MT News

Written by Tha Doe

အမြန်လမ်းတွင် GI Group Express ယာဥ် တိမ်းမှောက်ပြီး အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရသည်။

ဖြစ်စဥ်မှာ ၂၆.၉.၂၀၂၂ ရက် နံနက် ၅ နာရီခန့် အချိန် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် ၁၅၁/၁ နှင့် ၁၅၂/၂ အကြားတွင် SCANIA အမျိုးအစား Express ယာဉ်တစ်စီး ဘီးပေါက်၍ လမ်းလယ်ရှိ ဘာရီယာတုံးများအား ဝင်ရောက်တိုက်မိပြီး တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ဗောဓိကုန်း အမြန်လမ်းမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ စုစုပေါင်း ၈ ဦးအနက် ယာဉ်နောက်လိုက် ကျား ၁ ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့သဖြင့် အမြန်လမ်းအရေးပေါ်သူနာတင်ယာဉ်ဖြင့် တောင်ငူဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ- Myanmar Fire Services Department

Leave a Reply

Your email address will not be published. Required fields are marked *