News

၂၆. ၉. ၂၀၂၂
Written by Nay Moe

NUG Pay ၏ Pilot Project ပြီးဆုံး၍ Commercial Launch မကြာမီ ကြေညာမည်ဟု NUG ၏ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ကုန်သွယ်မှု၊ ဝန်ဆောင်မှုလုပ်ငန်းများနှင့် ငွေကြေးပေးချေမှု စနစ်များ ပိုမိုကောင်းမွန်စေရန် နှင့်လွယ်ကူလျင်မြန်စေရန်အတွက် မြန်မာကျပ်ငွေနှင့်တူညီစွာ တန်ဖိုးရှိသော ဒစ်ဂျစ်တယ်မြန်မာကျပ် (DMMK- Digital Myanmar Kyat) ကို ပြည်တွင်းသုံးစွဲမှုအတွက် NUGPay မိုဘိုင်း ပိုက်ဆံအိတ်နှင့်အတူ ၂၀၂၂ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် အမိန့်ကြော််ငြာစာအမှတ်၊ ၇/၂၀၂၂ ဖြင့် Pilot Project စတင်ကြောင်းကြေညာခဲ့သည်။ ယခုအခါ NUGPay Pilot Project ၏ Target ပြည့်မီအောင်မြင်ပြီးဆုံးပြီဖြစ်ပြီး Pilot ကာလအတွင်း သုံးစွဲသူမိဘပြည်သူများနှင့် ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးခဲ့ကြသော NUGPay ကိုယ်စားလှယ်များအားလုံးကို အထူးကျေးဇူးတင်ရှိပြီး ပိုမိုဆန်းသစ်သောဝန်ဆောင်မှုများဖြင့် NUGPay ကို ဆက်လက်ဝန်ဆောင်မှုပေးနေမည်ဖြစ်ကာ မကြာခင်အချိန်တွင် NUGPay Commercial Launch ကို ကြေညာပေးသွားမည်ဖြစ်သည်ဟု ဖော်ပြထားသည်။

”NUGPay သုံးစွဲသူ စုစုပေါင်း ၁၀၀၀၀ ပြည့်သွားပြီ ဖြစ်ကြောင်း သတင်းကောင်းပါးပါရစေ။ Andriod စနစ် စတင် အသုံးပြုနိုင်ခဲ့တဲ့ ဂျူလိုင်လ ၁ ရက်နေ့မှ စတင်၍ ၈၄ ရက် အချိန်မှာ ပိုင်းလော့စမ်းသပ်ကာလ မျှော်မှန်းချက် ပြည့်မီသွားခြင်း ဖြစ်ပါသည်။ မကြာခင် ရက်သတ္တပတ်အတွင်းမှာ iOS စနစ်သုံး NUGPay Application စတင်ပါမယ်”ဟု NUG ၏ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနက ဆိုသည်။

သို့သော် NUG Pay မှာ မြန်မာနိုင်ငံအတွင်း တရားဝင်သုံးစွဲခွင့်ရှိသည့် Pay မဟုတ်သဖြင့် အဆိုပါ Pay အပါအဝင် တရားမဝင် Mobile Pay ၊ Mobile Wallet နှင့် ငွေပေးချေမှု ဝန်ဆောင်မှုပေးသည့် လုပ်ငန်းများမှာ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ကြီးကြပ်ကွပ်ကဲမှုအောက်မရှိခြင်းကြောင့် ပြည်သူများ ငွေကြေးဆုံးရှုံးမှုများစွာ ဖြစ်ပေါ်နိုင်ကြောင်းနှင့် ခွင့်ပြုချက် ရရှိမထားဘဲ ဆောင်ရွက်နေသည်ကို တွေ့ရှိပါက ငွေရေးကြေးရေးအဖွဲ့အစည်း ဥပဒေပုဒ်မ ၁၇၂ အရ နှစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ် ကျပ် သန်း ၁၀၀ ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကိုဖြစ်စေ ချမှတ်ခံရမည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News