April 28, 2024

MT News

ဦးသိန်းစိန်အစိုးရလက်ထက် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူ လက်ရှိတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်အဖွဲ့ဝင် ဒေါက်တာလင်းအောင်အား ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်လိုက်ကြောင်း စက်တင်ဘာ ၂၂ ရက်တွင် SAC က ကြေညာသည်။

ဒေါ်လာနှင့်ရွှေစျေးများ တည်ငြိမ်အောင်ထိန်းကျောင်းနိုင်ရေး ဦးစားပေးလုပ်ဆောင်နေသည့် SAC သည် ယခင်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးသန်းညိန်းနေရာတွင် ဒုဥက္ကဋ္ဌဒေါ်သန်းသန်းဆွေအား ခန့်အပ်ခဲ့သလို ဒုတိယဥက္ကဋ္ဌဦးဝင်းသော်နေရာတွင်လည်း ဦးဇော်မြင့်နိုင်အား ခန့်အပ်ခဲ့သည်။ ထိုနောက် ရွှေစျေးနှင့် ဒေါ်လာစျေးများ ကျဆင်းလာချိန်တွင် ဒေါက်တာလင်းအောင်အား ဒုတိယဥက္ကဋ္ဌအဖြစ် ဆက်လက်ခန့်အပ်ခဲ့ခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *