◾ဖမ်းဆီးခံ BNRA တပ်ဖွဲ့ဝင်များနှင့် လက်နက်များ ယနေ့နောက်ဆုံးထား ပြန်မလွှတ်ပါက လုပ်သင့်လုပ်ထိုက်သည်များ ဆက်လုပ်မည်ဟု BNRA ပြော
၁၈. ၁၂. ၂၀၂၃
Written by Nay Moe
ဗိုလ်နဂါးရဲ့ BNRA တပ်ဖွဲ့ဝင် PDF ၁၅ ဦးကို NUG ဩဇာခံ ကန့်ဘလူ ပကဖ ဖမ်းဆီးထားတာကြောင့်ဖမ်းဆီးခံ BNRA တပ်ဖွဲ့ဝင်တွေနဲ့ လက်နက်တွေကို ဒီနေ့နောက်ဆုံးထား ပြန်လွှတ်ဖို့မဲ့ ပြန်မလွှတ်ရင် လုပ်သင့်လုပ်ထိုက်တာ ဆက်လုပ်မယ်လို့ BNRA ထံက သိရပါတယ်။
ဖြစ်စဥ်ဟာ ကန့်ဘလူမြို့နယ်က BNRA ပြည်သာယာ စစ်ကြောင်းတာဝန်ခံအချို့နဲ့ တပ်ရင်း-၂ ဒုရင်းမှူး မြင့်စိုးနှင့် တပ်ခွဲ-၂ ခွဲမှူးကျော်သူ တို့ကို ကန့်ဘလူခရိုင်ပကဖနဲ့ ကန့်ဘလူခရိုင် တပ်ရင်း-၄ အဖွဲ့က ဒီဇင်ဘာ ၉ ရက်မှာ ခေါ်ယူတွေ့ဆုံပြီး နယ်မြေအတွင်း BNRA ရှိနေမှုကို လုံးဝလက်မခံနိုင်ကြောင်း အစပြုပြောဆိုကာ ဗိုလ်နဂါးတပ်ဖွဲ့တွေကို ပကဖ၊ ပအဖ၊ ပလဖ ဒါမှမဟုတ် ခရိုင်တပ်ရင်း အဖြစ် ပြောင်းလဲဖွဲ့စည်းဖို့ ပြောဆိုခဲ့ပြီး ဒီဇင်ဘာ ၁၄ ရက်မှာ မြေပြင်မဟာမိတ်ဆက်ဆံရေးတာဝန်ရှိသူ ကိုဆာန်၊ ပြည်တော်သာစစ်ကြောင်းမှူး၊ ဒုစစ်ကြောင်းမှူး၊ တပ်ရင်း၂ ဒုတပ်ရင်းမှူး၊ တပ်စုမှူးတစ်ဦး စုစုပေါင်း ၆ ဦးက ကန့်ဘလူ ခရိုင်ပကဖတာဝန်ခံ၊ နယ်မြေခံတပ်ရင်းတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ကန့်ဘလူမြို့နယ် အရှေ့ဘက်ခြမ်းက ရွှေစင်ချောင်းကျေးရွာကိုရောက်ရှိခဲ့ပေမဲ့ ကန့်ဘလူခရိုင် ပကဖ ဒုတာဝန်ခံနဲ့ပဲ တွေ့ဆုံခဲ့ရပြီး မိတ်ဖက်ဆက်ဆံရေး၊ တော်လှန်ရေးတိုးတက်အောင်မြင်မှုအခြေအနေနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ BNRA က ဝိုင်းဝန်းကူညီမယ်ပြောတာကို ကန့်ဘလူပကဖဒုတာဝန်ခံက ထပ်ဆင့်တင်ပြပေးမယ်ဆိုတာနဲ့ အခုလို လာရောက်တွေ့ဆုံပြောဆိုမှုကို ဝမ်းသာတယ်လို့ဆိုခဲ့လို့ ဒီဇင်ဘာ ၁၅ ရက်မှာ BNRA အဖွဲ့က ပြန်လည်ထွက်ခွာခဲ့ပြီး ဒုတပ်ရင်းမှူးနဲ့ တပ်စုမှူးကျန်ရစ်ခဲ့ကြတယ်ဆိုပါတယ်။

ဒီဇင်ဘာ ၁၆ ရက်မှာ ဒုတပ်ရင်းမှူး မြင့်စိုး၊ တပ်ခွဲမှူးကျော်သူ၊ တပ်စုမှူးဘဒင်နဲ့ ရပ်ကျေးပအဖတာဝန်ခံတို့ကို ကန့်ဘလူခရိုင်ပကဖတာဝန်ခံက တွေ့ဆုံမယ်ဆိုပြီး နေ့လယ် ၁၁ နာရီခွဲမှာ ချိန်းဆိုလိုသွားချိန် တွေ့ဆုံတဲ့ စားသောက်ဆိုင်ကနေ မြေမွန်ရွာ စာသင်ကျောင်းကိုခေါ်ဆောင်သွားခဲ့ပြီး အင်အားသုံး ချုပ်နှောင်လိုက်သလို ဖုန်းဆက်သွယ်မှု လုံးဝမရရှိဘဲ လိုက်လံခေါ်ဆောင်ကြသူတွေကိုပါ တပါတည်းချုပ်နှောင်တာ၊ တပ်စုတည်နေရာတွေ အင်အားသုံး(လက်နက်ကိုင်ဆောင်၍) ရှာဖွေမှု ပြုလုပ်တာ၊ နယ်မြေခံတပ်ခွဲမှူးရဲ့ ဇနီးအပါအဝင် စုစုပေါင်း ၁၆ ဦးနဲ့ ပါရီတစ်လက်၊ ဘက်ခေါက်တစ်လက်၊ AK တစ်လက် စုစုပေါင်းလက်နက် ၃ လက်ကို ဖမ်းဆီးထားတာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
BNRA တပ်ဖွဲ့ဝင်တွေကို ကန့်ဘလူပကဖဖမ်းထားတဲ့ ဒီဖြစ်စဥ်မှာ ကန့်ဘလူခရိုင် တပ်ရင်း-၄ ဒုရင်းမှူးသီဟ၊ ကန့်ဘလူခရိုင် ပကဖနဲ့ PDF တာဝန်ခံ ပြည့်စုံ၊ ပကဖထုတ်လုပ်ရေးတာဝန်ခံ ကချား၊ ကန့်ဘလူခရိုင်တပ်ရင်း-၃ တို့ပါဝင်ကြောင်း သိရှိရလို့ တာဝန်ခံအဆင့်ဆင့်ကို ဆက်သွယ်ပေမဲ့ အထက်လူကြီးနဲ့ပြောဆိုပါလို့ပဲ အကြောင်းပြန်ခဲ့တယ်လို့ဆိုပါတယ်။
ဒါကြောင့် တော်လှန်ရေးအကျိုးရှေးရှုပြီး မဖြစ်သင့် မဖြစ်ထိုက်တာကို ရှောင်ရှားနိုင်ဖို့အတွက် ထိန်းသိမ်းထားတဲ့ BNRA ရဲဘော် ၁၅ ဦးနဲ့ပြည်သူတစ်ဦး၊ လက်နက်သုံးလက်တို့ကို ဒီဇင်ဘာ ၁၈ ရက် ဒီနေ့ နောက်ဆုံးထား လွှဲပြောင်းပေးဖို့နဲ့ တာဝန်ရှိသူတွေက စီစဥ်ညွှန်ကြားခြင်းမရှိရင် လုပ်သင့်လုပ်ထိုက်တာကို အမြန်ဆုံးလုပ်ဆောင်သွားမယ်လို့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် ဒုစစ်ဦးစီးချုပ် ကိုအောက် ချင်းက အသိပေးထားတယ်လို့ ဆိုပါတယ်။

“ကျင့်ဝတ်ကောင်း(CoC) မရှိတဲ့အဖွဲ့အစည်းရဲ့ အမိန့်စီးဆင်းမှု(CoC)ဟာ လူ့ပတ်ဝန်းကျင်အတွက် အဆိပ်ပဲ” လို့ ဗိုလ်နဂါးက သူ့လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
NUG ရဲ့ PDF တွေ ပကဖတွေဟာ သူတို့နဲ့ စင်ပြိုင်တပ်မတော်အဖြစ် လူထုထောက်ခံမှုရှိနေတဲ့ BNRA ကို တိုက်ခိုက်မှုတွေ မကြာခဏလုပ်နေခဲ့သလို ဗိုလ်နဂါးကိုရှင်းလင်းဖို့လည်း NUG ထောက်ခံနေသူတွေမကြာခဏ တောင်းဆိုနေတဲ့အပြင် ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက်ကလည်း ဗိုလ်နဂါးရဲ့ BNRA တပ်နဲ့ NUG နဲ့ ယင်းမာပင်ခရိုင်တပ်ရင်း (၃) က PDF တွေ စကားများပြီး BNRA တပ်သားတွေပစ်သတ်လို့ ယင်းမာပင်ခရိုင်တပ်ရင်း (၃) က ၁၉ နှစ်သား PDF မင်းထက်နိုင် သေခဲ့ရပါသေးတယ်။

