၈ . ၁၂. ၂၀၂၃
Written by Thettant

“National Costume မှာ နတ်တွေဝင်ပူးကြတော့ အသက်ရှုရပ်တဲ့သူကရပ်၊ မေ့တဲ့သူကမေ့ အဲဒီမှာ နှုတ်ခမ်းထဲ လေတွေမှုတ်ထည့်ရတာ သူတို့ နှုတ်ခမ်းနီတွေတောင် ကိုယ့်စီပေကုန်ပြီ”လို့ သရုပ်ဆောင် ကျော်ကျော်နန္ဒက TikTok မှာ ပြောပါတယ်။

မနေ့ ညက ရန်ကုန်မြို တာမွေမြိုနယ်ရှိ Sky Star Hotel, Hexagon Complex မှာ ကျင်းပခဲ့တဲ့ ကျင်းပခဲ့တဲ့ Miss Grand Myanmar 2024 ရဲ့ National Costume ကို Miss Grand Yangon West အလှမယ် ဝင်းသော်တာအောင်က အမေ နံကရိုင်းမယ်တော် ဝတ်စုံနဲ့ ပြိုင်ပွဲဝင်ခဲ့ရာ ပရိသတ်တွေ စိတ်ဝင်စားမှု မြင့်တက်ခဲ့တာလည်းဖြစ်သလို ကခုန်နေစဉ်မှာကို အမေနံကရိုင်းမယ်တော် ဝင်ရောက်ပူးကပ်ခဲ့တယ်လို့လည်း သတင်းတွေ ဖော်ပြခဲ့ပါတယ်။

This image has an empty alt attribute; its file name is photo_2023-12-08_14-01-35-1024x745.jpg

အလှမယ်ဝင်းသော်တာအောင်ကို အမေနံကရိုင်းမယ်တော်က ဝင်ပူးတယ်ဆိုတဲ့ဖြစ်စဉ်အပြီးမှာ တခြားအလှမယ်တွေလည်း ဝင်ရောက်ပူးကပ်ခံရတာကြောင့် သတိလစ်သူ၊ အကြောက်လွန်သူတွေရှိခဲ့တဲ့အပြင် ဒီနေ့မနက်မှာလည်း ကန်တော့ပွဲပေးတောင်းပန်မှုပြုနေချိန်မှာကို ထပ်မံပူးကပ်ခံခဲ့ရသေးတယ်လို့လည်း ကြားသိရပါတယ်။

“ကိုယ့်ဘဝမှာ ယနေ့အဖြစ်ပျက်လေးတစ်ခုကြောင့် Miss တစ်ယောက် နှုတ်ခမ်းကို ကျန်းမာရေး ဗဟုသုတ အမြင်နဲ့ နှုတ်ခမ်းထဲကနေ လေမှုတ် အောက်ဆီဂျင်ရအောင် ပြုစုပြီး အသက်ကယ်ခဲ့ဘူးတဲ့ ကုသိုလ်ကြောင့် အားလုံး 8/9/10 ရက်ပွဲပြီးထိတိုင် ဆက်လက်အောင်မြင်စွာ ကျင်းပနိုင်ပါစေ”လို့လည်း ကျော်ကျော်နန္ဒက လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *