MT News

Written by Nay Moe

တောင်သာမြို့နယ် ဝါးကြီးအိုင်ရွာနေထိုင်သူတစ်ဦးအား ပျုခေါင်းဆောင်ဟု ဆိုကာ လာရောက်လုပ်ကြံသည့် PDF များအား ရွာခံပြည်သူများ ဝိုင်းဝန်းဖမ်းဆီးရန် ကြိုးပမ်းခဲ့မှုဖြစ်ပွားခဲ့သည်ဟု သွားရောက်လုပ်ကြံသည့် တောင်သာအခြေစိုက် TTA ပြောက်ကျားတပ်က သတင်းထုတ်ပြန်ထားသည်။

”တောင်သာမြို့နယ်အတွင်း မိဘပြည်သူများ ခင်ဗျာ…ယနေ့ တောင်သာမြို့နယ် ၀ါးကြီးအိုင်ရွာ မစ်ရှင်ဆောက်ရွက်စဥ်အတွင်း ရွာခံပြည်သူများက မစ်ရှင်ဆောင်ရွက်လာသော PDF ရဲဘော်များကို ၀ိုင်း၀န်းဖမ်းဆီးရန် ကြိုးပမ်းမှုဖြစ်ခဲ့ကြောင်းကြားသိရတဲ့အတွက် ကိုယ့်နယ်အတွက်ပြည်သူများကိုယ်စား များစွာစိတ်မကောင်းအရှက်ရမိပါတယ်” ဟု TTA ပြောက်ကျားတပ်က ဆိုသည်။

ထို့ကြောင့် နယ်ခံ၊ ရွာခံ၊ မြို့ခံ မိဘပြည်သူများအနေဖြင့် နောက်နောင်တွက် အလားတူဖြစ်ရပ်မျိုး ထပ်မံလုပ်ဆောင်ပါက Mission အောင်မြင်ရေးနှင့် PDF များ လုံခြုံရေးကို ဦးစားပေးမည်ဖြစ်ကာ ဝိုင်းဝန်းဖမ်းဆီးသူ မိဘပြည်သူများကိုလည်း သစ္စာဖောက်ဟု သတ်မှတ်ပြီး ပြတ်ပြတ်သားသား အရေးယူသွားမည်ဖြစ်ကြောင်းနှင့် မကူညီချင်နေပါ၊ မနှောက်ယှက်ပါနဲ့ဟုလည်း TTA ပြောက်ကျားတပ်က သတိပေးခဲ့သည်။

အဆိုပါ မအောင်မြင်သော လုပ်ကြံမှုမှာ စက်တင်ဘာ ၂၅ ရက်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်မှုကို လက်မခံသော ဝါးကြီးအိုင်ပြည်သူများက TTA ပြောက်ကျားတပ်မှ PDF များကို ဝိုင်းဝန်းဖမ်းဆီးရန် ကြိုးပမ်းလာသဖြင့် PDF များ သွားရောက်လုပ်ကြံသည့် ပျုခေါင်းဆောင်ဟု စွပ်စွဲခံရသူဒေသခံပြည်သူမှာလည်း ထွက်ပြေးလွတ်မြောက်သွားသည်ဟု ဒေသခံများထံမှ စုံစမ်းသိရသည်။

တောင်သာမြို့နယ်တွင် PDF များက ဒေသခံပြည်သူများကိုလည်း မကြာခဏသွားရောက်လုပ်ကြံနေပြီး ပြီးခဲ့သည့် စက်တင်ဘာ ၂၁ ရက်ကလည်း တောင်သာမြို့နယ်၊ လှည်းကူးမကျေးရွာအုပ်ချုပ်ရေးမှုး ဦးထွန်းအောင်ကျော်အား မြင်းခြံခရိုင်တပ်ရင်းအမှတ်(၃)၊ တပ်ခွဲ(၂)မှ TTA-ပြောက်ကျားတပ်‌(တောင်သာ)နှင့်အတူ တပ်ခွဲ(၁)မြေလတ်PDF၊ တပ်ခွဲ(၃)မှ Myingyan Black Tiger၊ Natogyi Regional Defence Force၊ The Value of Young Men စသည့် PDF ငါးဖွဲ့သွားရောက်လုပ်ကြံခဲ့မှုကြောင့် ဦးထွန်းအောင်ကျော် သေဆုံးခဲ့ကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *