MT News

Written by Tha Doe

ပါဆယ်ပစ္စည်းလာရောက်ထုတ်ယူသူကို စစ်ဆေးရာမှ မူးယစ်ဆေးဝါးများ ဖမ်းဆီးမိသဖြင့် ကွင်းဆက်ဖော်ထုတ်ရာမှ အမျိုးသမီးတစ်ဦးပါ ဖမ်းမိခဲ့မှု မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ စက်တင်ဘာ ၂၆ ရက်တွင် သတင်းထုတ်ပြန်သည်။

ဖြစ်စဥ်မှာ စက်တင်ဘာ ၂၄ ရက် ညနေ ၆ နာရီခန့် အချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့၀င်များသည် သတင်းအရ သက်သေများနှင့်အတူ ပြည်ကြီးတံခွန်မြို့နယ်၊ ငွေတော်ကျီကုန်းရပ်ကွက်ရှိ ကားဂိတ်တွင် မော်တော်ဆိုင်ကယ်နှင့်အတူ ပါဆယ်ပစ္စည်းလာရောက်ထုတ်ယူသည့် လှိုင်မင်းထက်(ခ)အရှည်ကြီးအား စစ်ဆေးရှာဖွေရာ စက္ကူဂျပ်ဖာအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၃၅၁၅၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၇၀၃ သိန်း) အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

ထို့နောက် ကွင်းဆက်ဖော်ထုတ်ချက်အရ ည ၇ နာရီခန့် အချိန် အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများသယ်ဆောင်ခိုင်းသူ မကြည်ဇာလွင် အား အမရပူရမြိုနယ်၊ ထုံးဘို-မြစ်ငယ်လမ်းခွဲတွင် ALPHARD အမျိုးအစား မော်တော်ယာဉ် ၁ စီး၊ လက်ကိုင်ဖုန်း ၃ လုံးတိုနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် လှိင်မင်းထက်(ခ)အရှည်ကြီး(၂၅)နှစ်နှင့် မကြည်ဇာလွင်(၃၆)နှစ်တို့ အား ပြည်ကြီးတံခွန်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ထပ်မံဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *