၁၀. ၁၀. ၂၀၂၃
Written by Peya

ရေကြီးနစ်မြုပ်ဒဏ်ခံနေရသည့် ပဲခူး အပါအဝင် တိုင်းဒေသကြီး ၃ ခုတွင် အချိန်မရွေး မိုးသည်းထန်နိုင်ကြောင်း မိုးလေဝသ ခန့်မှန်းပြောကြားမှုများ အွန်လိုင်းထက်တွင် ပြုလုပ်ပေးနေသည့် ဦးဝင်းနိုင်က ၎င်း၏ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ် စာမျက်နှာထက်တွင် မျှဝေ အသိပေးထားကြောင်း တွေ့မြင်ရသည်။

လက်ရှိ ရေကြီးမှုဒဏ်ကို ခံစားနေရသည့် ပဲခူးမြို့တွင် တာဝန်ရှိသူများနှင့် လူမှုကူညီရေး အသင်းများက ပံ့ပိုးကူညီမှုများ ပြုလုပ်နေကြကာ ရေဘေးသင့် ပြည်သူများကလည်း တိမ်းရှောင်မှုများ ပြုလုပ်နေကြရသည်။

This image has an empty alt attribute; its file name is photo_2023-10-10_11-47-03.jpg

“အောက်တိုဘာလ ၁၀ ရက် နံနက် ၁၀ နာရီ Update မှာ ၂၄ နာရီအတွင်း ဘားအံ၊ ဖာပွန်၊ သရက်မြို့တွေမှာလည်း မိုးများနိုင်မဲ့ အခြေအနေတွေ တွေ့နေရပါတယ်။ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းနဲ့ ပဲခူးတိုင်းပေါ်က တိမ်တိုက်ကြီးကလဲ ဆက်ပြီးရှိနေတုန်းပါဘဲ။ အဲ့ဒီဒေသတွေမှာ အချိန်မရွေး မိုးသည်းထန်နိုင်ပါသေးတယ်” ဟု ဦးဝင်းနိုင်က ထုတ်ဖော်ရေးသားထားသည်။

ထို့အတူ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်ကျား၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ကယားပြည်နယ်တို့ တွင် နေရာကျဲကျဲ၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကာ ရွာရန်ရာနှုန်းပြည့် ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။

This image has an empty alt attribute; its file name is photo_2023-10-10_11-47-06.jpg

ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားနည်းနေကာ မုတ်သုံ လေဖိအားနည်းမြောင်တန်းသည် မြန်မာနိုင်ငံ၊ မြစ်ဝကျွန်းပေါ်နှင့် မုတ္တမကွေ့ဒေသများမှ ဖြတ်သန်းလျက်ရှိကြောင်းလည်း အသိပေးထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *