်ငံတော်ကို ထူထောင်ခဲ့တဲ့ အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းဘုရား မင်းမြတ်သုံးပါးရုပ်တုတို့ကို အများပြည်သူမည်သူမဆို အခမဲ့ဝင်ရောက်ကြည့်ရှု အပန်းဖြေလေ့လာနိုင်မယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *