KIA/KIO ဌာနချုပ်ရှိရာ လိုင်ဇာသို့ တပ်မတော်မှ တိုက်ခိုက်ခဲ့ခြင်းမရှိကြောင်းနှင့် ၎င်းတို့ သိုလှောင်ထားသည့် ဒရုန်းဗုံးများ ပေါက်ကွဲမှုကြောင့်သာ ပေါက်ကွဲမှုဖြစ်ခဲ့ခြင်းဟု သုံးသပ်ရကြောင်း SAC ပြောရေးဆိုခွင့်ရှိသူ ပြန်ဖြေရှင်း

၁၀. ၁၀. ၂၀၂၃
Written Zaw Moe

KIA/KIO ဌာနချုပ်ရှိရာ လိုင်ဇာသို့ တပ်မတော်မှ တိုက်ခိုက်ခဲ့ခြင်းမရှိကြောင်းနှင့် ပေါက်ကွဲမှုဖြစ်ပွားရခြင်းမှာ ၎င်းတို့ သိုလှောင်ထားသည့် ဒရုန်းဗုံးများ ပေါက်ကွဲမှုကြောင့်ဖြစ်ကြောင်း သုံးသပ်ရပြီး မြေပြင်အခြေအနေများကို စုံစမ်းစစ်ဆေးလျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

“ကျွန်တော်တို့အနေနဲ့လည်း စုံစမ်းနေဆဲဖြစ်ပါတယ်။ တစ်ခုက ကျွန်တော်တို့အနေနဲ့က နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးကို အမြဲတမ်းထိန်းသိမ်းဆောင်ရွက်လျက်ရှိတယ်။ ဒီနယ်စပ်ဒေသနဲ့နီးတဲ့နေရာမှာ ညသန်းခေါင်အချိန်လောက်ကြီးမှာ ဗုံးကြဲတိုက်ခိုက်တယ်လို့ လက်နက်ကြီးနဲ့ ပစ်ခတ်တယ်တို့ဆိုတာ ဖြစ်နိုင်သလားဆိုတာ စဉ်းစားစေချင်ပါတယ်။ ကျွန်တော်တို့ ပြောခဲ့ပြီးဖြစ်တယ်။ တပ်မတော်အနေနဲ့ကတော့ မည်သည့်ဌာနချုပ်မဆို လက်နက်ကိုင်သောင်းကျန်းနေတဲ့ မည်သည့်ဌာနချုပ်မဆို ကျွန်တော်တို့ ပစ်ခတ်နိုင်တယ်။ တိုက်ခိုက်နိုင်တယ်။ သို့သော် ကျွန်တော်တို့ ပစ်ခတ်တိုက်ခိုက်မှုမရှိခဲ့ဘူးဆိုတာကို ကျွန်တော်တို့ ပြောပြီးဖြစ်ပါတယ်။ အဲဒီမှာလည်း သတင်းအမျိုးမျိုး ပြောကြတာပေါ့လေ။ အဲဒီအဖွဲ့အစည်းကိုယ်တိုင်ကိုက သတင်းအမျိုးမျိုးပြောနေတာရှိတယ်။ စစ်တပ်က လေယာဉ်နဲ့ ပစ်ခတ်တယ်။ တပ်မတော်က လေယာဉ်နဲ့ပစ်ခတ်တယ်။ တချို့ကလည်း လက်နက်ကြီးနဲ့ပစ်ခတ်တယ်ဆိုတာမျိုး ဒါမတိမကျ မရေမရာပြောနေတာမျိုးရှိတယ်။ ကျွန်တော် အတိအကျပြောနိုင်တာတစ်ခုကတော့ အဲဒီနေရာ အခုပေါက်ကွဲမှုဖြစ်ခဲ့သည့်နေရာသည် KIA အနေနဲ့ UAV တွေသုံးပြီးတော့ မောင်းသူမဲ့လေယာဉ်တွေသုံးပြီးတော့ တပ်မတော်စခန်းတွေကို ဒရုန်းဗုံးလာချတဲ့နေရာ စစ်ကြောင်းတွေပေါ်မှာ ဒရုန်းဗုံးလာချတဲ့နေရာဖြစ်တယ်။ ဒါကြောင့်မို့ ဒီမှာပေါက်ကွဲမှုတစ်ခုဖြစ်ခဲ့တယ်။ ဒီပေါက်ကွဲမှုသည် ဘာကြောင့်ဖြစ်တယ်ဆိုတာကတော့ ကျွန်တော်တို့ စုံစမ်းနေဆဲပဲဖြစ်တယ်။ ယခင်တုန်းကလည်းပဲ လိုင်ဇာအနီးမှာ ဒါ KIA ရဲ့ လက်နက်ခဲယမ်းသိုလှောင်ရုံတစ်ခု ပေါက်ကွဲခဲ့တယ်။ သူတို့အနေနဲ့ သတင်းဖုံးကွယ်ပြီး လုပ်ခဲ့တာမျိုးရှိတယ်. အခုလည်း ဒီကျွန်တော်တို့ ဒရုန်းဗုံးတွေသိုလှောင်တဲ့ဟာ နေရာပေါက်ကွဲတာဖြစ်နိုင်တယ်လို့ သုံးသပ်တယ်မြေပြင်သတင်းကိုတော့ စုံစမ်းနေဆဲဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

This image has an empty alt attribute; its file name is photo_2023-10-10_12-26-48-1024x472.jpg

အောက်တိုဘာ ၉ ရက် ည ၁၁ နာရီကျော်အချိန်တွင် စစ်တပ်က လက်နက်ကြီးများဖြင့် စတင်ပစ်ခတ်ခဲ့ကြောင်းနှင့် အောက်တိုဘာလ ၁၀ နံနက် ၁ နာရီတွင် လိုင်ဇာရှိ အရပ်သားပြည်သူများနှင့် စစ်ဘေးရှောင် ပြည်သူများနေထိုင်ရာ မုန်လိုင်ခက် စစ်ဘေးရှောင်စခန်းသို့ ကျရောက်ပြီး ကလေးငယ် ၁၃ ဦး အမျိုးသမီးများအပါအဝင် ပြည်သူ ၃၂ ဦး သေဆုံးကြောင်း ဒဏ်ရာရရှိသူများလည်း ရှိကြောင်း သတင်းများထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

အဆိုပါသတင်းများ ထွက်ပေါ်လာမှုနှင့်ပတ်သက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့သို့ ဆက်သွယ်မေးမြန်းမှုများအပေါ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက တိုက်ခိုက်မှုမရှိကြောင်း ငြင်းဆိုခဲ့သလို Nhkum Naw Seng အကောင့်ပိုင်ရှင်ကလည်း ကချင်ဘာသာစကားဖြင့် “Ngai tsun da ai le.Anhte hpyen yen nta ni makau de sa wa nna hpyen sharin jawng hpaw nga ai gaw aten mi hta anhte mare masha ni ruyet jam jau hkrum sha wa na hpe ngai tsun da ai le.Shanhte makoi da ai Yam(Wan Yam) ni nga ai shara de ma ni sa n-ginsup na matu tsun da ai le.Ya na zawn Yam ni kapaw ai hpe kadai wa lit la ya na le.Yu le hpun ni,modaw ni yawng lawm mat sai.Hpa mung nnga ai.Bungli galaw na matu nnga mat sai.Wan hkru ai majaw yawng masai.Bawlung pa nhkun a matu Bat-Ho modaw ni mung hten mat sai.Yam ni hpe anhte shara makau na makoi da ai majaw yawng masai.mana yawng si mat sai.” ဟု ရေးသားထားပြီး ထိုစာကို မြန်မာဘာသာပြန်သူများကလည်း KIO/ KIA တို့က မုန်လိုင်ခက်စခန်းအနီး စစ်သင်တန်းလာဖွင့်၍ မဖွင့်ရန် ပြောရကြောင်း၊ ထိုသင်တန်းနေရာမှ ခဲယမ်းများထားရှိ၍ ကလေးငယ်များ သွား၍မဆော့ရန် ထိန်းရကြောင်းရေးသားထားသလို ထိုသင်တန်းမှ ခဲယမ်းများပေါက်ကွဲမှု မည်သူတာဝန်ယူမည်ဆိုသည်နှင့် KIO/ KIA တို့ မုန်လိုင်ခက်စစ်ရှောင်စခန်းအနီး ခဲယမ်းသိုလှောင်ထားမှုများ ပေါက်ကွဲ၍ သစ်ပင်များ၊ ကားများ၊ ဘောလုံးကွင်းလုပ်မည့်ဘက်ဟိုးများ အားလုံးပါသွားသလို ထိုသို့ယမ်းများကို ဒုက္ခသည်စခန်းနားပုံထားသည့်အတွက် အားလုံးသေကုန်ကြောင်း ရေးသားထားမှုဖြစ်သည်ဟု ရေးသားထားခြင်းဖြစ်ကြောင်း လူမှုကွန်ရက်တွင် ပျံ့နှံနေသည်။

This image has an empty alt attribute; its file name is photo_2023-10-10_12-26-51-1024x551.jpg

ထိုနည်းတူ KIO/KIA ပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူကလည်း ထိုတိုက်ခိုက်မှုမှာ ဒရုန်းဖြင့်တိုက်ခိုက်မှုဖြစ်နိုင်ကြောင်း RFA ကို ပြောထားပြီး လက်ရှိ နွေဦးတော်လှန်ရေးကာလတွင်မူ ဒရုန်းဖြင့် Drop Bomb ချခြင်းမှာ PDF နှင့် EAOs များ အဓိကအသုံးပြုသောလေကြောင်းတိုက်ခိုက်မှုတစ်ခုဖြစ်ပြီး ပြီးခဲ့သော စက်တင်ဘာ ၃ ရက်ကလည်း မြဝတီမြို့ထွေအုပ်ရုံးကိူ Federal Wing PDF က ဒရုန်းဖြင့် ဗုံးကြဲ၍ အဆောက်အအုံကြီးစွာပျက်စီးသည့်အပြင် မြဝတီခရိုင်အုပ်ချုပ်ရေးမှူးဦးစိုးတင့်၊ ယာဥ်ထိန်းဒုရဲမှူးနေလင်းစိုးအပါအဝင် နိုင်ငံ့ဝန်ထမ်း ၅ ဦးသေဆုံးကာ ၁၁ ဦးဒဏ်ရာရရှိခဲ့သဖြင့် NUG ကပင် ထိုသို့ ဒရုန်းဖြင့် ထိရောက်အောင်တိုက်ခိုက်ပြနိုင်၍ဆိုကာ Federal Wing PDF အဖွဲ့ကို ကျပ် သိန်း ၁၀၀ ဆုချခဲ့သေးသည်။

Leave a Reply

Your email address will not be published. Required fields are marked *