၃. ၁၂. ၂၀၂၃

Written by Nay Moe

စစ်တပ်သတင်းပေးလို့စွပ်စွဲပြီး အသက် ၅၃ နှစ်အရွယ် အမျိုးသားတစ်ဦးကို KNU/KNLA လက်အောက်ခံ HRS မြို့ပြပြောက်ကျားအဖွဲ့က သ-ဖြ-လိုက်ပါတယ်။

ဒီဖြစ်စဥ်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ကလည်း နိုဝင်ဘာ ၃၀ ရက် နံနက် ၉ နာရီခွဲမှာ မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့သစ်၊ ကျိုက္ကော်ရပ်ကွက်နေ ဦးသန်းနိုင် (၅၃)နှစ်ဟာ သူ့​ဇနီးနဲ့အတူ အဆိုပါရပ်ကွက် တိုင်ကောက်လမ်းဆုံရှိ မုန့်ဟင်းခါးဆိုင်မှာ မုန့်စားနေချိန် PDF နှစ်ဦး (စိစစ်ဆဲ)က ဆိုင်ကယ်တစ်စီးနဲ့​ရောက်ရှိလာပြီး ဦးသန်းနိုင်ကို သေနတ်နဲ့ပစ်ခတ် ထွက်ပြေးသွားခဲ့လို့ ယာဘက်ပခုံးနဲ့ ရင်ဘတ်မှာ ကျည်ထိမှန်ဒဏ်ရာ နှစ်ချက်ရရှိခဲ့လို့ သိမ်ဆိပ်တိုက်နယ်ဆေးရုံမှာ တက်ရောက်ဆေးကုသမှုခံယူနေချိန် သေဆုံးခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ဒီသ-ဖြ-မှုနဲ့ပတ်သက်ပြီး KNU/KNLA တပ်မဟာ ၁၊ တပ်ရင်း ၂၊ တပ်ခွဲ ၃ လက်အောက်ခံ HRS မြို့ပြပြောက်ကျားအဖွဲ့က ဦးသန်းနိုင်ဟာ စစ်ရေးကိစ္စတွေအတွက် အရေးပါတဲ့ စရဖတပ်သတင်းပေးမို့လို့ ဦးသန်းနိုင်ကို ကျည် ၅ တောင့်နဲ့ ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

နွေဦးတော်လှန်ရေးစတင်ချိန်ကနေ အခုနှစ်နိုဝင်ဘာလဆန်းအထိ ကလေးသူငယ် ၂၃၀ ကျော်အပါအဝင် သံဃာတော်တွေ၊ နိုင်ငံဝန်ထမ်းတွေ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ၊ ဆရာဆရာမနဲ့ကျောင်းသားကျောင်းသူတွေ စတဲ့ ပြည်သူ ၆၇၀၀ ကျော်ဟာ “ဒလန်၊ သူလျှို၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ NLD, NUG, PDF နဲ့ EAOs တို့ သ-ဖြ-မှုခံထားရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *