၈. ၃. ၂၀၂၄
Written by Nay Moe

ကရင်ပြည်နယ် မြဝတီမြို့၊ ရွာသစ်နေရွာရှိ အာရှလမ်းသဘာဝတရား ရိပ်သာတရားဆေးရုံ လူနာဆောင် ဒီနေ့မနက်က လက်နက်ကြီးကျည်ထိတာကြောင့် အဘိုးအိုနှစ်ဦးသေဆုံးပြီး ဘိုးဘွား ၁၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

“ဆရာတော်ကြီး လာရင် တည်းခိုဖို့ဆောက်ထားတဲ့ အဆောင်လည်း ဗုံးထိမှန်ပါတယ်။ လူနာတွေ ဘိုးဘွားတွေက နဂိုထဲကမှ မပြေးနိုင်တော့ ဗုံးထိပါတယ်”လို့ သဘာဝတရားရိပ်သာ ဆရာတော်ကြီးရဲ့ ကပ္ပိယတစ်ဦးက လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

KNU ၊ KNLA နဲ့ PDF စစ်ကြောင်းတွေက သင်္ဃန်းညီနောင်မှာရှိတဲ့တပ်ရင်းတွေကို မနေ့ကစ ဝင်ရောက်တိုက်ခိုက်နေတာကြောင့် သင်္ဃန်းညီနောင် စစ်ဗျူဟာကုန်းကို ကာကွယ်နေကြသလို ခမရ ၃၅၅၊ ၃၅၆၊ ၃၅၇ ကလည်း စုပေါင်းခုခံနေချိန် တိုက်လေယာဥ်တွေနဲ့လည်း ဝေဟင်ပစ်ကူပေးနေတာပါ။ ဒါ့အပြင် သာလွန်အင်အားနဲ့ မြို့သိမ်း၊ စခန်းသိမ်းစစ်ဆင်နွှဲနေတဲ့ KNU နဲ့ PDF ပူးပေါင်းတပ်တွေကို မြဝတီမြို့ပြင်မှာရှိတဲ့ ခလရ ၂၇၅ ကလည်း ပစ်ကူပေးနေတာပါ။ ဒီနေ့မှာလည်း အာရှလမ်းမကြီးနဲ့ ကုန်သွယ်ရေးဇုန်မှာလည်း ဒီမနက်မှာတိုက်ပွဲဖြစ်ခဲ့ပြီး မြဝတီသဘာဝတရားရိပ်သာ လက်နက်ကြီးကျည်ထိမှန်တာကတော့ ဒီမနက် ၁၁ ခွဲလောက်ကဖြစ်ပွားခဲ့တာပါ။

“နှစ်ဖက် အဖွဲ့စည်းတွေကလည်း ရိပ်သာရှိမှန်းသိတော့ တတ်နိုင်သလောက် သထိထားပေးကြပါတယ်။ ရိပ်သာကလည်း ဘယ်အဖွဲ့မဆို ဟိုဘက်ရော၊ ဒီဘက်ရော မြို့ခံတွေရော အားလုံးလာရောက်လှူဒါန်းပေးတာ ရိပ်သာလည်း ကူညီနေတာ မြဝတီ တစ်ခွဲလောက်ကဖြစ်တယ်။ အခုတော့ စိတ်မကောင်းစရာတွေ ဖြစ်လာပြီ။ ဘယ်အဖွဲ့အစည်းကမှ ရည်ရွယ်ချက်ရှိရှိ လုပ်တာမဟုတ်သော်လည်း အပြစ်မဲ့ ဂီလာန ဘိုးဘွားတွေ နစ်နာခဲ့ရပြီ”လို့လည်း ဆရာတော်ကြီးရဲ့ ကပ္ပိယတစ်ဦးက လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *