၃၀. ၉. ၂၀၂၃
Written by Tha Doe

တရုတ်နိုင်ငံမှာ ကျင်းပနေတဲ့ ၁၉ ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲရဲ့ ဒီနေ့ စက်တင်ဘာလ ၃၀ မနက်ပိုင်းအထိ ဆုတံဆိပ်ရရှိမှု နိုင်ငံအလိုက် ရပ်တည်ဇယားဖြစ်ပါတယ်။

အိမ်ရှင်တရုတ်က ရွှေ ၁၀၆ ခု ဆုတံဆိပ်ရရှိမှုပေါင်း ၂၀၄ ခုနဲ့ ဆုတံဆိပ်ဇယားကို ထိပ်ဆုံးက ဦးဆောင်နေပြီး ဂျပန်က ရွှေ ၂၈ ခု စုစုပေါင်း ဆုတံဆိပ် ၁၀၀ နဲ့ဒုတိယနေရာ၊ တောင်ကိုရီးယားက ရွှေ ၂၇ ခု စုစုပေါင်းဆုတံဆိပ် ၁၀၆ ခုနဲ့ တတိယ၊ အိန္ဒိယနိုင်ငံက ရွှေ ၈ ခု စုစုပေါင်း ဆုတံဆိပ် ၃၄ ခုနဲ့ စတုတ္ထနေရာရပ်တည်နေပြီး အာဆီယံထဲက ထိုင်းကတော့ ရွှေ ၈ ခု ဆုတံဆိပ်ပေါင်း ၂၀ နဲ့ ထိပ်ဆုံးငါးသင်းဝင်ခဲ့ပါတယ်။

တစ်ချိန်က မြန်မာထက်နိမ့်ပါးခဲ့တဲ့ လာအိုတောင်မှ ကြေး ၂ ခုရထားပြီး အဆင့် ၃၀ မှာ ရပ်တည်နေပေမဲ့ မြန်မာအသင်းကတော့ အခုအချိန်အထိ ဘာဆုတံဆိပ်မှမရသေးသလို ဘဝတူတွေအဖြစ်တော့ ကမ္ဘောဒီးယားနဲ့ အရှေ့တီမောတို့ ရှိနေတာ တွေ့ရပါတယ်။

၁၉ ကြိမ်မြောက် အာရှအားကစားပွဲတော်ကို အာရှအိုလံပစ်ကော်မတီဝင် ၄၅ နိုင်ငံဝင်ရောက်ယှဥ်ပြိုင်နေတာဖြစ်ပြီး လက်ရှိအချိန်အထိ ၃၅ နိုင်ငံဟာ အနည်းဆုံးကြေးဆုတစ်ဆုရရှိထားပြီး မြန်မာလို ဘာဆုမှမရသေးတဲ့နိုင်ငံကလည်း ၁၀ နိုင်ငံရှိနေပါတယ်။

စက်တင်ဘာ ၂၃ ရက်ကနေ အောက်တိုဘာ ၈ ရက်အထိကျင်းပမဲ့ အာရှအားကစားပြိုင်ပွဲမှာ မြန်မာအားကစားအဖွဲ့ဟာ အမျိုးသား ဘောလုံး/ အမျိုးသမီးဘောလုံး၊ ဝူရှူး၊ တိုက်ကွမ်ဒို၊ လှေလှော်၊ E-Sports၊ မြားပစ်နဲ့ ပိုက်ကျော်ခြင်း အားကစားနည်း ၇ မျိုး ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *